ဆာလံကျမ်း ၆၄

ဆာ ၆၄ လေးနှင့်မြှားများ

ဆာ ၆၄တွင်လေးသည်တော်နှစ်ယောက်တွေ့ရသည်။ မတရားသောသူနှင့်ဖြောင့်မတ်သောသူ (ငယ် ၁-၆)ဖြစ်သည်။ အဓိကအဖြစ်အပျက်မှာဘုရားသခင်နှင့်လူဆိုးသူယုတ်များအကြား (ငယ် ၇-၁၀)ခြားနားချက်ဖြစ်သည်။

၆၄: ပထမတိုက်ပွဲသည် ကြည့်မကောင်း၊ တဘက်သတ်တိုက်ပွဲဖြစ်သည်။ ဖြောင့်မတ် သောဒါဝိဒ်ကိုလူဆိုးဗီလိန်များက တဘက်သတ်ဝိုင်းရံဖိစီးနေကြသည်။ သူတွင်မြှားတချောင်းမှမရှိ။ ရန်သူတို့မြှားဗူးထဲတွင်မူမြှားအပြည့်။ သို့သော် ဒါဝိဒ်တွင်လျှို့ဝှက်လက်နက်ရှိသည်။ လူ့မျက်စိဖြင့် မမြင်နိုင်သောမိတ်ဆွေကြီးရှိသည် ။ဆုတောင်းခြင်းဖြင့် အချိန်မရွေးလှမ်းခေါ်နိုင်သည်။ ပထမတွင် စိုးရိမ်ခြောက်လန့်စိတ် ဖယ်ရှားပေးရန်နှင့်ရန်သူများ၏ အကောက်ကြံစိတ်ပျက်စီးရန် ဆုတောင်း သည်။ ပြီးလျှင် ရန်သူများ၏သတင်းကိုတင်ပြသည်။ ရန်သူ့လျှာများသည် ဓါးသမျှထက်မြတ်ကြ သည်။ ဘယ်သူမှမသိသောအထင်ဖြင့် မမြင်ကွယ်ရာမှာလျှပ်တပြက် ပစ်ခတ်ကြသည်။ တန်ပြန်တိုက် ခိုက်ခြင်းခံရမှာကိုလည်း ကြောက်ရကောင်းမှန်းမသိ။ ဂမူးရှူးထူးလုပ်တတ်ကြသည် ။သဘောထား ဆုံးဖြတ်ချက်များကိုလည်းမတည်ကြ။ အချိန်မရွေးပြုပြင်ကြသည်။ အပြစ်မဲ့သားများကိုဖျက်ဆီးရန် ဝန်မလေးကြ။ “တထွာတမိုက်သောအကောက်ကြံဖြင့် သူတို့အကျင့်ကိုမည်သူမှမသိဟုအထင်ဖြင့် မာယာထောင်ချောက်ဆင်ကြသည်။

၆၄: ဗီလိန်သမားများအမြင်တွင်ပြုသမျှသည်အမှန်တွေချည်း။ ဖြောင့်မတ်သူများမူကား ကတိစကားတည်ကြသည်။ “သင်တို့ဘက်၌ထာဝရဘုရားသည် စစ်တိုက်လိမ့်မည်” (ထွ ၂၄:၁၄)”။ စစ်မှုသည်သင်တို့တာမဟုတ်။ ဘုရားသခင်၏တာ” (၆ရာ ၂၀:၁၅)။

၆၄: ဒုတိယအချက်တွင် ဘုရားသခင်ကမတရားသူများထံသို့ မြှားပစ်ကြောင်းတွေ့ရသည်။ သူငယ်အိမ်တည့်တည့်သို့ပစ်ထည့်သဖြင့် ရန်သူများသည် ဗိုင်းကနဲလဲကြသည်။ ရန်သူ၏ဆဲဆိုသော စကားလုံးများကို ဆဲဆိုသောပါးစပ်ထဲသို့ပြန်ထည့်ပေးသည်။ သို့ဖြင့် ပရိတ်သတ်များသည်လည်း လန့်ဖြန့်ထွက် ပြေးကုန်သည်။

၆၄:၁၀ ရလာဒ်အဖြေသည် တောမီးပမာပျံ့နှံ့သွားသည်။ စကားတော်သည်လျင်မြန်စွာ ပြန့်ကြဲ၍ဖြောင့်မတ်သူများသည် အောင်ပွဲခံကြသည်။

Previous Article
Next Article