ဆာလံကျမ်း ၉၅

ဆာ ၉၅ ၀တ်ပြုကိုးကွယ်ခြင်းနှင့်သတိထားစရာ

ဆာလံဆရာက ရွှင်လန်းတက်ကြွစွာ အတူတကွ၀တ်ပြုကိုးကွယ်ရာဘို့ ဖိတ်ခေါ်သည်။ ကျမ်းစာ ရေးသူ၏အာဘော်မဖမ်းမိလျှင် နားလည်ရခက်သည် (ဟေဗြဲ ၄:၇တွင် ဆာလံသီချင်းကို ဒါဝိဒ်၏စီရင် ရေးသားချက်ပိုများသောကြောင့် ဒါဝိဒ်၏ဆာလံသီချင်းဟု အလွယ်တကူခေါ်ကြသည်။ အမှန်မှာ ဆာလံဆရာ အများအပြားပါ၀င်သည်)။

၉၅: သန့်ရှင်းဝိညာဉ်တော်ယေဟောဝါဘုရားရှင်ကိုကိုးကွယ်ကြရန် ဣသရေလလူများအား ပြန်လည်စည်းရုံးပင့်ဖိတ်ထားသည်။ ဣသရေလတို့ကံဆိုးမိုးမှောင်ကျ၍ ခေတ်ပျက်သည့်ကာလဖြစ်သည်။ သို့သော် ထိုစကားသည် ဣသရေလလူမျိုးကိုကျော်လွန်၍ ယနေ့လူများနှင့်လည်းသက်ဆိုင်သည်။ ရုပ်တု ကိုးကွယ်ခြင်းကို ရပ်စဲ၍ ယေဟောဝါဘုရားထံချဉ်းကပ်ကြစို့။

၀တ်ပြုကိုးကွယ်ခြင်းပုံအမျိုးမျိုးကို စိတ်၀င်စားဘွယ်ရာဖွင့်ပြထားသည်။ သီချင်းဖြင့်ဂုဏ်ပြုပူဇော် နိုင်သည်။ ကယ်တင်ရှင်ကျောက်ဖြစ်ကြောင်း ၀မ်းသာအားရအော်ဟစ်နိုင်သည်။ ထိုကျောက်ဆောင်သည် အစဉ်သဖြင့် ခိုလှုံရာကျောက်ဖြစ်သည်။ ယုံကြည်သူများအတွက်ပြုတော်မူခဲ့သောလက်ရာတော်ကို ချီးမွမ်းသီ ဆိုနိုင်သည်။ ဆာလံသီချင်းများကို ဟစ်ကြွေးချီးမွမ်းကခုန်နိုင်သည်။

၉၅: ဘုရားသခင်သည် ကြီးမြတ်သောဘုရားရှင်တော် ဖြစ်တော်မူသည့်အလျှောက် အမူအရာ အမျိုးမျိုးဖြင့် ပူဇော်နိုင်သည်။ ကြီးမြတ်သောအရှင်ဖြစ်၍ ချီးမွမ်းကိုးကွယ်ထိုက်သည်။ (ဟေဗြဲ စကားတွင် EI ဟုဆို၍ နေရာတိုင်းမှာရှိသောအရှင်ဟု အနက်ရသည်)။ ရုပ်တုဆင်းတု ဘုရားတုများ၏ အထက်ထွဋ်ခေါင် တွင် တည်သည်။ လောကမြေတခွင်လုံးသည် ကိုယ်တော်၏လက်ထဲမှာရှိသည်ဖြစ်၍ မှောက်ချင်မှောက် သွန်ချင်သွန်နိုင်သည်။ ထိုနယ်တောင်ကလပ်များသည်လည်းလက်တော်ဖြင့် ပုံသွင်းဖန်ဆင်းရာဖြစ်သည်။ ပင်လယ်သမုဒ္ဒရာများကိုလည်း ကိုယ်တော်ဖန်ဆင်းသည်။ သို့ကြောင့် ကျွန်းကြီးကျွန်းငယ်အသွယ်သွယ် လှပစွာ ပေါ်ထွန်းခဲ့သည်။

၉၅:၇က ၀တ်ပြုကိုးကွယ်ခြင်းအခမ်းအနားစဖို့ ဒုတိယခေါင်းလောင်းထိုးနေပြီ။ ထိုသို့ ပြုလုပ် ခြင်းသည် ပုဂ္ဂိုလ်ရေးဆန်သည်။ ဘုရားရှင်သည် လူတို့ကိုဖန်းဆင်းတော်မူသော အရှင်သခင်ဖြစ်သောကြောင့် ထိုဘုရားရှင်ရှေ့တော်တွင် ဒူးထောက်ပြပ်၀ပ် ကိုးကွယ်အပ်ပါသည်။ ဘုရားရှင်သည်ဖန်ဆင်းရှင်နှင့်ရွေးနှုတ် သခင်ဖြစ်ပါသည်။ သို့များအတွက် အသက်စွန့်ဝံ့သောသိုးထိန်းကောင်းလည်းဖြစ်သည်။ ယခုအခါယုံကြည်သူ များသည် ထိုသခင်၏မြက်ခင်းပြင်တွင် ကျင်လည်ကျက်စားသောသိုးအုပ်ဖြစ်ကြသည်။ သံမှိုနှက်ခံရသော လက်ဖြင့်သိုးများကိုထိန်းကျောင်းသည်။ လမ်းပြသည်။ ဘေးအန္တာရယ်ကာကွယ်ပေးသည်။

