ဇာခရိအနာဂတ္တိကျမ်း နိဒါန်း

          “ဇာခရိအနာဂတ္တိကျမ်းသည် မေရှိယသခင်အကြောင်း၊ ခရစ်တော်၏ပထမအကြိမ်ကြွလာခြင်းနှင့် ဒုတိယ အကြိမ်ကြွလာမည့်အကြောင်းအပြင် နောက်ဆုံးအနှစ်တထောင် အုပ်စိုးခြင်းကာလတွင် ဣသရေလလူမျိုးတို့အား ပြန်လည်စုစည်းမည့်အကြောင်း မြင်ကွင်းကျယ်ကို အထူးပရောဖက်ပြု လှစ်ဟဖော်ပြရာ၌ ခရစ်ယာန်များအတွက် အတုမရှိ အဖိုးထိုက်တန်သော အနာဂတ္တိကျမ်းဖြစ်သည်။”

 Merrill F. Unger

၁။ စံတော်မီဝိသေသလက္ခဏာ

          ကမ္ဘာဦးကျမ်း၊ ဆာလံသီချင်းနှင့် ဟေရှာယအနာဂတ္တိကျမ်းတို့သည် ပါဝင်သောအကြောင်းအရာ ကျယ်ပြန့်ခြင်း၊ အရေးပါခြင်းတို့ကြောင့် ဓမ္မသစ်ကျမ်းတွင် မကြာခဏပြန်လည် ကိုးကားရသည်မှာ အံသြ စရာမရှိပါ။ သို့သော် အခန်း(၁၄)ခန်းမျှသာ ပါရှိသောဇာခရိအနာဂတ္တိကျမ်းကို ဓမ္မသစ်ကျမ်း၌ အကြိမ်(၄၀) တိတိ ပြန်လည်ရည်ညွှန်းကိုးကားသည်မှာ ထူးခြားလှပါသည်။ ပရောဖက်ငယ် ကျမ်းများစွာရှိသည့်အနက် ဤကျမ်းတွင် ခရစ်တော်အား အတိအကျဗဟိုပြုထားသောကြောင့် ဤသို့ဝိသေသ ဂုဏ်ဆောင်နိုင်ခြင်းဖြစ်သည်မှာ သံသယ ဖြစ်စရာမရှိပါ။

စွဲမက်ဖွယ် ပုပ္ပနိမိတ်လက္ခဏာ ရူပါရုံများဖြင့် ဗျာဒိတ်ပြုသောသတင်းစကားများနှင့် ရောပြွမ်းသင်းထုံ ထားသော ဤဇာခရိကျမ်းသည် စိတ်ဝင်စားဖွယ်ရာ ပြည်တော်ပြန် ဝတ္ထုတစ်ပုဒ်ဖြစ်သည်။

၂။ ကျမ်းရေးသူ

          ဓမ္မဟောင်းကျမ်းထဲတွင် ဇေခရိ Zechariasတူသော နာမည်တူ လူ(၃၀)ရှိသည်။ (ယေဟောဝါဘုရားကို အောက်မေ့ခြင်းဟု အနက်ရသည်။) ဓမ္မသစ်ကျမ်းတွင်လည်း ဇာခရိ Zacharias (ဂရိ)နှင့် Zachary (အင်္ဂလိပ်)ဟူ ၍ ပါရှိသည်။

ပရောဖက်လည်းဖြစ် ယဇ်ပုရောဟိတ်လည်းဖြစ်သော ဇာခရိကို ဗာဗုလုန်မြေတွင် ဖမ်းဆီးကျွန်ပြုခံရစဉ် မွေးဖွားခဲ့ဟန်ရှိသည်။ ယေရုရှလင်သို့ ရောက်ရှိပုံကို နေဟမိက (၁၂:၄-၁၆)တွင်၎င်း၊ ဧဇရက အမှုတော်ဆောင် ပုံကို (၅:၁၊ ၆:၁၄)တွင်၎င်း၊ မှတ်တမ်းတင်ထားသည်။ ဇာခရိသည် ဟဂ္ဂဲ၏တိုတောင်းသောအမှုတော်ဆောင်ခြင်း ကို ဆက်ခံလျက်၊ ပြည်တော်ပြန် ကျန်ကြွင်းသော ဣသရေလလူတို့အား ခွန်အားမြှင့်တင်ပေးခဲ့သည်။

