တရားသူကြီးမှတ်စာ ၁

၁။ ရှေ့နောက်ဆင်ခြင်ခြင်း (::)

(က) အတိတ်ကိုပြန်လှည့်ကြည့်ခြင်း (::၁၀)

          : ယောရှု ကွယ်လွန်(၂:၈) ပြီးသောအခါ ယုဒအမျိုးအနွယ်တွင် ခါနန်လူများကို ဦးဆောင်တိုက်ခိုက်မည့် စစ်ခေါင်းဆောင် လိုအပ်လာသည်။ စစ်အောင်နိုင်မည့်အကြောင်း ကတိတော်ရှိသော်လည်း ယုဒသည် ရှိမောင်ကို စစ်ကူစစ်ဘက် လက်ထောက်အဖြစ် ခေါ်ဆောင်သွားသည်။ ထိုသို့ ပြုလုပ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား အကြွင်းမဲ့ မကိုးစားရာ ရောက်ပါသည်။

: ပထမဆုံးစစ်ဦးအောင်ပွဲမှာ ဗေဇက်မြို့ သိမ်းပိုက်နိုင်ခဲ့သည်။ လူပေါင်းတစ်ထောင်ကျော်ခန့် ချေမှုန်းသုတ်သင်၍ ဗေဇက်မင်း အဒေါနိဗေဇက်ကို ဖမ်းဆီး၍ လက်မ၊ ခြေမတို့ကို ဖြတ်ပစ်သည်။ ထိုသို့ခြေမ လက်မဖြတ်ပစ်ခြင်းသည် အဒေါနိဗေဇက်မင်းက အခြားမင်းကြီး(၇၀)ပါးတို့၏ ခြေမလက်မဖြတ်ပစ်ခဲ့သည့် အပြစ်ဝဋ်ကြွေးလည်ခြင်း ဖြစ်သည်။ ထိုမင်းအားကွပ်မျက်ရန် ဘုရားသခင်က အမိန့်ပေးခဲ့(တရား၇:၂၄) ဖူးသော်လည်း ဣသရေလတို့သည် ချက်ချင်းလိုက်ဆောင်ရွက်ခြင်း အပြုဘဲ ယေရုရှလင်သို့ ဒုက္ခိတဘဝဖြင့် ခေါ်ဆောင်ညှဉ်းပန်းကြသည်။ များမကြာမီ သေရွာသို့လားသည်။ အစကတည်းက ယဉ်သကိုးစဆိုစကားအတိုင်း ဣသရေလတို့သည် ဗေထိဆိုသည်နှင့် တပြိုင်နက် နှုတ်ကပတ်တော် ချိုးဖောက်ကြလေပြီ၊ တစ်ဝက်တပြက် လိုက်နာကြသော်လည်း မနာခံမှုက ပိုများသည်။ ထို့ကြောင့် မနာခံမှု၏ ဆိုးကျိုးများကို ရှေ့ဆက် ကြုံတွေ့ရကြဦးမည်။

: ယုဒသည် ယေရုရှလင်မြို့ကိုလည်း လုပ်ကြံသိမ်းပိုက်သည်။ သို့သော်လည်း ယုဒသည် ယေရုရှလင်ဒေသခံလူ ယေဘုသိလူမျိုးများအား လုံးလုံးလျလျ ဖယ်ရှင်းခြင်း မပြု(ယောရှု ၁၅:၂၁-၆၃ အနက်ဖွင့်ကျမ်းကိုကြည့်)။ ဒါဝိဒ်မင်းလက်ထက်တိုင်အောင် ရှိနေကြသည် (၂ရာ ၅:၆-၇)။

