ဇေဖနိအနာဂတ္တိကျမ်း ၁

၁။ အပြစ်စီရင်ရန် ဘုရားသခင်၏သဘောထား ဆုံးဖြတ်ချက် (အခန်း ၁)

(က) ကမ္ဘာမြေတဝှမ်းလုံးတွင် (:)

ပရောဖက်များကို အဘအမည်နှင့် ရံဖန်ရံခါ အဖိုးအမည်အထိ ဖော်ပြလေ့ရှိသည်မှာ ယုဒလူတို့သည် မျိုးရိုးစဉ်လာကိုအလေးထားကြသောကြောင့် ဖြစ်သည်။ ယနေ့ခေတ်ကာလတွင် မိကောင်းဖခင်သားသမီးဟု ပြောကြသလိုဖြစ်သည်။ ဤကျမ်းပိုဒ်တွင် ဇေဖနိကို ကုရှိ၏သား ဖြစ်ကြောင်းမျှသာမက ရှေးဘိုးဘေးစဉ်ဆက် (၄)ဆက်ထိ ဖော်ပြရာ ယုဒမင်းမြတ် ဟေဇကိအားဖြင့် အမျိုးမှန်ကြောင်း သိစေသည်။

ဤအခန်းတွင် ကမ္ဘာမြေတပြင်လုံး ဖျက်ဆီးပစ်မည်။ အထူးသဖြင့် ယုဒပြည်နှင့်ယေရုရှလင်မြို့အား လွင်တီးခေါင်ဖြစ်စေမည်ဟု ပရောဖက်ပြုထားသည်။ အကြွင်းမချန် သုတ်သင်မည်ဟုဆိုသည်။

() ရုပ်တု၊ ဆင်းတုကိုးကွယ်သောကြောင့် ယုဒပြည်နှင့် ယေရုရှလင်မြို့ကိုလည်းစီရင်မည် (:)

ရုပ်တုဆင်းတုဖြစ်သော အမ္မုန်တို့၏ဘုရားမိလကောမ၊ ဗာလဘုရားနှင့် ​ကောင်းကင်တန်ဆာ (ကြယ်တာရာများ)ကို ကိုးကွယ်ကြသော အပြစ်ဒုစရိုက်ကြောင့် ယုဒပြည်သားများသည် အပြစ်စီရင်ဆုံးမခြင်း ခံရမည်။

() ပူဇော်သက္ကာပြုခြင်းနှင့် ဘုရားသခင်၏နေ့ရက် (:၁၃)

() အာဂန္တုများယုဒရန်သူများ (:)

          ဘုရားသခင်သည် ယဇ်ပူဇော်ပွဲပြင်ဆင်နေပြီ။ ယုဒလူများမှာ ယဇ်ကောင်ဖြစ်၍၊ ဗာဗုလုန်သားများမှာ ဧည့်သည်အာဂန္တုများဖြစ်သည်။

() ယဇ်ကောင်ဆိုးညစ်သောယုဒလူမျိုး (:-၁)

          ရုပ်တုဆင်းတုကိုးကွယ်ခြင်း သူတပါးအား အကြမ်းဖက်ခြင်းနှင့် လှည့်စားရယူခြင်း အပြစ်များကြောင့် ယုဒလူမျိုးကို ဘုရားသခင်က အပြစ်စီရင်မည်။ ထိုနေ့ရက်တွင် ကျူးကျော်သူတို့က သတ်ဖြတ် လုယက်ကြသဖြင့် ငါးတံခါးဝမှာ အော်ငြီးငိုသံကို၎င်း၊ ဒုတိယမြို့၌ ငိုကြွေးြည်တမ်းသံကို၎င်း၊ တောင်ရိုး၌ ပြင်းစွာချိုးဖျက် သံကို၎င်း ကြားရကြလိမ့်မည်။

() သခင်ဘုရားနေ့ရက်၏ ကြောက်မက်ဖွယ်အချင်းအရာ (:၁၄၁၈)

          သခင်ဘုရားနေ့ရက်အကြောင်းကို ဤကျမ်းပိုဒ်တွင် ပီပြင်စွာပုံဖော်ထားသည်။ လူသားတို့၏ အကျင့်စရိုက်ဆိုးညစ်မှုများကြောင့် သူတို့အပေါ်တွင် အထူးသဖြင့် ယုဒလူမျိုးများပေါ်တွင် ဘုရားသခင်၏အမျက် ဒေါသကျရောက်မည်။ စစ်မက်ဖြစ်ပွားခြင်း၊ ကြောင့်ကျစိုးရိမ်သောကဖိစီးခြင်း၊ သတ်ဖြတ်ခြင်းများဖြစ်ပွားမည်။ လက်တင်ဂန္တဝင် ဓမ္မတေးသီချင်းတစ်ပုဒ်သည် ထိုအကြောင်းပါ အခန်းငယ် ၁၅-၁၆အား အခြေပြုဖွဲ့ဆိုထားသည်။

၁၂၅၀ ခုတွင် ဆယ်လာနိုမြို့မှ သောမတ်စ် Thomas of Celanoဆိုသူက အပိုဒ်ငယ် ၁၅ကို အခြေခံ၍အမျက်ဒေါသသင့်ရာ ထိုနေ့ရက်ဟူ၍ ဓမ္မတေးတစ်ပုဒ်ကို သီကျူးခဲ့သည်။ ထိုနေ့ရက်တွင် အမျက် ဒေါသ၊ ဒုက္ခဆင်းရဲစိုးရိမ်သောက၊ အထီးကျန်ဆိတ်ငြိမ်မှု၊ အချည်းနှီးသက်သက် (အထီးကျန် ဆိတ်ငြိမ်ခြင်းနှင့် အချည်းနှီ:သက်သက်ကို ဟေဗြဲဘာသာစကား၌ Shoah and umeshoah ဟုဆိုရာ အသံထွက်ဆင်တူနေခြင်းမှာ အလုံးစုံပျက်သုဉ်းမှု၏နိမိတ်ပုံဆောင်နေသည်) မှောင်မိုက်ကျခြင်း၊ ဝေဝါး ခြင်း၊ မှုန်မှိုင်းခြင်း၊ မြူခိုးထူထပ်ခြင်း၊ တံပိုးခရာမှုတ်ခြင်း၊ မြို့ရိုးပြအိုးတို့မှ မြို့တော်အား ကာကွယ်ကြဖို့ တပ်လှန့်သတိပေးသံများ သောသောညံအောင် ကြားရမည်။

ဘုရားသခင်သည် မိမိလူများကို ချစ်တော်မူသောကြောင့် သဝန်တိုသဖြင့် တုပြိုင်ဘက်ယှဉ်အန်တုလာသူ များအား ဆုံးမအရေးယူမည်။

Previous Article
Next Article