ဆာလံကျမ်း ၈၃

ဆာ ၈၃၊ ခြောက်ရက်စစ်ပွဲဆာလံတေး

၁၉၆၇ခုနှစ် မေလ ၂၈ ရက်တွင်အီဂျစ်အာရပ် ပြည်သူ့သမ္မတ ဂမဲလ်အဗ္ဗဒယ်နာဆာက “ဣသရေလကို အပြီးအပိုင် ချေမှုန်းတိုက်ခိုက်ဖို့ ပြင်ဆင်ထားပြီး။ အကြွင်းမဲ့စစ်ပွဲဆင်နွှဲမည်။ ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ဣသရေလကို အမှုန့်ကြိတ်ပစ်မည်”ဟု အသံလွှင့်သည်။ ဇွန်လ၅ရက်နေ့တွင် တိုက်ပွဲပြီးဆုံးသွားသည်။ စစ်ပွဲပြီးသောအခါ ဂျော်ဒန်၊ ဆီးရီးယား၊ အီရတ်၊ အယ်လ်ဂျီးယား၊ ဆူဒန်၊ ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် မော်ရိုကိုနိုင်ငံများ စုပေါင်းကြသည်။ ဣသရေလလူမျိုးများအား ပင်လယ်သမုဒ္ဒရာထဲသို့ မောင်းချရေးရည်မှန်းချက် မအောင်မြင်ကြ။ ၆ရက်တိုက်ပွဲပြီးဆုံးသော် ဣသရေလသည် အောင်နိုင်သူအဖြစ် ထွက်လာသည်။

ဆာ ၈၃ကို သမ္မာကျမ်းစာတွင် ထို ၆ရက်ကြာစစ်ပွဲအားဖြင့် တမျိုးအမည် အဓိပ္ပါယ်သစ် ဖွင့်ဆိုကြသည်။ ဣသရေလတို့၏နယ်မြေသည် သခင်ယေရှုစိုးစံမည့် တိုင်းပြည်ပုံဆောင်သည်။

၈၃:၅။ ဣသရေလလူများကို ရန်သူများက ဝိုင်းရံနေကြပြီ။ ထိုအဖြစ်အပျက်ကို  ဘုရားသခင်လက်ပိုက်ကြည့်မနေပါနှင့်ဟု အပူတပြင်းတောင်းဆိုကြသည်။ လူများက ဘ၀အိုးအိမ်လုံခြုံရေး၊ အသက်ဘေးရန်လုံခြုံရေး ပူပင်နေကြရသည်။ ရင်ဆိုင်နေရသော ဘေးရန်သည် ဘုရားသခင်၏ရန်သူ၊ ဘုရားသခင်က မုန်းတီးသူ၊ ကိုယ်တော်၏လူစုတဘက်၌ ရပ်သူ”များဖြစ်သည်။ ဣသရေလတို့၏ရန်သူသည် ဘုရားသခင်၏ရန်သူလည်းဖြစ်ကြောင်းမေ့တော်မမူပါနှင့်။

ဖြစ်စဉ်သမိုင်းကြောင်းအသေးစိတ်သည် ဖြစ်ရပ်မှန်ဖြစ်သည်။ ရန်သူများသည် အင်အားစုစည်းလျက် ဣသရေလတို့ကို ချေမှုန်းဖို့မကောင်းကြံစည်နေကြပြီ။ မကောင်းကြံစည်နေကြသည်။ ရုရှားက ကျောထောက် နောက်ခံပြုပေးသည်။ အာရပ်ထိပ်သီးညီလာခံကျင်းပပြီး ပူးပေါင်းကြံစည်ကြသည်။ ဣသရေလကို အမျိုးဖြုတ်ရေး ကြံစည်ကြသည်။ ဣသရေလနိုင်ငံနီးအနားရှိ အိမ်နီးချင်းနိုင်ငံများပူးပေါင်း၍ ဣသရေလ နိုင်ငံကို မျက်လုံးဒုတ်ထောက်ကြည့်ကြသည်။

