ဆာလံကျမ်း ၅၅

ဆာ ၅၅ သင့်ဝန်ထုတ်ကိုချထားလော့

          အဟိသောဖိလသည်ဒါဝိတ်၏လူယုံတော်သစ္စာရှင်ထဲတွင် တပါးဖြစ်ခဲ့သည်။ နောက်တွင်မူ အဗရှလုံလက်ထဲသို့ပါသွားသည်။ ဤဆာလံကျမ်းတွင် ဒါဝိတ်စိတ်ဓာတ်ကျဆင်းနာကျင်ပုံ ရေးစပ်ထားသည်။ ထို့ကဲ့သို့ပင်ယုဒရှကာယုတ်က သခင်ယေရှုကို သစ္စာဖောက်သောအခါ အဘယ်မျှနာကျင် နေမည်ကို မျှဝေခံစားနိုင်သည်။ ဤဆာလံကျမ်းဆုတောင်းစကားသည် ရောက်လာမည့် အန္တီခရစ်လက်အောက်၌ ရွေးနှုတ်ခံလူနည်းစုတို့၏ ဝေဒနာအတိတ်စိမ်းဖြစ်သည်။

၅၅: သောကထွေပြားများပြားသော်လည်းဘုရားသခင်ကို အားကိုးရမည့်အကြောင်းမ မေ့။ ဘုရားသခင်ထံသို့ဆုတောင်းရကောင်းမှန်းသိသည်။ ဆုတောင်းနိုင်သေးသည်။ အကောင်းမြင် ဝါဒဖြင့်ပြောလျှင် နားညောင်းတော်မူပါဟုဆိုသည်။ အငြင်းဝါကျဖြင့်ဆိုလျှင် ကိုယ်တော်ဘုရားရှောင် ပုန်းမနေပါနှင့်ဟု အနက်ရသည်။ ပရိတ်သတ်များအား “ဒီမှ” ဟုသတိပေး “နားထောင်ကြပါ” ဟုဆိုသည်။

၅၅:၂ခ ထို့နောက်သူ့ခံစားချက်များကို တစ်ခုပြီးတစ်ခုရင်ဖွင့်သည်။

ဂဏှာမငြိမ်။ မတရားညှဉ်းဆဲကြသဖြင့် ညှိုးငယ်နေရသည်။

ရန်သူများ၏ ဖိစီးသံကနှိပ်စက်နေသည်။

မတရားသူများက နှိပ်ကွက်ကြသည်။

ဘေးဒုက္ခ ပုံအောက်သို့သဂြိုဟ်ကြသည်။

မနားတမ်းဒလစပ်တိုက်ခိုက်ကြသည်။

နှလုံးကြွေပြုန်းလုလုနာကျင်သည်။

ကံကြမ္မာဆိုးတိမ်မှိုင်းညိုအုပ်စိုးနေသည်။

ထိန်းမနိုင်သိမ်းမနိုင် တုန်လှုပ်နေသည်။

          အလွန်ထိတ်လန့်ကြောက်ရွံ့ပါ၏။

၅၅: ပထမဆုံးလျှောက်လဲချက်မှာ ထိုဆင်းရဲဒုက္ခတောမှ ဝေးရာသို့ပျံသန်းလိုပါ၏။ တောင်းပန်သာရှိလျှင် လွတ်ရာကျွတ်ရာကန္တာရတောသို့ပျံသန်းမည်။ ထိုဒုက္ခနွံတောထဲမှရုန်းထွက် ရန်အချိန်ဖြုန်း၍ရုန်းကန်မနေချင်။ ယခုချက်ခြင်းထွက်ခွာသွားချင်သည်။

၅၅: ယခုမူကားဘေးပတ်လည်တွင် ဒုက္ခမီးပုံတောက်လောင်နေပါသည်။ လောင်ကျွမ်းလု မတတ်မီးဟတ်နေရသောကြောင့် ဘုရားသခင်အားအော်မြည်တမ်းတနေရသည်။ ရန်သူများအကြံ မမြောက်အောင်ဖျက်ဆီးတော်မူပါ။ အချင်းချင်းစကားနားမလည်အောင် လုပ်ပေးတော်မူပါ။ ထိုကျမ်းစကားသည် ၂ရာ၁၅:၃၁ပါအဟိသောဖိလ၏အကြံပေးချက်အား အသုံးမဝင်အချည်းနှီးဖြစ် ပါစေဟူသောစကားပြေဆုတောင်းချက်ဖြစ်သည်။

၅၅:၉ခ၁၁ ယေရှဲ၏သားဒါဝိဒ်သည်ယေရုရှလင်မြို့အားလှမ်းကြည့်သောအခါ အနိုင်အထက် ပြုခြင်း၊လုယူခြင်း အစရှိသည့်ဉပဒေမဲ့လုပ်ဆောင်မှုများတွေ့နေရသည် ။မြို့ရိုးပေါ်မှာလည်း နေ့နေ့ညဉ့်ညဉ့် မကောင်းသောစကားဝိုင်းဖွဲ့နေကြပါသည်။ တချိန်ကငြိမ်သက်ချမ်းမြေ့သောမြို့တော် သည်ယခုအခါလိမ်လည်လှည့်ဖျားမှုဖြင့် ဒုစရိုက်သောင်းကျန်းနေပါသည်။ မြို့ပြစျေးလယ်ခေါင်တွင် လည်းမတရားနှိပ်စက်မှုနှင့်လိမ်လည်မှုရောပြွမ်းနေသည်။ လောကပါလတရားများပျောက်ဆုံးနေ ပါသည်။

