တရားဟောရာကျမ်း ၁၅

() အကြွေးရှင်များနှင့်ကျေးကျွန်များသက်ညှာခြင်း (အခန်း ၁၅)

          ၁၅: ခုနှစ်နှစ်ပြည့်လွန်တိုင်း ဣသရေလလူမျိုး၏ အကြွေးကိ လျှော်ပစ်ရမည်။ ခုနှစ်နှစ်ဆိုသည်မှာ ဥပုသ်နှစ်ဖြစ်သည်။ ယုဒလူများကို အကြွေးလျှော်ပစ်ရသော်လည်း အခြားလူမျိုးကြွေးရှင်နှင့်မသက်ဆိုင်။ ယုဒလူမျိုးနှင့်သာ သက်ဆိုင်သည်။ ထိုအကြောင်းကို Matthew Hery က ဤသို့ဆိုသည်။

သတ္တမနှစ်မြောက်တိုင်းသည် လွတ်ငြိမ်းချမ်းသာပေးသောနှစ်ဖြစ်သည်။ အစေခံများ အလုပ်လွှတ်ရသကဲ့သို့ မြေကြီးကိုလည်း အနားပေးရသည်။ သူများထံမှ ချေးယူထားသော အကြွေးများလည်း ထိုနှစ်တွင် လျှော်ပစ်ရသည်။ သို့သော်လည်း ပေးနိုင်ပါလျက်နှင့် ခုနှစ်နှစ်ပြည့်မြောက်အောင် ပေကပ်မနေရ။ အမှန်တကယ် မပေးနိုင်လျှင် လျှော်ပစ်ရမည်။ ထို့နောက်ပိုင်းတွင်လည်း တရားဥပဒေအရ တောင်းဆိုခွင့်မရှိ။

            “ခုနှစ်” ဟူသောဂဏန်းသည် သမ္မာကျမ်းစာတွင် ပြည့်စုံခြင်း သင်္ကေတဖြစ်သည်။ ဤကျမ်းချက်တွင်လည်း အချိန်စေ့ခြင်းကိုဆိုလိုသည်။ အချိန်စေ့သဖြင့် ဘုရားသခင်က သားတော်အား အပြစ်သားများထံသို့စေလွှတ်ခြင်းမျိုးဖြစ်သည်။ ဘုရားသားတော် စေလွှတ်သောနှစ်သည် ယုဒလူများအတွက် (ငယ်၃)သာမဟုတ်ပါ။ လူသားအားလုံးနှင့် သက်ဆိုင်သည်။

၁၅: အပိုဒ်ငယ် ၄နှင့်၁၁တွင် ပါရှိသော “ဆင်းရဲသားမရှိစေရ” ဟူသော စကားရပ်ကို ဝိရောဓိ ဖြစ်နိုင်ဖွယ်ရာရှိသည်။ အပိုဒ်ငယ် ၁၁သည်ထာဝစဉ် ဆင်းရဲသူများကို ဆိုလိုသည်။ Bullinger ၏ ရှင်းပြချက်ကို စစ်ကူခေါ်ချင်ပါသည်။ အပိုဒ်ငယ် ၄ တွင် “သင်တို့အထဲ၌ ဆင်းရဲသူမရှိရေး” ဟု ဆိုထားခြင်းမှာ အချင်းချင်းကြားတွင် သူဆင်းရဲမရှိအောင် (၇)နှစ်တစ်ကြိမ် အကြွေးလျှော်ပစ်ရမည်ဟု ဆိုလိုသည်။ ထိုသို့ အကြွေးလျှော်ပစ်သောကြောင့် ကြွေးမြီရှင်က နစ်နာမသွားပါ။ လျှော်ပစ်ရသောအဖိုးအခထက် အဆပေါင်းများစွာ ဘုရားရှင်က ဆပ်ပေးသည်။ ကောင်းကြီးချပေးသည်။ အပိုဒ်ငယ် ၁၁တွင် ပါရှိသည့်ဆင်းရဲသားဆိုသည်မှာ ထာဝစဉ် ဆင်းရဲသူများဖြစ်၍ ခဏတဖြုတ်ချေးငှါးလိုက်၊ မကြာခဏတောင်းစားလိုက်၊ ဆိတ်ပါးစပ်နှမ်းပက် ပေးကမ်းလိုက်ခြင်းဖြစ်သည်။