၉၅:၇ခ အပိုဒ်ငယ် (၇)အလယ်တွင် မြှားချက်ရုတ်ခြည်းပြောင်းလဲသွားသည်။ ၀တ်ပြုကိုးကွယ်ရန် ပင့်ဖိတ်ရာမှ အရေးပေါ်မိုးလေ၀သ သတိပေးချက်ပေါ်ပေါက်လာသည်။ သန့်ရှင်းဝိညာဉ်တော်က အထူးသတိ ပေးခြင်းဖြစ်သည်။

ယနေ့တွင်ငါ့အသံကိုကြားကြရပြီ

ထိုစကားသည် ယေဟောဝါဘုရားသခင် ကိုယ်တိုင်ကမယုံကြည်သူစိတ်နှလုံးခိုင်မာသူခေါင်းမာသူ များသို့ အလေးအနက်မိန့်မှာချက်ဖြစ်သည်။ ဣသရေလများသည် ရေဖိဒိမ်အနီး မေရိဘတွင်ရေငတ်ဘေးကြုံ ကြစဉ် ဘုရားသခင်ကို အပြစ်ပုံချမေးခွန်းထုတ်ကြဘူးသည်။ (ထွ ၁၇:၇ပါမာရှအရပ်နှင့်အတူတူ)။ ကာဒေရှိ အနီးရှိ မေရိဘတွင်တဖန်ရေငတ်ကြစဉ် မောရှေသည် ဘုရားသခင်မိန့်မှာထားသည့်အတိုင်း ကျောက်ဆောင်သို့ နှုတ်မိန့်မပေးဘဲ ကြိမ်ဒုတ်ဖြင့်ဒေါသတကြီးရိုက်ခွဲခဲ့သည် (တော ၂၀:၁၀-၁၂)။ ထိုအဖြစ်အပျက်နှစ်ခုသည် ကန္တာရတောကြီးဖြတ်သန်းကြစဉ် အတွေ့အကြုံများဖြစ်သည်။ ဖြစ်စဉ်နှစ်ခုစလုံး ဆင်တူရိုးမှားဖြစ်သည်။ ထိုအရပ်ဒေသ၏ နာမည်အဓိပ္ပါယ်ကိုကြည့်ပါ (မေရိဘ-ပုန်ကန်ခြင်း၊ မာရှ-စုံစမ်းခြင်း)။ ထိုစဉ်ကာလတွင် ဣသရေလများသည် ယုံကြည်မှုအားနည်းကျဆင်းချိန်ဖြစ်သည်။ ဘုရားသခင်၏အံ့ဘွယ်အမှုလက္ခဏာများ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ကြသည်။ အဲဂုတ္တပြည်ကျွန်ဘ၀မှ ရွေးထုတ်ခဲ့သည်။ သို့သော်ဘုရားရှင်ကို အပြည့်အ၀မယုံကြည်ကြ။ သွေးတိုးစမ်းနေကြဆဲ။ ဒွိဟသံသယရှိနေကြ၏။

၉၅:၁၀၁၁ တမင်သက်သက်ခေါင်းမာကြသောကြောင့်နှစ်ပေါင်း ၄၀လုံးလုံးတောထဲတွင် မျက်စိလည် နေကြသည်။ နောက်ဆုံးတွင် ဘုရားသခင်က တော်လောက်ပြီ၊ မှတ်လောက်ရောပေါ့၊ ယဉ်ပါးလောက်ပြီ”ဟု ဆိုသည်နှင့်ဘုရားသခင်က နဂိုရေးဆွဲပေးထားသောမြေပုံအတိုင်း လမ်းကြောင်းမှန်ပေါ်သို့ တည့်မတ်ပေး သည်။ ဤပုံအတိုင်းအဆိုလျှင်မိုးကြီးချုပ်လျှင် ငါ၏အိမ်သို့ပြန်ရောက်မည်မဟုတ်ဟုဆိုကြမည်။ ကတိတော် မြေခါနာန်ပြည်သို့ ခြေချနိုင်မည်မဟုတ်။

ထိုအကြောင်းကို အကြောင်းပြု၍ ဟေဗြဲ ၃:၇-၁၁တွင် ဣသရေလလူများအား တရားတော်လမ်းသို့ တဖန်ပြန်လာကြရန် ဆင့်ခေါ်ထားသည်။ တနည်းအားဖြင့် ဘုရားသခင်ကိုအယုံအကြည်မပြည့်ဝဘဲ ခေါင်းမာ ကြသူများအား သတိပေးခြင်းဖြစ်သည်။ အထူးသဖြင့် အနှစ်တထောင်တိုင်းပြည်၀င်ခါနီးမှ ဣသရေလ လူများအား တပ်လှန့်ထားသည်။

မယုံကြည်သူများသည် ဘုရားသခင်နှင့် ဝေးကွာခြားနားကြသည်။

Previous Article
Next Article