ဇာခရိသည် ကာလရှည်ကြာ အမှုတော်ထမ်းဆောင်သည်။ အခန်း ၉-၁၄ကို ၎င်းတွင်ဖော်ပြထားသော ကာလနောက်ပိုင်းမှ ရေးဟန်ရှိသည်။

၃။ အချိန်ကာလ

          ဟဂ္ဂဲအမှုတော်ဆောင်သည့် ဘီစီ- ၅၂၀ခုနှစ်တွင် ဇာခရိသည်လည်း ပရောဖက်ပြုသည်။ သို့သော် ဟဂ္ဂဲထက် (၃)ခန့် ပို၍အမှုဆောင်ခဲ့သည်။

၄။ နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

          ဇာခရိသည် ဗာရခိ (Berechiah)သားဖြစ်၏။ ဗာဗုလုန်သို့ တမျိုးသားလုံး ဖမ်းဆီးသွားခြင်းခံရပြီး နောက် နေရင်းဒေသပြန်လာခွင့်ရသော ယုဒလူမျိုးများကြား၌ ဟဂ္ဂဲနည်းတူ ပရောဖက်တစ်ပါး ဖြစ်လာသည်။ ဟဂ္ဂဲ၏ဗိမာန်တော်ပြန်လည်တည်ဆောက်ရေး အမှုတော်၌ အတူပါဝင်ခဲ့သည်။ ပရောဖက်ဟဂ္ဂဲ၏ဒုတိယနှင့် တတိယ ဗျာဒိတ်စကားအကြားတွင် ဇာခရိသည် ပရောဖက်တစ်ပါးအဖြစ် ပေါ်ထွက်လာခြင်းဖြစ်သည်။

ဗျာဒိတ်ရူပါရုံ (၈)ခု၌ သင်္ကေတဘာသာစကား အဆင့်မြင့်မြင့်ကို အသုံးပြုလျက် တပါးအမျိုးသားတို့၏ လောကီတန်ခိုးအာဏာကို မှောက်လှန်ဖျက်ဆီးပစ်မည့်အကြောင်းနှင့် ခရစ်တော်အား ငြင်းပယ်ခဲ့ကြသော ဖောက်ပြန်သည့် ယုဒလူတို့ကို တရားစီရင်အပြစ်ပေးမည့်အကြောင်း သန့်ရှင်းစင်ကြယ်ပေးမည့်အကြောင်း ပြန်လည်စုစည်းရမည့်အကြောင်း ကျန်ကြွင်းသူများ ဘုန်းဝင်စားကြရမည့်အကြောင်း၊ အနာဂတ်ယေရုရှလင် ကြွယ်ဝချမ်းသာမည့်အကြောင်း ပရောဖက်ပြုထား၏။ ပထမ(၅)ချက်သည် ကျေးဇူးတော်အကြောင်း ဖြစ်၍ နောက်ဆုံး(၃)ချက်မှာ တရားစီရင်ခြင်းအကြောင်းဖြစ်သည်။

ဇာခရိကျမ်း၏ ထင်ရှားသောမှတ်သားဖွယ်ရာ ပရောဖက်ပြုချက်မှာ မေရှိယသခင်ယေရုရှလင်သို့ အောင်ပွဲခံဝင်ရောက်မည် (၉:၉)၊ ငွေဒင်္ဂါးသုံးဆယ်ဖြင့် သစ္စာဖောက်ခံရမည် (၁၁:၁၂)၊ သိုးထိန်းကောင်းအဖြစ် အသေခံရမည် (၁၃:၇)၊ သံလွင်တောင်ပေါ်တွင် တဖန်ပေါ်ထွန်းလာမည့်အကြောင်း (၁၄:၄)နှင့် ယဇ်ပရောဟိတ် မင်းကြီးနှင့် ရှင်ဘုရင်အဖြစ် နှစ်ပေါင်းတစ်ထောင် အုပ်စိုးမည့်အကြောင်း (၁၄:၉)များဖြစ်သည်။

ဇာခရိပရောဖက်ပြုချက်များသည် သူ့ခေတ်၌ တစိတ်တပိုင်း၎င်း၊ အပြည့်သော်၎င်း၊ ပြည့်စုံခဲ့သလို ပြည့်စုံ ဆဲ၊ ပြည့်စုံလတံ့သော ပရောဖက်ပြုချက်များစွာ ရှိနေသေးသည်။

