ဇာခရိအနာဂတ္တိကျမ်း ၉

၅။ ပထမဗျာဒိတ်တော်၊ မေရှိယသခင် ပထမအကြိမ်ကြွလာခြင်း (အခန်း ၁၀)

          ဤကျမ်းတွင် ဗျာဒိတ်နှစ်ခုပေးထားသည်။ မေရှိယပထမအကြိမ်ကြွလာမည့်ဗျာဒိတ်ကို အခန်း ၉-၁၁တွင် ဖော်ပြ၍၊ ဒုတိယအကြိမ် ဘုန်းတန်ခိုးဖြင့် ပေါ်ထွန်းလာမည့်အကြောင်းကို အခန်း ၁၂-၁၄တွင် ဖော်ပြထားသည်။

(က) တပါးအမျိုးသားများ တရားစီရင်ခံရမည် (:)

          : ဤအခန်း ၉တွင် ပထမဦးဆုံးအပြစ်စီရင်ခြင်းခံရမည့်သူများမှာ ဟာဒရက်၊ ဒမာသတ်နှင့် ဟာမတ် အမျိုးပါဝင်သော ဆီးရီးယားပြည် (ငယ် ၁၊၂)ဖြစ်သည်။ တုရုနှင့် ဇိဒုန်(ငယ် ၂-၄)အာရှကောလုန်၊ ဂါဇ၊ ဧကြုန်၊ အာဇုတ်အစရှိသော ဖိလိတ္တိ(ငယ် ၅-၇)သည်လည်း ပါဝင်မည်။ တုရုမြို့သည် သူ၏ကြွယ်ဝချမ်းသာမှု၌ မာနထောင်လွှားခြင်းကြောင့် ပင်လယ်ထဲသို့ ပြစ်ချခြင်းခံရမည်။ ဖိလိတ္တိမြို့များက တုရုမြို့၏ကြမ္မာဆိုးကို မျက်ဝါးထင်ထင် တွေ့မြင်ကြမည်။ လူ့စွမ်းအားဖြင့် ဖျက်ဆီးခြင်းငှါ မစွမ်းနိုင်ဟု ယူဆခဲ့သော တုရုမြို့၏ဖြစ်ဆိုး ကို မြင်ကြသောအခါ ဖိလိတ္တိလူတို့ သံဝေဂရ၍ စိတ်ပြောင်းလဲသွားကြမည်။ ရုပ်တု၊ ဆင်းတုကို စွန့်ပယ်လျက် ဣသရေလလူမျိုးနွယ်အဖြစ် ခံယူကြမည်။ ဧကြုန်မြို့သားတို့သည်လည်း ယေဗုသိလူများကဲ့သို့ ဣသရေလလူမျိုး ကို သစ္စာခံ၍ ငြိမ်သက်စွာ ပြုမူဆက်ဆံလာမည်။

: ကျူးကျော်ရန်စတတ်သူများသည်လည်း ဗိမာန်တော်ကို၎င်း၊ လူမျိုးတော်ကို၎င်း စော်ကားအနိုင် ကျင့်နိုင်တော့မည်မဟုတ်။ ဤအပိုဒ်ငယ် ၁-၈သည် တပါးအမျိုးသားတို့ ရေပွက်ပမာ လျှပ်တပြတ် တန်ခိုး ကြီးထွားလာခြင်းအကြောင်း၊ မဟာအလက်ဇန္ဒား၏အောင်မြင်မူကြောင့် တစိတ်တပိုင်း ပြည့်စုံလာသည်။ (ဂရိမူ အငယ် ၁၃နှင့် ယှဉ်ဖတ်ပါ)။

() ဇိအုန်တောင်ပေါ်သို့ မေရှိယ ပထမအကြိမ်ကြွလာခြင်း (:)

          မေရှိယသခင်(ဘုရင်)ကြွလာမည်ဟု ဘုရားသခင်၏ လူမျိုးတော်ကို ခွန်အားပေးထားသည်။ ဤအပိုဒ် ငယ် (၉)သည် မေရှိယသခင် မြည်းမကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် ကြွလာတော်မူခြင်းကို ပြော ပြသည်။ ဂျူးတို့အတွက် ယောဟန်ခရစ်ဝင်ကျမ်းများ၌ ထိုကြောင်းကို ခရစ်တော်ယေရုရှလင်မြို့တော်ထဲသို့ ရာဇဝင်းခင်းလျက် “အောင်ပွဲခံဝင်ရောက်ခြင်း” အဖြစ်ဖော်ပြကြသည်။

() ဒုတိယအကြိမ်ကြွလာသောအခါ လောကတခွင်လုံး လက်နက်ကင်းမဲ့ငြိမ်သက်ခြင်း ရှိကြမည် (:၁၀)

အခန်းငယ်(၁၀)တွင် ခရစ်တော် ဘုန်းတန်ခိုးဖြင့် ဒုတိယအကြိမ်ကြွမြန်းလာမည့်အကြောင်း ဗျာဒိတ်ပေး ထားသည်။ စစ်လက်နက်ပစ္စည်းများ ကွယ်ပျောက်မည်။ ထိုကာလ၌ ခရစ်တော်သည် ပင်လယ်တပါးမှ သည်ပင် လယ်တပါးတိုင်အောင် မြစ်မှသည်မြေကြီးစွန်းတိုင်အောင် အုပ်စိုးမည်။ (ဤကျမ်းပိုဒ်ကို ဇာခရိက ဆာ၇၂:၈မှ ကိုးကားခြင်းဖြစ်သည်)။ မျက်မှောက်ကျေးဇူးတော်ကာလကို အပိုဒ်ငယ်၉နှင့်၁၀အကြား၌ ဝှက်ကွယ်ထားသည်။

