တရားသူကြီးမှတ်စာ ၁၈

() မိက္ခာနှင့် ဒန်အမျိုး (အခန်း ၁၈)

          ၁၈: ထိုကာလတွင် ဒန်အမျိုးသည် မိမိတို့ဝေစုပိုင်မြေကို မတင်းတိမ်နိုင်သဖြင့် နယ်မြေသစ် လိုက်လံရှာဖွေကြသည်။

(အပိုဒ်ငယ် ၁တွင် ပါရှိသည့် ဒန်လူမျိုးတို့ အမွေခြေမခံရဆိုသည်မှာ ယောရှုက ကတိတော်မြေခွဲဝေပေးစဉ် ဝေစုမရကြဟု ဆိုလိုသည်မဟုတ်။ မြေနေရာကျဉ်းသည်ဟု အဓိပ္ပါယ်ရသည်)။ နယ်မြေသစ်ရှာဖွေဖို့ ဒန်လူမျိုးတို့ လွှတ်လိုက်သော သူရဲကောင်းငါးဦးသည် ဧဖရိမ်တောင်ပေါ်ဒေသရှိ မိက္ခာအိမ်ပေါ်သို့ ရောက်လာကြသည်။ ထိုအိမ်ပေါ်တွင် လေဝိသူငယ်ကို တွေ့ရှိရာ ထိုသူအား သူတို့အကြံအစည် အောင်မြင်မည် မအောင်မြင်မည် အကြောင်း နိမိတ်လက္ခဏာဖတ် ခိုင်းသည်။

၁၈:၁၃ ထိုသူရဲကောင်း ငါးဦးသည် မြောက်ဘက်အရပ်ရှိ လဲရှမြို့ကို သွားရည်ကျနေကြသည်။ အကွက်ကောင်းလည်း တွေ့ရကြသည်။ ထိုမြို့သူမြို့သားများသည် ရန်လိုသူများ မဟုတ်ဘဲ၊ အေးအေးလူလူ နေထိုင်သူများဖြစ်သဖြင့် ဝင်ရောက်စီးနင်းရန် အခွင့်အလမ်းရှိသည်။ အိမ်နီးနားချင်းများနှင့်လည်း စစ်ရေးစစ်ရာ ပြိုင်ဆိုင်ခြင်း၊ မဟာမိတ်ပြုခြင်းမရှိကြ။၁၃

သို့ဖြင့် ဒန်လူမျိုးခြောက်ရာတို့သည် လဲရှမြို့အား စီးနင်းသိမ်းပိုက်ရန် စစ်ချီကြသည်။

၁၈:၁၄၂၆ လဲရှမြို့သိမ်းပိုက်ပြီးသောအခါ သူရဲကောင်းငါးဦးသည် စစ်သည်တော်များနှင့်အတူ မိက္ခာအိမ်သို့ ပေါက်ချလာကြပြန်သည်။ မိက္ခာအိမ်ပေါ်ရှိ ရုပ်တုဘုရားများကို သိမ်းယူ၍ လေဝိပရောဖက်ကိုလည်း ခေါ်ဆောင်သွားကြသည်။ မိက္ခာမိသားစု၏ ယဇ်ပုရောဟိတ်လုပ်ခြင်းထက် ဒန်လူမျိုးတစ်မျိုးလုံး၏ ယဇ်ပုရောဟိတ်လုပ်ခြင်းက ပိုမိုသင့်တယ်သည်ဟု မဲဆွယ်ကြသည်။ မိက္ခာနှင့်မြို့သူ မြို့သားများသည် ထိုနိုင်ထက်စီးနင်းပြုသူများ နောက်သို့ လိုက်သွားသော်လည်း တကယ်မတိုက်ခိုက်ရဲသဖြင့် လမ်းတစ်ဝက်မှ လက်ချည်းဗလာဖြင့် ပြန်လှည့်လာကြသည်။

၁၈:၂၇၃၁ ဒန်လူမျိုးတို့သည် လဲရှမြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးသောအခါ ဒန်လူမျိုး၏မြို့အဖြစ် နာမည်ပြောင်းလိုက်ကြသည်။ ရုပ်တုဘုရားတုများပြုလုပ်ကြသည်။ မောရှေ၏သား (NKJV) ဂေရရှုံ၏သား ယောနသန်အား ယဇ်ပုရောဟိတ်အရာခန့်ထားကြသဖြင့် သားစဉ်မြေးဆက် ယဇ်ပုရောဟိတ်အရိုက်အရာ ခံကြသည်။

ယေဘူယျအားဖြင့် တရားသူကြီးမှတ်စာတွင် မနာရှေ (KJV, NASB)ဟုသာ ဖော်ပြသည်။ ယုဒကျမ်းစာ ကူးယူသူများက မှားရေးခြင်းဖြစ်နိုင်သည်။ အချို့ကျမ်းမူများတွင် မောရှေ၏ ဂုဏ်သိက္ခာ မထိုခိုက်စေလိုသောကြောင့် မောရှေ၏ အမည်ကို ချန်လှပ်ထားကြသည်၁၄ဟု ဆိုကြသည်။

ယောနသန်ဟူသည့် နာမည်သည် လေဝိအမျိုးနာမည်ဟု ထင်မြင်ယူဆရသည်။ ထိုခေတ်ကာလမှစ၍ ဒန်မြို့သည် ရုပ်တုဆင်းတုဘုရားတု ပေါများရာ နေရာဒေသဖြစ်လာသည်။ နောင်တွင် ယေရုဘုမ်က ရွှေနွားရုပ်တပ် တည်လာသည်။ အပိုဒ်ငယ်(၃၀)တွင် ပါရှိသည့် သိမ်းဆည်းသွားခြင်းအကြောင်းကို အသေအချာမသိရပါ။ ၁ရာ ၄:၁၁ တွင်ပါရှိသည်။ ဖိလိတ္တိတို့သိမ်းပိုက်ခြင်းအား ၄ရာ ၁၅:၂၉ တွင် တွေ့ရသည်။ အရှုရိယာန်တို့ သိမ်းပိုက်ခြင်းအား မကွဲပြားပါ။

ဒန်လူမျိုးအားလုံး လဲရှသို့ ပြောင်းရွှေ့ခြင်းမပြုသကဲ့သို့ လူအမျိုးတစ်ခုလုံးရုပ်တုဘုရားတု ကိုးကွယ်ခြင်းလည်းမဟုတ်ပါ။ အချို့က ယုဒပြည်နှင့် ဧဖရိမ်မြေအကြားတွင် ရှိနေကြသည်။ နာမည်ကျော် ရှံဆုန်သည် ကျန်ရစ်ခဲ့သော ဒန်လူမျိုးစုထဲမှ ပေါက်ဖွားလာသည်။

Previous Article
Next Article