ဆာလံကျမ်း ၇၉

ဆာ ၇၉၊ ထောင်သားများ၏အံကြိတ်သံ

ဆာ ၇၄၏အဖော်သဟာဖြစ်သည်။ ဘုရားသခင်၏နိုင်ငံမြေယာနှင့် ဗိမာန်တော်ဖျက်စီးခြင်း အကြောင်းဖြစ်သည်။ ဗိမာန်တော်ပျက်စီးခြင်းအကြောင်းစိုးစဉ်းမျှသာ ပါရှိသော်လည်း အဓိကမှာ ဘုရားသခင်၏ လူဣသရေလလူများနာကျင်သည့်အကြောင်းဖြစ်သည်။ ဆာလံဆရာက ယုဒလူများ ပြန်လည်နလံထူထောင်မည့် အကြောင်း လျှောက်လဲတင်ပြသည်။

၇၉: ရုပ်တုဆင်းတုကိုးကွယ်သူများသည် ဇာတိရုပ်ပြ၍ ဣသရေလမြေကို ကျူးကျော် တိုက်ခိုက်ကြသည်။ မြို့တော်ယေရုစလင်မြို့ကိုလည်း တံမြက်စည်းလှည်း သန့်စင်ကြသည်။ မသန့်ရှင်း သောခြေထောက်များဖြင့် ဝတ္တမြေပေါ်သို့ တက်ကြသည်။ သာသနိကအထွဋ်အမြတ်အဆောက်အဦးများကို ဖျက်စီးနင်းခြေကြသည်။ တချိန်က အရိပ်တကြည့်ကြည့်ရှိခဲ့သော ရွှေရောင် တ၀င်း၀င်းမြို့ပြကြီးများသည် ပြာပုံထဲမှာ လဲနေပြီ။

၇၉: လူသေကောင်များပြန့်ကျဲနေကြသည်မှာ ချောက်ခြားစရာ။ လေထဲတွင်အပုပ်ကောင်များ ဟောင်စော်နံနေသည်။ ယုဒလူတို့အလောင်းကောင်များသည် မြို့လယ်လမ်းမမှစ၍ လမ်းကြိုလမ်းကြား ရေမြောင်းထဲမကျန်ပုပ်ပွနေကြသည်။ သဂြိုလ်မြေမြှုပ်မည့်သူမရှိ။ လင်းတကောင်များက အလောင်းကိုထိုးစွ စားသောက်ကြသည်။ ယုဒတို့၏သွေးများသည် ယေရုရှလင်မြို့ရိုးပတ်လည်တွင် သွေးချောင်း စီးနေသည်။ ဣသရေလတို့၏အိမ်နီးနားချင်းများအမြင်တွင် ကြည့်မကောင်းရှုမကောင်းသမိုင်းကြောင်း ဆိုးခဲ့သည်။ ရာဇဝင်တွင်ခဲ့သည်။

၇၉: ဘုရားသခင်၏အမျက်ဒေါသ အမှတ်လက္ခဏာဟု နားလည်ရပါသည်။ အိုဘုရားရှင် အဘယ်မျှကာလအထိ အမျက်ချောင်းချောင်းထွက်တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး စိတ်တော်မပြေ မီးကဲ့သို့လောင်ပါမည်နည်း။ တပါးအမျိုးသားများသို့ လက်တုံ့ပြန်ဖို့ အခွင့်အရေး မပေးတော့ဘူးလား။ တပါးအမျိုးသားများသည် ယေဟောဝါဘုရားကို သိကျွမ်းကြသူများမဟုတ်။ နာမတော်ကို မခေါ်ချင်မကြားချင်ကြ။ ယခုအခါဘုရားသခင်၏ လူများအပေါ်သို့ ရက်စက်မှု သရဖူအပေါင်း ဆောင်းကြပြီ။ သူတို့ပိုင်မြေကိုလည်း ပိုင်စိုးပိုင်နင်း ကျူးကျော်ခဲ့ကြပြီ။

၇၉:၁၀ ဖြစ်သမျှအကြောင်း ဇတ်ရှည်လည်အောင် ခင်းပြခဲ့ပြီ။ ဆာလံဆရာက တိုင်းတပါးသား တို့၏ အဓိကဆိုးသွမ်းချက်အကြောင်းရင်းကို တူးဖော်ကြသည်။ ဘိုးဘေးတို့က ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်သည်။ ကရုဏာတော်ကြီးမားသည့်အလျောက် ထိုဘိုးဘေးတို့၏အပြစ်များကို ဘွေမယူ ခွင့်လွှတ်တော်မူပါရန် တောင်းလျှောက်ပါသည်။ ဘုရားရှင်တော်သနားတော်မူပါ။ ယခုအချိန်ထက် ကြီးလေးသောအချိန်အခါမရှိ။ သန်းခေါင်ယံထက် ညဉ့်မနက်တော့ပါ။ ဘုန်းတန်ခိုးကြီးတော်မူသော နာမတော်ကို လျှောက်လဲသည်။ ဘုရားသခင်သည် ကြေမွသောစိတ်နှလုံးဖြင့် အထံတော်သို့ ရောက်လာသူများ၏ အပြစ်ကို ခွင့်လွှတ်လေ့ရှိပါသည်။ ရန်သူများကိုလည်း ခေါင်းမထောင်နိုင်အောင် ဆုံးမပေးဖို့ အရေးကြီးပါသည်။ ထိုသူများက ဣသရေလတို့၏ဘုရားသခင် အမှန်တကယ်မရှိဘူးဟု သွားပုပ်လေလွင့်ပြောကြသည်။ ထိုသူများက ဘုရားသခင်၏အစေခံများကို ပစ်စလက်ခတ်သတ်ဖြတ်၍ သွေးချောင်းစီးစေသော ထိုရန်သူများအား ကလဲ့စားချေရန် အခွင့်အခါကောင်းဖြစ်သည်။

၇၉:၁၁၁၂ ထောင်သားများ၏ အံကြိတ်သံကိုနားညောင်းတော်မူပါ သေလုမျှောပါး အသက်ငင်နေသူများ၏ အသက်ကိုတန်ခိုးတော်ဖြင့် ကယ်မပါ။ ဣသလရေလူတို့အား စော်ကား ရန်ပြုသူများကို () ပြန်လည်နှိပ်ကွပ် ပေးပါ။

၇၉:၁၃ ဆုတောင်းချက်များ အဖြေပေးပါက တိုင်းခန်းပြည်ရွာအေးချမ်းသာယာ၍ ဣသရေလလူများက ဘုရားသခင်အား ချီးမွမ်းကြပေမည်။ ကိုယ်တော်၏သိုးစုများကလည်း ကျေးဇူးတင်လို့ဆုံးမည်မဟုတ်။ သားစဉ်မြေးဆက် ခေတ်အဆက်ဆက်က ချီးမွမ်း ထောမနာပြုကြပါမည်။

Previous Article
Next Article