:၁၅ ယုဒက ဟေဗြုန်ကို လုပ်ကြံသိမ်းပိုက်ကြောင်းတွေ့ရသည်။ ယောရှု ၁၄နှင့် ၁၅တွင် ဤမြို့ကိုကာလတ် တိုက်ခိုက်သိမ်းပိုက်ထားသည်ဟု ဆိုသည်။ ဝိဝါဒကွဲပြားစရာမရှိပါ။ ကာလတ်သည် ယုဒ အမျိုးအနွယ်ဖြစ်သည်။ ထို့ကြောင့် ဤအပိုဒ်ငယ် ၉-၁၀ တွင် ပါရှိသည့် ဟေဗြုန်တိုက်ခိုက်သိမ်းပိုက်ခြင်းသည် ကာလက်၏ အောင်နိုင်ခြင်းကို ဆိုလိုသည် (ငယ် ၂၀နှင့် ယှဉ်ဖတ်)။ ယောရှုလွန်နေ့ရက်များတွင် ကိရယသာဖါကို ဩသနေလက အောင်မြင်ကြောင်း ငယ် ၁၁-၁၅တွင် ထပ်မံတွေ့ရသည်။ ထိုအကြောင်းကို ယောရှု ၁၅:၁၆-၁၉ တွင် ပါရှိပြီးဖြစ်သည်။

:၁၆ မောရှေ၏ ယောက္ခမမျိုးနွယ် ကေနိအမျိုးသားများသည် ယုဒလူမျိုးနှင့်အတူတကွ ဆက်လက်နေထိုင်ကြသော်လည်း အမှန်တကယ် အသက်တာပြောင်းလဲခြင်းမရှိကြ။

:၁၇၂၁ ယော်မာ၊ ဂါဇာ၊ အာရှကေလုန် နှင့် ဧကြုန်မြို့များကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ကြသော်လည်း ယုဒသည် အောင်မြင်မှုဆုံးခန်းတိုင် မရောက်သေး။ ယုဒသည် တောင်ပေါ်ဒေသများကို တိုက်ခိုက် သိမ်းပိုက်နိုင်သော်လည်း မြေပြန့်ဒေသသားများကိုမူ မတိုက်ထုတ်နိုင်။ အဘယ်ကြောင့်ဆိုသော် မြေပြန့်ဒေသသားများသည် သံရထားသုံးကြသည်။ နောက်တဖန်တိုက်ခိုက်ဝံ့ စိတ်လည်းမရှိ။ အပိုဒ်ငယ် ၂၁တွင် ပါရှိသည့်ယေရှုရှလင်မြို့ သိမ်းပိုက်ခြင်း အကြောင်းသည် ဒါဝိဒ်မင်း မတိုင်မီက အကြောင်း အရာဖြစ်သည်။

:၂၂၂၆ ယောသပ်အမျိုး၏ စစ်ရေးအောင်ပွဲဖြစ်သည်။ (ဤတိုက်ပွဲသည် ယောရှုအသက် ထင်ရှားစဉ် (ယောရှု ၁၂:၁၆) ဗေသေလ အောင်ပွဲအကြောင်းဖြစ်သည်။ ဟေဗြုန်နှင့်ကိရယသာဖါကို အောင်မြင်သိမ်းပိုက်ခြင်းအား နောက်ထပ်တဖန်ဖော်ပြခြင်းဖြစ်သည်။ လုဇမြို့ ခေါ် ဗေသေလမြို့အား လုပ်ကြံသိမ်းပိုက်ကြသည်။ သို့သော် လူမျိုးတစ်မျိုးချင်း၏ လုပ်ဆောင်ချက်မဟုတ်ဘဲ ပူးပေါင်းလုပ်ဆောင်ခြင်း အမှားပြုမိကြသည်။ ထို့နောက် ဟိတ္တိအရပ် ဒေသတွင် လုဇအမည်ဖြင့် အခြားမြို့သစ်တည်ကြသည်။ အတိတ်နိမိတ်မကောင်းသော အမည်နာမကို စွဲလန်းကြသည်။

:၂၇၃၆ ပြည်တော်၏ ဗဟိုချက်မနှင့် မြောက်ပိုင်းအရပ်ဝေစုရကြသော လူမျိုးများသည် ဒေသခံခါနန်လူမျိုးများအား အကုန်အစင်ရှင်းလင်းမောင်ထုတ်ခြင်း မပြုကြပါ။ ဗင်္ယာမိန် (ငယ် ၂၁)၊ မနာရှေ (ငယ် ၂၇-၂၈)၊ ဧဖရိမ်(ငယ် ၂၉)၊ ဇာဗုလုန် (ငယ် ၃၀)၊ အာရှာ (ငယ် ၃၁-၃၂)၊ နဿလိ (ငယ် ၃၃)နှင့် ဒန် (ငယ် ၃၄-၃၆)တို့တွင် တွေ့ရသည်။

Previous Article
Next Article