ပါဝင်သည့်အချက်များ

၁။ နောင်တရ၍ နာခံခြင်းရှိဖို့ တိုက်တွန်းခြင်း၊ ဘိုးဘွားများ၏အမှားများကို သင်ခန်းစာယူတတ်ဖို့ သတိပေးခြင်း(:)

၂။ ရူပါရုံရှစ်ပါးဗိမာန်တော်ပြန်လည်တည်ဆောက်ဖို့ ပုံဖော်တိုက်တွန်းခြင်း (::)

(က)     မြင်းနီစီးသူ (၁:၇-၁၇)

(ခ)       ဦးချိုလေးချောင်းနှင့် လက်သမားလေးဦး (၁:၁၈-၂၁)

(ဂ)       ပေကြိုးကိုင်ဆောင်သူတဦး (အခန်း ၂)

(ဃ)     ယဇ်ပရောဟိတ်ကြီး ‌ယောရှု (အခန်း ၃)

(င)       ရွှေဆီမီးခုံနှင့် သံလွင်နှစ်ပင် (အခန်း ၄)

(စ)       စာစောင်ပျံ (၅:၁-၄)

(ဆ)     ခြင်းတောင်းထဲကအမျိုးသမီး (၅:၅-၁၁)

(ဇ)       ရထားလေးစီး (၆:၁-၈)

၃။ ယဇ်ပရောဟိတ်ကြီးယောရှု သရဖူဆောင်းခြင်း (:၁၅)

၄။ ဗေသလ ယုဒများ၏ အစာရှောင်ခြင်းမေးခွန်း (အခန်း )

(က)     အစာရှောင်ခြင်းအကြောင်းမေးခွန်း (၇:၁-၃)

(ခ)       ပထမနှုတ်ကပတ်တော် (၇:၄-၇)

(ဂ)       ဒုတိယ နှုတ်ကပတ်တော် (၇း ၄-၁၄)

(ဃ)     တတိယနှုတ်ကပတ်တော် (၈:၁-၁၇)

(င)       စတုတ္ထနှုတ်ကပတ်တော် (၈:၁၈-၂၃)

၅။ ပထမဗျာဒိတ်တော်၊ မေရှိယသခင် ပထမအကြိမ်ကြွလာခြင်း (အခန်း :၁၁)

(က)     တပါးအမျိုးသားများ တရားစီရင်ခြင်းခံရမည် (၉:၁-၈)

(ခ)       ဇိအုန်တောင်ပေါ်သို့ မေရှိယ ပထမအကြိမ်ကြွလာမည် (၉:၉)

(ဂ)       ဒုတိယအကြိမ်ကြွလာသောအခါ တလောကလုံး လက်နက်ကင်းမဲ့ငြိမ်သက်ခြင်းရှိမည် (၉:၁၀)

(ဃ)     အရပ်ရပ်ကွဲလွင့်သူများ ယေရုရှလင်သို့ ပြန်လည်ရောက်ရှိခြင်း (၉:၁၁-၁၂)

(င)       ဣသရေလများ ဂရိတို့အပေါ် အောင်ပွဲခံခြင်း (၉:၁၃)

(စ)       ယေဟောဝါဘုရားကိုယ်တိုင် လူမျိုးတော်အား ကွယ်ကာစောင့်ရှောက်ခြင်း (၉:၁၄-၁၇)

(ဆ)     မိုးရွာသွန်းစေရန် ဘုရားရှင်ထံ ဆုတောင်းကြခြင်း (၁၀:၁-၂)

(ဇ)       ယုဒခေါင်းဆောင်များကို အပြစ်ဒဏ်ပေးခြင်း၊ မေရှိယရှင်ပြန်ထမြောက်ခြင်းနှင့် လူသားများကို လောကအောင်မြင်ခွင့်ပေးခြင်း (၁၀:၃-၅)

(ဈ)      ဣသရေလနှင့် ယုဒလူများ ပြန်လည်သင့်မြတ် ပေါင်းစည်းမိကြမည် (၁၀:၆-၁၂)

(ည)     မယုံကြည်သူအစိုးရများ အပြစ်ဒဏ်ခံရမည် (၁၁:၁-၃)

