ဆာလံကျမ်း ၅၈

ဆာ၅၈ တရားသူကြီးတို့တရားစီရင်ပြီ

          ၅၈: ဆာလံဆရာတရားမျှတမှုကင်းမဲ့စွာစီရင်တတ်သော အုပ်စိုးသူများနှင့်တရားသူကြီး များကို သတိပေးဆုံးမသည်။ လူ့လောကအုပ်စိုးသူများသည် စိတ်ထင်သည့်အတိုင်းစီရင်အုပ်ချုပ်ကြ သည်။ ထိုသူများ၏ဆုံးဖြတ်ချက်များသည် တရားမျှတပါသလား။ လူအများ၏သဘောဆန္ဒနှင့် လိုက်လျှောညီထွေကိုက်ညီပါသလား။ မကိုက်ညီကြပါ။ သူတို့စိတ်နှလုံးထဲတွင်ငါတကောကော နေကြသည် ။စိတ်ထင်သည့်အတိုင်းလက်ပါကြသည် ။ရက်စက်ကြသည်။ ရုန်းရင်းဆန်ခတ်မှုဖန်တီး ကြသည်။ မြေတပြင်လုံးတွင်တရားမျှတမှု ရှိပါစေလေ။

၅၈: မရိုးသားမှုနှင့်မဖြောင့်မတ်သောအုပ်စိုးခြင်းက လူဆိုးလူသွမ်းများမွေးထုတ်ပါသည်။ ထိုသို့မောက်မာကြမ်းတမ်းခြင်းသည် ဘဝပေးအခြေအနေအရမဟုတ်။ ငယ်မွေးခြံပေါက်အကျင့်ဗီဇ ဖြစ်သည်။ မွေးကတည်းကစည်းကမ်းမဲ့ခြင်းကိုနှစ်သက်သည်။ စကားပြောသည့်အခါမိုက်ရိုင်းလာ၍ ကြီးလာသောအခါမုသားစကားဆိုလာကြသည်။

၅၈: ထိုသူတို့ပြောသောစကားသည်မြွေအဆိပ်ကဲ့သို့ဖြစ်၏။ သူတပါးဆောက်တည်စရာ စကားမပြော။ နားပင်းသောမြွေကဲ့သို့ သူများစကားကိုလည်းနားမထောင်။ ငါ့စကားနွားရဟု တဘက်သတ်ပြောချင်ရာပြောကြသည် ။ဘုရားစကားတော်ကိုလည်းနားမထောင်။ မြွေအလိမ္မာကဲ့ သို့သောမန္တရားစကားကိုလည်း နားထောင်ရကောင်းမှန်းမသိ။

၅၈: ဒါဝိဒ်မင်းကထိုသူများအားလူ့သဘောသဘာဝနှင့် ကိုက်ညီအောင်လိမ္မာယဉ်ကျေးဖို့ တောင်းဆိုထားသည်။  ခြေင်္သေ့တို့၏အစွယ်သွားများကိုချိုးတော်မူပါ။ အံဆွယ်များကိုကျိုးစေတော် မူပါ။ တောင်ကျချောင်းရေများလျင်မြန်စွာ စီးဆင်းပျောက်ကွယ်သွားသကဲ့သို့ မာန်မာနများအလျင် အမြန်ကွယ်ပျောက်ပါစေ။

အပိုဒ် ၇ခသည်မရှင်းလင်းပါ။ “မြှားသည်မပစ်ခတ်မီကျိုးပြတ်ပါစေ” ဟုဆိုလိုဟန်ရှိသည်။

၅၈: ခရုပတ်ကျိကမ္ဘာရောက်လာပြန်ပြီ။ ပတ်ကျိများသည်သွားပါများလျှင် လုံးပါးပါး၍ ကုန်ဆုံးသွားကြသဖြင့် ရှာမတွေ့ကြရတော့ပါ။ မီးခိုးပျောက်လွှင့်သကဲ့သို့ဟုဆိုလျှင် ပိုမိုသဘော​ ပေါက်လွယ်ကြမည်။ သမ္မာကျမ်းစာအဘယ်ကြောင့်ထိုသို့ရေးသားခဲ့သည်ကို မသိပါ။

