တရားဟောရာကျမ်း ၁၉

() ရာဇဝတ်မှု (အခန်း ၁၉)

          ၁၉:၁၀ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် ဘေးမဲ့ခိုလှုံရာမြို့(၃)မြို့ထူခဲ့ပြီးပြီ။ ယခုအနောက်ဘက် ကမ်းတွင် ဘေးမဲ့ခိုလှုံရာမြို့(၃)မြို့ထပ်မံတည်ထားခိုင်းသည်။ လူသတ်မှုကျူးလွန်မိသူများကလဲ့စား ခြေခြင်း၊ မခံရအောင် ခိုလှုံစေခြင်းဖြစ်သည် (ငယ် ၁-၇)။ အထက်ကျမ်းပိုဒ်များတွင် ဆိုခဲ့ပြီးသည့်အတိုင်း ဘေးမဲ့ခိုလှုံရာ (၆)မြို့ပြည့်အောင်တည်စေသည် (ငယ် ၈-၁၀)။ ယော်ဒန်မြစ်အနောက်ဘက်ကမ်းရှိဘေးမဲ့မြို့(၃)မြို့မှာ ကေဒေရှ၊ ရှေခင်နှင့် ဟေဗြုန်(ယောရှု ၂၀:၇) တို့ဖြစ်သည်။

၁၉:၁၁၁၃ ထိုမြို့များသည် လူသတ်သမားအား ကွင်းလုံးကျွတ်အပြစ်မဲ့ခိုလှုံစေခြင်းမဟုတ်။ တရားနှင့်အညီ စီရင်ခြင်းမပြုမီသွေးကြွေးတောင်းခြင်း မခံရအောင် လုံခြုံမှုပေးခြင်းဖြစ်သည်။ အချိန်တန်လျှင် လူကြီးသူမများက စစ်ဆေးရသည်။ ရာဇဝတ်မှု တမင်ကလာကျူးလွန်လျှင် ကျူးလွန်သည့်အတိုင်း ကိုယ့်ထိုက် ကိုယ်ကံဖြစ်သည်။

၁၉:၁၄ နယ်ခြားမှတ်တိုင်ဆိုသည်မှာ အရပ်ဒေသတစ်ခုအား ပိုင်ဆိုင်မှုအမှတ်အသားပြဌာန်းခြင်း ဖြစ်သည်။ ကျောက်တုံး၊ ကျောက်တိုင် စိုက်ထူလေ့ရှိသည်။ မသမာသူများက ထိုကျောက်တိုင်များကို လူခြေတိတ်ဆိတ်သော ညဉ့်နက်ယံများတွင် တစ်ဖက်သို့ တိုးရွှေ့ကြသည်။ ဤကျမ်းချက်တွင် အကြောင်းအရာ ကြားညှပ်ထည့်သွင်းခြင်းသည် တရားဓမ္မမှန်ကန်စွာ စီရင်ရေးကို သွန်သင်ခြင်းဖြစ်သည်။ ဘေးမဲ့ခိုလှုံရာမြို့သည် တရားအမှားနှင့်အမှန် ခွဲခြားစေရာ သက်သေခံခြင်းဖြစ်သည်ဟု ပြောရန်ခက်ခဲသော်လည်း အခြေအနေမှန်ချင့်ချိန် ဆုံးဖြတ်နိုင်ဖို့ သွန်သင်ခြင်းဖြစ်သည်။

၁၉:၁၅၂၁ ရာဇဝတ်မှုတွင် သက်သေတစ်ယောက်တည်းဖြင့် မလုံလောက်။ အနည်းဆုံးနှစ်ဦး သုံးဦးရှိရသည်။ မှားယွင်းသောသက်သေများက ယဇ်ပုရောဟိတ်များနှင့် တရားသူကြီးများကို လှည့်ဖျားနိုင်ကြသည် (၁၇:၈-၉)။ တရားသူကြီး ခုံသမာဓိအဖွဲ့ကိုတရားသဖြင့် စီရင်အပြစ်ဒဏ်ချမှတ်ရန် ဘုရားသခင်က စီမံခန့်ထားသည် (ငယ် ၁၆-၂၁)။

“မျက်လုံးအစားမျက်လုံး၊ သွားအစားသွား” ဟူသော ဓမ္မသတ်ဥပဒေသကို Lex talionis” ဟု အနောက်တိုင်း ယဉ်ကျေးမှုတွင် ခေါ်ဆိုသည်။ (လက်တင်အယူဝါဒတွင် အလျှော်အစားဓမ္မသတ်ဟု ခေါ်သည်)။ ထိုတရားကို အချို့က အဓပ္ပါယ်ဖွင့်ဆိုချက် မှားယွင်းကျင့်သုံးကြသည်။ ထိုဥပဒေသသည် ရက်စက်မှု လိုင်စင် ထုတ်ပေးခြင်းမဟုတ်။ ကန့်သတ်ခြင်းဖြစ်သည်။ အနှစ်သာရမှာ မှားယွင်းသော သက်သေမရှိစေဖို့ ဖြစ်သည်။

Previous Article
Next Article