ဆာလံကျမ်း ၇၅

ဆာ ၇၅၊ နာမတော်ချီးမြောက်ခြင်းအကြောင်းရင်း

          ဆာ ၇၄၊ ဆုတောင်းချက်ကို ဆာ ၇၅တွင် အဖြေပေးသည်။ ဘုရားသခင်သည် ထတော်မူ၍ လျှောက်လဲသံများကို (ဆာ ၇၄:၂၂) အဖြေပေးတော်မူပြီ။ ဤဆာလံသီချင်း သည် လူ့လောကသို့သခင်ခရစ်တော်ပြန်လည်ကြွလာ၍ နိုင်ငံတော်တည်ဆောက်အုပ်စိုးမည့် နိမိတ်ပုံရိပ်ဖြစ်သည်။

၇၅: ကယ်တင်ရှင်သခင် ဦးဆောင်၍သူ့လူများက ဘုရားသခင်ကိုချီမွမ်းစကား ဆိုကြသည်။ နီးကပ်စွာရှိတော်မူကြောင်း အံ့သြဘွယ်ရာအမှုလက္ခဏာများဖြင့် အထင်အရှား ပြသသည်။ မိမိလူများကိုရွေးနှုတ်၍ ရန်သူများကိုအပြစ်ဒဏ်ပေးမည်။ အံ့ဘွယ်လက္ခဏာ များဖြင့်ထင်ရှားစေပြီ။

          ၇၅: ချိန်းချက်သောအချိန်ကာလတွေ့ကြုံသောအခါ ဖြောင့်မတ်စွာတရားစီရင်မည် ဟုသခင်ဘုရားက ဆက်ပြောသည် ။ထိုအချိန်အခါအကိုဘုရားရှင်တော်က ပရောဖက်ပြုချက် “မင်းသားမှူးမတ်တို့သည် တရားသဖြင့်စီရင်ကြလိမ့်မည်” (ဟေရှာ ၃၂:၁) အတိုင်းပြည့်စုံ စေမည်။

၇၅: ထိုချိန်းဆိုသောကာလရောက်သောအခါ လူ့အဖွဲ့အစည်းအစိုးရမင်းများ ရွေ့လျားသွား ကြပြီး၊ မဖောက်ပြန်မပျက်စီးနိုင်သော နိုင်ငံတော်သစ်ထူထောင်မည်။ လူ့အဖွဲ့အစည်းများ သည် စိတ်ဓါတ်ရေးရာ၊ အကျင့်စာရိတ္တရေးရာ၊ နိုင်ငံရေးရာများယိုယွင်းပျက်စီးသွားသော် လည်း ဘုရားသခင်၏အုပ်စိုခြင်း မဏ္ဍိုင်သည်ယိမ်းယိုင်ချိနဲ့ခြင်းမရှိပဲ ခိုင်ခံ့နေမည်။

၇၅: လူမိုက်လူသွမ်းများအား “မဆိုးကြနှင့်၊ မရမ်းကားကြနှင့်”ဟု သတိပေးသည်။ လူမိုက်တို့မိမိကိုယ်ကို ဘာထင်ကြသလဲ။ မဝါကြွားနှင့်။ မထောင်လွှားနှင့်။ တနေ့ဘာမှမဖြစ်နိုင်သကဲ့သို့ မနေကြနှင့်။ မိမိကိုယ်ကိုမလှည့်စားကြနှင့်။

          ၇၅: ဂုဏ်သတင်းကြီးမားခြင်းသည် ထိုကဲ့သို့မိမိကိုယ်ကိုချီးမြှောက်ဝါကြွားခြင်းနည်း လမ်းမဟုတ်။ အမှန်တကယ် ဂုဏ်သတင်းကြီးသူသည် အရှေ့အနောက်တောင် အရပ်လေးမျက်နှာမှ လာသည်။ မြောက်အရပ်မပါသည်ကို သတိပြုပါ။ မြောက်အရပ်သည်ကျူးကျော်စော်ကားသူများ ရောက်လာရာအရပ်ဖြစ်သည်။ ချီးမြှောက်ခြင်းထက် စစ်ရေးစစ်ရာစကားဆိုသည်။ တခါတရံမူ ဘုရားသခင်စိုးစံရာဌာနတော် (ဟေရှာ ၁၄:၁၃၊ဆာ ၄၈:၂)အဖြစ်သုံးသည်။ တနည်းအားဖြင့် လူ့နှုတ်ဖျားဖြင့် မြောက်စားခြင်သည်မာန်ဝင့်စရာမဟုတ်။ ဘုရားသခင်၏ချီးမြှောက်ခြင်းကိုသာ ဂုဏ်ယူရသည်။ ကိုယ်တော်သာလျှင် အကြီးမားဆုံးသောအရှင်သခင်၊ ခိုကိုးရာဖြစ်သည်။ ကိုယ်တော် မှတပါး အခြားသောသူ ခိုကိုးရာမရှိ။

:၉က ကိုယ်တော်သည်ကြီးမြတ်တော်မူသည့်အတိုင်း လက်တော်ထဲတွင်ဖလားကိုင်ထား သည်။ ထိုခွက်ဖလားထဲတွင် တရားစီရင်ခြင်း ဝိုင်အရက်ဖြည့်သည်။ အနီရောင်ရှိ၍ အမြှုပ်တစီစီ ဗလောင်ကိုလောင်းချသောအခါ လောကငမိုက်သားများက အငမ်းမရသောက်သုံးကြသည်။

၇၅:၉ခ၁၀  နောက်ဆုံးကျမ်းပိုဒ်(၂)ခုကိုလည်း သခင်ယေရှု၏စကားတော်များဖြစ်သည်။ နောက်ဆုံးကာလတိုင်အောင် ယာကုပ်၏ဘုရားကိုချီးမွမ်းစကားဆိုပါမည်။ မရှိဆင်းရဲသားများကို ချီးမြှောက်တော်မူသော ဘုရားသခင်ကိုချီးမွမ်းမည်။ လူဆိုးလူမိုက်တို့၏ဝါကြွားထောင်လွှားရာ ဦးချို ကိုချိုးပစ်မည်။ ဖြောင့်မတ်သူများ၏တန်ခိုးနှင့်ကျက်သရေမူကားတက်နေဝန်းပမာ တိုးပွားလာမည်။

Previous Article
Next Article