တရားသူကြီးမှတ်စာ ၂၀

() ဗင်္ယာမိန်အမျိုးနှင့် စစ်ဖြစ်ကြခြင်း (အခန်း ၂၀၂၁)

          ၂၀:၁၄ ဗင်္ယာမိန်အမျိုးမှလွဲ၍ ဣသရေလလူမျိုးခေါင်းဆောင်များသည် ထိုအဖြစ်အပျက်အား ကြားနာကြရန် ဗီဇပါအရပ်၌ စည်းဝေးကြသည်။ အမှုအရာကြားနာကြပြီးသောအခါ ဂိဗာမြို့သို့ ချီတက်၍ ဗင်္ယာမိန်လူတို့အား တိုက်ခိုက်ရန် ဆုံးဖြတ်ကြသည်။ သို့သော် ဗင်္ယာမိန်လူတို့အား ထိုပြဿနာဖြေရှင်းရန် ဦးစွာ အခွင့်အလမ်းပေးကြသည်။ ဗင်္ယာမိန်လူတို့က ထိုကမ်းလှမ်းချက်မလိုက်နာကြသောကြောင့် ပြည်တွင်းစစ် ဖြစ်ရသည်။

၂၀:၁၅၄၈ ယောရှုကွယ်လွန်ပြီးနောက်တွင် ဖိနဟတ်သည် ယဇ်ပုရောဟိတ်ကြီးဖြစ်လာသည် (ငယ် ၂၈)။ ဗင်္ယာမိန်အမျိုးတွင် စစ်သည်တော် အင်အား(၂၆၇၀၀)ရှိ၍ အခြားတစ်ဘက်အုပ်စုတွင်တိုက်ခိုက်ရေး အင်အား ၄၇၀၀၀ (ငယ် ၁၅-၁၇)ရှိသည်။ တိုက်ပွဲစလျှင် စချင်း ဗင်္ယာမိန်အမျိုး ၂၂၀၀၀ ယောက် ကျဆုံးသည်။ ဒုတိယအချီတွင် ဣသရေလလူ ၁၈၀၀၀သေဆုံးသည်။ ထိုသို့ဣသရေလတို့ စစ်ရေးနိမ့်ခြင်းမှာ ဘုရားသခင်အား မကိုးစားကြခြင်းဖြစ်သည်။  နောက်ပိုင်းတွင် မိမိကိုယ်ကို နှိမ့်ချ၍ ဘုရားသခင်ကို ကိုးစားယုံကြည်လာကြသောအခါ တိုက်ပွဲအောင်မြင်ကြကြောင်း အငယ် ၂၈၊ ၂၃၊ ၂၆၊ ၂၈ တို့တွင် တွေံရသည်။ တတိယအချီတွင်မူ  ဣသရေလတို့သည် ပုံးပေါ်စစ်နည်းဗျူဟာ ကျင့်သုံးကြသည်။ ဗင်္ယာမိန်လူများအား ဂိဗာမြို့မှ ဝေးရာသို့ အယောင်ဆောင် ခေါ်ထုတ်သွားကြသည်။ လိုက်လာသောစစ်သားများအား အသင့်စောင့်နေသော တပ်ဖွဲ့က ဝိုင်းရံပျားတုတ်ကြသကဲ့သို့ အချို့က ဗင်္ယာမိန်တို့ နောက်ပိုင်းဌာနချုပ် ဂိဗာမြို့အား ရှင်းပစ်ကြသည်။ ထိုတိုက်ပွဲတွင် ဗင်္ယာမိန်အမျိုး ၂၅၁၀၀ သေကြေကြသည်။

တိုက်ပွဲ သုံးပွဲစလုံးတွင် ဗင်္ယာမိန်အမျိုး ၂၆၁၀၀ တိမ်းပါးကြသည် (ငယ် ၁၅၊ ၄၇)။ (ပထမ နှစ်ရက်တွင် လူပေါင်း ၁၀၀၀ တိမ်းပါးသည်)။ အပိုဒ်ငယ် ၃၅နှင့် ၄၄-၄၆ တွင်ပါရှိသည့် လူဦးရေသည် ထိခိုက်ဒဏ်ရာရရှိသူများဖြစ်သည်။ လူပေါင်းခြောက်ရာသည် ရိမ္မုန်ကျောက်ဆောင်တွင် လေးလလုံးလုံး ပုန်းခိုကြသည် (ငယ် ၄၇) လူမျိုးတစ်မျိုးလုံးပြန့်ကြဲကုန်သည်။

Previous Article
Next Article