(ဋ)       သိုးထိန်းစစ် မေရှိယသခင်ပေါ်ထွန်းလာခြင်း (၁၁:၄-၈)

(ဋ္ဌ)       လူမျိုးတော်က မေရှိယအား ငြင်းပယ်ကြခြင်း (၁၁:၈-၁၄)

(ဍ)       အငှါးသိုးထိန်းထံမှ ကယ်နှုတ်မည် (၁၁:၁၅-၁၇)

၆။ ဒုတိယဗျာဒိတ်၊ မေရှိယသခင် ဒုတိယအကြိမ်ကြွလာခြင်း (အခန်း ၁၂၁၄)

(က)     တိုင်းနိုင်ငံသားများအဖို့ ယေရုရှလင်သည် ပြဿနာအရင်းအမြစ် (၁၂:၁-၃)

(ခ)       ယုဒတို့၏ရန်သူများကို မေရှိယသခင်က သုတ်သင်မည် (၁၂:၄)

(ဂ)       ယုဒတို့က ဘုရားရှင်အား မိမိတို့ခွန်အားဖြစ်ကြောင်း သိကျွမ်းလာကြမည် (၁၂:၅)

(ဃ)     ယုဒလူမျိုးဆန့်ကျင်သော ရန်သူများအား ဖျက်ဆီးမည့်အကြောင်းနှင့် ပထမဆုံးအောင်ပွဲ ခံကြရမည့်အကြောင်း (၁၂:၆-၉)

(င)       မေရှိယသခင်အား ငြင်းပယ်မိသည့်အတွက် တိုင်းနိုင်ငံလူမျိုးများ သံဝေဂရကြမည် (၁၂:၁၀-၁၄)

(စ)       အပြစ်ဒုစရိုက်အညစ်အကြေးမှ ဆေးကြော စင်ကြယ်ခြင်းခံရကြမည် (၁၃:၁)

(ဆ)     ရုပ်တုများနှင့် မိစ္ဆာများကို ဖယ်ရှားနှင်ထုတ်ပစ်မည် (၁၃:၂-၆)

(ဇ)       မေရှိယအသတ်ခံရခြင်းနှင့် ဣသရေလတို့ ကွဲလွင့်ကြခြင်း (၁၃:၇)

(ဈ)      ရွေးကောက်ထားသော ကျန်ကြွင်းသူများ ဘုရားရှင်ထံ ပြန်လည်စုစည်းကြမည် (၁၃:၈-၉)

(ည)     တပါးအမျိုးသားများစုဖွဲ့၍ ယေရုရှလင်ကို ဆန့်ကျင်ကြမည် (၁၄:၁-၂)

(ဋ)       ဘုရားရှင်ကိုယ်တိုင် ကြားဝင်လုပ်ဆောင်ခြင်း (၁၄:၃-၅)

(ဋ္ဌ)       ရာသီဥတုနှင့် အလင်းရောင်ကြီးမားစွာ ပြောင်းလဲခြင်း (၁၄:၆-၇)

(ဍ)       အသက်ရေစမ်းချောင်း (၁၄:၈)

(ဎ)       ခရစ်တော် ဘုရင်အဖြစ်စိုးစံခြင်း (၁၄:၉)

(ဏ)     ပထဝီအနေအထားပြောင်းလဲခြင်း (၁၄:၁၀)

(တ)     ယေရုရှလင်မြို့အား ဘေးရန်မသီ လုံခြုံစေခြင်း (၁၄:၁၁)

(ထ)     ရန်သူတပါးအမျိုးသားများ ကာလနာရောဂါကျရောက်ခြင်း (၁၄:၁၂-၁၅)

(ဒ)       ကြွင်းကျန်သောတပါးအမျိုးသားများသည် ယေရုရှလင်မြို့၌ ဝတ်ပြုကိုးကွယ်မှု မပြုလျှင် ကပ်ရောဂါဆိုး သင့်စေမည် (၁၄:၆-၁၉)

(ဓ)       သာမန်လူ့အသုံးအဆောင်များ ယဇ်ပူဇော်ရာတန်ဆာပလာဖြစ်သွားခြင်းနှင့် ဘုရားသခင်၏ အိမ်တော်တွင် စျေးခင်းမလုပ်ရခြင်း (၁၄:၂၀-၂၁)

Previous Article