၈၃:၈။ ထိုမျှအင်အားပမာဏ အဆမတန်ကြီးမားသောရန်သူကို လက်တုံ့ပြန်ဖို့ရန် မလွယ်ရေးချမလွယ်ပါ။ ရှေးယခင်က အာရှုရိလူမျိုးသည် ခေတ်သစ်ကာလတွင် အီရတ်လူမျိုးဖြစ်လာသည်။ အာဗြဟံနှင့်ဟာဂရတို့မှ မွေးဖွားဆင်းသက်လာသော ဣရှမေလမျိုးနွယ်များဖြစ်သည်။ ဧသောမှ ပေါက်ဖွားလာသူများ ဖြစ်ကြောင်း သိရှိကြသည်။ မောဘနှင့်အမ္မုန်နွယ်များသည် လောက၏သားစဉ်မြေးဆက်ဖြစ်ကြသည်။ ယနေ့ခေတ် ကာလ၌မူကား ခွဲခြားမရအောင် သွေးနှောနေပြီ။ ဖိလိတ္တိနွယ်များက ဂါဇာကမ်းမြောင်ဒေသကို ကျင်လည် ကြီးစိုးကြသည်။ ရှေးတုရုမြို့တော်သည် ယခုလေဘာ နွန်နိုင်ငံတွင်ရှိသည်။ ဂေဗလ (Gebal)သည် ဂုဗလ(Gubla) သို့မဟုတ် ဗုဗလော(Byblos)နှင့်အတူတူဖြစ်၍ ဖိနိတ်ပြည်တွင်ရှိသည်။ တချို့က (Hagrites) ဟိုက်ဂရစ်လူမျိုးသည် ဟာဂရနွယ်များဖြစ်၍ ဣရှမေလအနွယ် ဝင်သည်ဟု ဆိုကြသည်။ သို့သော် သက်သေအထောက်အထားခိုင်လုံမှုမရှိ။ အရှေ့အလယ်ပိုင်းဒေသတွင် ထိုလူမျိုးများ စုပြုံကြီးစိုးခြင်းသည် ကောင်းသောအတိတ်နိမိတ်မဟုတ်။ ဣသရေလတို့ပတ်လည်တွင် တပါးအမျိုးသား ရန်သူများဝိုင်းဝိုင်း လည်သည့် ပုံစံဖြစ်သည်။

လက်တဆုတ်စာ ဣသရေလနိုင်ငံကလေးက ထိုမျှပတ်လည်ဝိုင်းရံနေသော ရန်သူကို မည်သို့ တုံ့ပြန်မည်နည်း။ ဆာ ၈၃:၃တွင် အဖြေရှိတွေ့သည်။ ဘုရားသခင်သည် ဘုရားရှင်၏လူများ နားခိုရာ ဖြစ်သည်။ ကိုယ်တော်၏ကွယ်ဝှက်ခြင်း (AV ကျမ်းမူ)၊ ကိုယ်တော်၏ ရတနာလေးများ (LB ကျမ်းမူ)၊ ကိုယ်တော်ကချစ်ခင်သူများ (Gelineau ကျမ်းမူ)ဖြစ်ကြသည်။ ဘေးအန္တရယ်ကျရောက်သည့်ကာလ၌ ဘုရားရှင်က ဘေးမသိရန်မခအောင် ကွယ်ကာသည်။ လုံခြုံမှုပေးသည်။ ရန်သူများက ဝိုင်း၀န်းတိုက်ခိုက်လျှင် အံ့ဘနန်းအောင်မြင်ခြင်းအစွမ်းသတ္တိပေးသည်။

၈၃:၁၀။ ရှေးယခင်က ဣသရေလရန်သူများကို နှိမ်နင်းပေးခဲ့သည်အတိုင်း ဖြိုခွင်းပေးပါဟု ယေဟောဝေါ ဘုရားသခင်ထံ တောင်းလျှောက်ကြသည်။

ဘုရားရှင်က ဣသရေလတို့အား ကိရှန်မြစ်တွင် ခါနာန်ဘုရင်ယာဘိန်နှင့် စစ်သူကြီးသိသာရ တို့ကို အောင်နိုင်စေသည်။ ထိုအဒေါရ အရပ်သည် ရန်သူအပေါင်းများဖြင့် မြေသြဇာကောင်းမွန်ခဲ့သည် (တရား ၄)။