နောက်တစ်ခုမှထိုဒုစရိုက်သမားများသည်မွေးရာပါအသေကောင်ကဲ့သို့ ရက်လမစေ့မီလျှော်မွေး ကြပါစေလားဟုဆိုသည်။ Scroggie က “မတရားသောသူများသည်ဘယ်သောအခါမှ လူ့ကျင့်ဝတ် နားမလည်။ ပတ်ဝန်းကျင်ကိုမကြည့်တတ်။ လိုတရသည်ဟုမရှိ။ ဘယ်သောအခါမှကတိမတည်ကျ” ဟုဆိုသည်။

၅၈: ထိုမတရားသောသူများသည် ဆူးခြောက်မီးခိုးကိုလေတိုက်ခတ်သကဲ့သို့ အိုးလည်းမပူ။ မီးလည်းမတောက်မီပျောက်လွှင့်ကြသည်။ ထိုအကြောင်းကို Maclaren ကဤသို့ရှင်း ပြသည်-

ခရီးသည်တသိုက်သည်စခန်းချ၍ဗိုက်ဆာဆာဖြင့်မီးမွှေးချက်ပြုတ်ကြသည်။ ထင်းမီးမရှိ သဖြင့်ရရာဆူးပင်များဖြင့် မီးမွှေးကြသည်။ မီးခိုးကတလူလူထွက်နေသည်။ အိုးကနွေးရုံသာနွေး သည်။ ရေမပွက်သေး။ ဘာမှမချက်ရသေး။ ထိုအခိုက်တွင်လေပြင်းဝှေ့လာသဖြင့် အိုးရောမီပါ လေထဲလွှင့်ပါသွားကြသည်။၄၂

          ၅၈:၁၀၁၁ ဟေဗြဲကျမ်းမူတွင် ဤကျမ်းပိုဒ်သည်အဓိပ္ပါယ်မရှင်းလင်းပါ။ မတရားသောသူ များသည်အရေးယူအပြစ်ဒဏ်ခတ်ခြင်းခံရသည်။ ထိုမတရားသူများ၏သွေးဖြင့် ဘုရားသခင်၏လူ များခြေထောက်ဆေးကြောကြမည်ဟုဆိုလျှင်မမှားယွင်းနိုင်ပါဟု ခံယူပါမည်။ ထိုစကားကိုခရစ်ယာန် များလက်ခံပါက J.G.Bellet ပြောသည့်အတိုင်း မျက်မှောက်ကျေးဇူးတော်ကာလ၌ မပျော်ရွှင်နိုင်ကြ သော်လည်းဘုရားသခင်၏ ကလဲ့စားချေရာနေ့ရက် (ဒုစရိုက်သမားများတရားစီရင်ရာနေ့ရက်) ၌ ယုံကြည်သူများပျော်ရွှင်ဝမ်းမြောက်ကြမည်ဟူသောစကားကို လက်ခံကြပေမည်။ ဆရာကြီး Morgan ကမူ “ဘုရားသခင်၏အမျက်ဒေါသထက် မတရားသူများ၏ကိုယ်ချင်းစာတရားကင်းမဲ့ မူက ကြောက်ခမန်းလိလိဖြစ်သည်”၄၃ဟုဆိုသည်။

၅၈:၁၂ ဘုရားတရားမသိသူများအား ဘုရားသခင်ကတရားစီရင်ဉီးမည်။ ဖြောင့်မတ်သူများ ကဆုတောင်းရရှိကြမည်။ ဘုရားသခင်ကဤကမ္ဘာလောကအား အမှန်တကယ်တရားစီရင်မည်။

Previous Article
Next Article