၁၅:၁၁ သတ္တမနှစ်တွင် အကြွေးလျှော်ပစ်မည်ကို နှမြောတသသောအားဖြင့် သတ္တမနှစ်ရောက်ခါနီးတွင် အကြွေးပေးကမ်းမပြုဘဲမနေရ။ ထိုသို့အကြွေးချေးလိုက်ရန်ငြင်းဆန်ခြင်းသည် ဆိုးသောအကျင့်ဖြစ်သည်။ ယုဒလူမျိုးများသည် အကြွေးပေးငှါးရမ်းခြင်းမလွတ်ကင်းစေရ။ ပေါလုကလည်း ဤအပိုဒ်ငယ် ၁၀မှ မောရှေ စကားကို ကိုးကာ၍ ၂ကော ၉:၇တွင် စိတ်သဒ္ဓါကြည်လင်ရက်ရောစွာပေးကမ်းခြင်းကို ဘုရားသခင် နှစ်သက်တော်မူသည်” ဟုဆိုထားသည်။ ဤကျမ်းစကားသည် အမိန့်ပေးခြင်းသာမက ကတိတော်လည်း ဖြစ်သည်။ “စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတစ်ပါးကို ရေလောင်းသူသည် ကိုယ်တိုင်ရေလောင်းခြင်းခံရမည်” (သု၁၁:၂၅)။

၁၅:၁၂၁၅ သတ္တမနှစ်ရောက်လျှင် ဟေဗြဲကျွန်တစ်ယောက် လွှတ်ပေးရသည် (ငယ် ၁၂-၁၈)။ သို့သော်လည်း လက်ချည်းဗလာမလွှတ်ရ။ ဣသရေလလူများ အဲဂုတ္တုပြည်မှ ထွက်လာကြစဉ် ရွှေတွဲလွဲ၊ ငွေတွဲလွဲဖြင့်ထွက်လာဖို့ ဘုရားရှင်စီစဉ်ပေးသည်ကို ကိုယ်ချင်းစာနာတတ်ရမည် (ထွ ၁၂:၃၅၊၃၆)။ ထိုကဲ့သို့ပင် အစေခံကျွန်အား လွှတ်လိုက်သောအာခါ ကိုယ်လုံးတီးမလွှတ်ရ။ ဘုရားသခင်က သင့်အပေါ်သို့ ကောင်းမှုချမ်းသာ ပေးခဲ့သကဲ့သို့ သင့်ညီအစ်ကိုများကိုလည်း သင်နှင့်ထပ်တူ ခံစားစေပါဟု ဘုရားရှင်က ရွှေပညတ်တော် ပြဌာန်းပါသည်။

၁၅:၁၆၁၈ အခြားတစ်ဘက်တွင် ထိုဟေဗြဲကျွန်သည် လွတ်ငြိမ်းချမ်းသာခွင့်မယူဘဲ၊ အစေခံကောင်းအဖြစ် တစ်သက်လုံး ကျွန်ခံချင်ကောင်းခံချင်မည်။ ထိုသို့ဆိုလျှင် တံခါးဝတွင် သူ့နားရွက်ကို စူးဖြင့်ဖောက်ရမည်။ ကျေးကျွန်သည် အစေခံ၏ နှစ်ဆ အလုပ်အကျွေးပြုခဲ့ပြီးဖြစ်၍ နှမြောတွန့်တိုခြင်း မရှိရ။

၁၅:၁၉၂၃ အပိုဒ်ငယ် ၁၉သည် အပိုဒ်ငယ် ၁၆၊ ၁၇ ၏အဆက်ဖြစ်သည်။ ယေဟောဝါဘုရားနှင့်အတူ ခါနန်ပြည်သစ်တွင် စိုးစံကြမည့် ဣသရေလတို့ လိုက်နာကျင့်ဆောင်ရမည့် တာဝန်ပြဌာန်းချက်ဖြစ်သည်။

၁။ ပထမဦးဆုံးမွေးသောတရိစ္ဆာန်ကို ဘုရားရှင်ထံပူဇော်ရမည် (၁၅:၁၉-၂၃)

၂။ ပသခါပွဲနှင့်တဆေးမဲ့မုန့်ပွဲကျင်းပရမည် (၁၆:၁-၈)

၃။ သီတင်းပတ်ပွဲတော်(သို့) ပင်တေကုတ္တေနေ့ပြုလုပ်ရမည် (၁၆:၉-၁၅)

၄။ တဲတော်ပွဲကိုလည်း ပွဲခံရမည် (၁၆:၁၃-၁၇)

စင်ကြယ်သောတိရစ္ဆာန်ပထမဆုံးမွေးသည့် အကောင်ကို ဘုရားသခင်ထံယဇ်ပူဇော်ရမည်။ ရွှေပွဲလာမည့်ပရိသတ်များသည် ထိုယဇ်ကောင်ကို စားသုံးခွင့်ရှိကြသော်လည်း အသွေးမစားရ။ ထိုပူဇော်မည့် ယဇ်ကောင်သည် အပြစ်အနာအဆာကင်းရမည်။ စင်းလုံးချောဖြစ်ရမည်။

Previous Article
Next Article