၈၃:၁၁၁၂။ သြရဗနှင့်ဇေဘအမည်ရှိ မိဒျန်ဗိုလ်ချုပ်မင်းနှစ်ပါးတို့သည် ဣသရေလလူတို့၏ ဖမ်းဆီးသုတ်သင်ခြင်း ခံခဲ့ရသည် (သူကြီး ၇:၂၃-၂၅)။ ဘုရားသခင်၏အိမ်တော်ကို သိမ်းပိုက်မည်ဟု ကြုံးဝါးခဲ့ကြသော မိဒျန်မင်း ဇေဘဟနှင့်ဇာလမုန္နမင်းနှစ်ပါးမှာလည်း ဂိဒေါင်ဦးဆောင်သော ဣသရေလ လူတို့လက်မှ လွတ်အောင်ခွေးပြေး ဝက်ပြေးထွက်ပြေးကြသော်လည်း နောက်ဆုံး၌ အသက်ဆုံးရှံးခဲ့ရသည်။ (သူကြီး ၈)။

၈၃:၁၃၁၈။ ဘုရားသခင်က ချေမှုန်တိုက်ခိုက်ပေးသောကြောင့် ဣသရေလတို့သည် ဘေးမသိရန်မခ သေကံမရောက်သက်ပျောက်ကျန်ရှိနေကြသည်။ ဘုရားသခင်၏ အရေးယူဆောင်ရွက်ပေးချက်သည် အသေးစိတ် တိကျသည်။ ဖုံမှုန့်များသို့ပျောက်လွင့်ကုန်သည်။ အခို့ကျမ်းမူများတွင် စပါးခွံ၊အလှိအမှော်သို့ လွင့်စင်ကုန်သည်ဟု ဆိုသည်။ တောမီးလောင်သကဲ့သို့ ပြောင်သလင်းခါကုန်သည်။ ဘုရားသခင်၏မုန်တိုင်း သည် ကြောင်မက်ဘွယ်ရာအတိဖြစ်သည်။ ဟိုးလေးတကျော်ကျော် အရှက်ကွဲကြသည်။ ပြိုကွဲပျက်စီး သူများသည်လည်း အသိအလိမ္မာရလာကြပြီး လူ့လောကကမ္ဘာတွင် ယေဟောဝါဘုရားသာလျှင် အကြီးမြတ်ဆုံးဟု သိရှိလာကြသည်။

ကြီးမြတ်ခိုင်လုံသော ဆိုစကားပေတည်း။ ခိုင်မာသည့်နှယ် တရားမျှတမှု ပြည့်၀သည်။ ဘုရားသခင်ကို ကြည်ညိုသူတိုင်း ချစ်ခြင်းမေတ္တာဖြင့် နှောင်ဖွဲ့ကြသည်မဟုတ်လား။ ထိုအကြောင်းကို  Morganက ဤသို့ဆိုသည်-

ဤဆာလံသီးချင်းကို သီဆိုခဲ့ကြသော ရှေးစာဆိုတော်ကြီးများသည် ရင်ထဲအသည်းထဲမှဘုရားရှင်ကို ကြည်ညိုလျက် သီဆိုကြသည်။ မိမိကိုယ်ကို ဘာဆိုမိမှန်းမသိကြသည်ထိ၊ ပရောဖက်ဉာဏ်ဖြင့် သီဆိုခဲ့ကြပေသည်။ မိမိကိုယ်ကျိုးအတွက်မဆို။ အတ္တလွှမ်းလျှင် ရူပါရုံမရနိုင်။ အခြားတဖက်တွင် ကား ဘုရားသခင်ကို ကြည်ညိုသဒ္ဓါပွားလျက် သီဆိုကြသောကြောင့်၊ ဂန္တဝင်မြောက်လှပေသည်။ ဘယ်သောအခါမှ မရိုးနိုင်။ နှစ်လိုစဖွယ် သာယာသည်။၅၄

Previous Article
Next Article