() အရပ်ရပ်ကွဲလွင့်သူများ ယေရုရှလင်သို့ ပြန်လည်ရောက်ရှိခြင်း (:၁၁၁၂)

          သင်နှင့်ဖွဲ့သော ပဋိညာဉ်အသွေးဆိုသည်မှာ အသွေးဖြင့် တံဆိပ်ခတ်နှိပ်ထားသော ပဋိညာဉ်ဖြစ်သည်။ ထွ၊ ၂၄:၈မှ ပဋိညာဉ်သစ္စာ။ တရား၊ ၃၀:၁-၁၀မှ ကတိတော်မြေ။ ၂ရာ၊ ၇:၄-၁၇၌ ဖော်ပြသော ဒါဝိဒ်ပဋိညာဉ်တစ် ခုခု ဖြစ်နိုင်သလို ယေဟောဝါဘုရားနှင့် ဣသရေလအမျိုးသားများသို့ ပြုထားသော ကတိတော်တခုခုလည်း ဖြစ်နိုင်သည်။ (NKJV.Lord)

ရေမရှိ‌ခြောက်သွေ့ရာတွင်းတည်းဟူသော တပါးနိုင်ငံ၌ဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသော ဣသရေလလူမျိုးများကိုလည်း လွတ်မြောက်စေလျက် ရဲတိုက်သို့ ပြန်လာစေမည်။ ရဲတိုက်ဆိုသည်မှာ ‌ယေရုရှလင်၊ ပါလက်စတိုင်း သို့မဟုတ် ဘုရားသခင်ထံ‌တော်ပါးကို ဆိုလိုသည်။

() ဣသရေလများ ဂရိတို့အပေါ်အောင်ပွဲခံခြင်း (:၁၃)

          ယုဒနှင့် ဣသရေ (ဧဖရိမ်)တို့သည် ထိုနေ့ရက်၌ ဂရိတို့အပေါ် အောင်ပွဲခံမည်။ ဤပရောဖက်ပြုချက်သည် ဘီစီ ၁၇၅-၁၆၃ Maccabees စစ်ပွဲတွင် တစိတ်တပိုင်းပြည့်စုံခဲ့၏။ ကမ္ဘာအနှံကွဲလွင့်ကြသော ဣသေရလလူမျိုး တို့ နောက်ဆုံးစုစည်းခြင်းအတွက် မျှော်လင့်ချက်ရရှိစေသည်။

() ယေဟောဝါဘုရားကိုယ်တိုင် လူမျိုးတော်အားကွယ်ကာစောင့်ရှောက်ခြင်း (:၁၄၁၇)

          ကျမ်းစာသုတေသီ တစ်ဦးကစင်ကြယ်သော စစ်ပွဲအကြောင်းကို အောက်ပါအတိုင်း ဖော်ပြရေးသားထား သည်။

ဘုရားသခင်၏ အောင်နိုင်သူများသည် သူတို့နှိမ်နှင်း အောင်မြင်သည့် ရန်သူ့အသွေးနှင့်ပြည့်သောခွက်ကို သောက်သုံးရရုံသာမက ယဇ်ပလ္လင် တခုလုံးနှင့် ပလ္လင်ဦးချိုစွန်းများကို ပက်ဖျန်းရသော အပြစ်ဖြေရာ ယဇ်အသွေး အပြည့်ဖြည့်ထားသည့် ယဇ်ပလ္လင်ရှေ့တော်ရှိ အင်တုံနှင့်လည်း သဏ္ဍာန်တူညီသူများဖြစ်ကြ သည်။ သို့ရာတွင် သူတို့သည် သွေးစက်များ စွန်းပေသော ယဇ်ပလ္လင်ထောင့်နံရံများကဲ့သို့ ဘုန်းပြည့်စုံ သော အောင်ပွဲနှင့်အတူ ပြန်လာရပေမည်။

Merrill Unger က ဣသရေလနှင့် သူ၏ရန်သူများကို ကွဲပြားပေါ်လွင်အောင် ပုံဖော်ထားသည်။

ဘုရားသခင်၏အောင်မြင်သူ ဇိအုန်သားများ(ကျန်ကြွင်းသောကယ်တင်ခံများ)နှင့် သူတို့၏ ရန်သူများကို ဇာခရိက ကွဲပြားပေါ်လွင်စွာ နှိုင်းယှဉ်ဖော်ပြထားသည်။ ဣသရေလရန်သူတို့ကို ရွှံ့နွံ၌ကျော်နင်းခံရသော လောက်လွှဲကျောက်များအဖြစ်၎င်း၊ ဇိအုန်သားတို့ကို လောကတခွင်၌ ထွန်းလင်းတောက်ပသော သရဖူ အထွဋ်ထိပ်မှ အဖိုးထိုက် ပြည်တန်ကျောက်မျက်အဖြစ်၎င်း တင်စားထားသည်။ ၎င်းမှာ သစ္စာရှိသော မာတုရများနှင့် မေရှိယနိုင်ငံတော်ထဲသို့ ဝင်ရောက်ကြမည့် ရဲဝံ့သော ဣသရေသန့်ရှင်းသူများအတွက် ဆုလာဘ်ရှိကြောင်း သက်သေသာဓက တစ်ရပ်လည်းဖြစ်ပေသည်။ ၁၀

Previous Article
Next Article