၅၅:၁၂၁၅ အထူးသဖြင့် ဒါဝိဒ်၏ရင်ထဲတွင်လူယုံတော်၏သစ္စာဖောက်မှုဗလောင်ဆူနေ သည်။ သူ့ကိုမကောင်းကြံစည်သူသည် ရန်သူဖြစ်လျှင်ခံသာပါသည်။ ကလဲ့စားချေလိုသည်ဆိုလျှင် လည်း ခံနိုင်ပါသည်။ ယခုမူထို့သို့သောရန်သူမဟုတ်။ ဒါဝိဒ်ပေးသောထမင်းကိုစား၊ ဒါဝိဒ်ပေးသော ရကိုသောက်သုံးခဲ့သည့်လူယုံတော်က သစ္စာဖောက်၍ဒါဝိဒ်နောက်ကျောကို ဓားထိုးလေပြီ။ ဒါဝိဒ်ကမူ နန်းတော်ထဲတွင်အတူတူစိုးစံ၍ ယဇ်ပလ္လင်တွင်အတူတူသွားခဲ့သူဟုဆိုသည်။ မသေခင်ပုပ်စောနံ သည်။ ထိုသစ္စာဖောက်ကိုအရှင်လတ်လတ် မရဏာနိုင်ငံသို့ရောက်စေဟု ဒါဝိဒ်ဆိုသည်။ အဘယ်သို့ ဆိုသော်မရဏာနိုင်ငံသည် မတော်မတရားသူများအတွက်ဖြစ်သည်။ “Sheolသည်မတော်မတရားသူ များ၏ဘူမိနက်သန်စိတ်တည်ရာအရပ်”(Gelineau)။

၅၅:၁၆၂၁ ဒါဝိဒ်၏ခံစားချက်အမှောင်ခန်းထဲတွင် ကျဉ်းကြပ်နေသော်လည်းသူ့ဆုတောင်း ချက်ကိုဘုရားသခင်ကအဖြေပေးမည်ဟု တထစ်ချယုံကြည်သည်။ နံနက်ယံ၊ နေ့လယ်ယံ၊ ညနေယံ အချိန်ကာလတလျှောက်စုဆောင်းပါသည်။ ရန်သူအင်အားများပြားသော်လည်း ရန်သူကိုအနိုင်ပိုင်း နိုင်မည်ဟုယုံကြည်ကြသည်။ မှန်ပါသည်။ ဘုရားသခင်ကဒါဝိဒ်၏ဆုတောင်းသံကြားတော်မူ၍ ရန်သူများကို ရှုံးစေပါသည်။ ဒါဝိဒ်အားအောင်ခြင်းသရဖူဆောင်းစေပါသည်။ ကိုယ်တော်ကိုယုံကြည် အားကိုးသူများသည်ဘယ်သောအခါ လျစ်လျှူမရှုသည့်အကြောင်းတည်း။ နောင်တမရဘဲဘုရား သခင်ကိုမကြောက်သူများသည်အဆုံးတွင် ပျက်စီးခြင်းတွင်းသို့ရောက်ရစမြဲ။ ထိုသူများ၏စကား သည် ထောပတ်ထက်ချောသော်လည်းရန်စကားဆိုတတ်၏။ ဆီထက်ပျော့သော်လည်း ဓါးသွားကဲ့သို့ ထက်၏။

၅၅:၂၂ ဤကျမ်းချက်သည် ဆာ ၅၅၏ရွှေကျမ်းပိုဒ်ဖြစ်သည်။

ထမ်းရွက်ရသောဝန်ကိုထာဝရဘုရား၌ ချထားလော့။

          သင့်ကိုမစတော်မူမည်။

          ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မူရာ

          ဆာလံဆရာကသူသည် ဒုက္ခပင်လယ်ဝေနေသော်လည်းထွက်ပြေးတိမ်းရှောင်မည်မဟုတ်။ ဘုရားသင်ထံတော်သို့ချထားမည်ဟု ခံယူသည်။ ထိုအကြောင်းနှင့်ပတ်သက်၍ ဘုန်းတော်ကြီး Horne က “အကျွန်ုပ်တို့၏ဝန်ထုပ်ဝန်ပိုးကြီးနှင့်ကြေကွဲဝမ်းနည်းမှုကြီးကို သယ်ဆောင်ပေးသွား သော်မဖြစ်စလောက်အထုပ်ငယ်ကလေးများကို သယ်ပေးဖို့ဝန်မလေး” ဟုဆိုသည်။

၅၅:၂၃ လူသတ်သမားများနှင့်မသမာလိမ်လည်လှည့်စားသူများသည် သက်ဆိုင်းမရှည်ကြ။ အချိန်မတိုင်မီသေဆုံးကြသည်။ အဟိသောဖိလ (၂ရာ၁၇:၁၄-၂၃)ယုဒရှင်ကာရုတ် (မ ၂၇:၅)။ ဘုရားသခင်ကိုမှီခိုသူများမူကား ဘေးဒုက္ခရောက်၍ဆုတောင်းသောအခါဘုရားရှင်ကကူညီမစသည်။

Previous Article
Next Article