တရားဟောရာကျမ်း ၂၄

(၁၁) လင်မယားကွာရှင်းခြင်းနှင့်နောက်အိမ်ထောင် (၂၄:)

          ၂၄: မစင်ကြယ်သော မယားအား စိတ်တိုင်းမကျလျှင် ပြတ်စာပေး၍ ပြတ်စဲနိုင်သည်။ ထိုသို့ ပြတ်ဆဲပြီးသောကြောင့် နောက်ထိုမိန်းမသည် နော်ကအိမ်ထောင်ပြုခွင့်ရှိသည်။ ဒုတိယလင်နှင့် တဖန်ကွဲ၍ ဖြစ်စေ၊ သေဆုံး၍ ဖြစ်စေ၊ ပထမလင်နှင့် ပြန်မပေါင်းရ။ ယေဟောဝါဘုရားရှင်သည် အမျိုးသားများအား မယားကွာရှင်းခွင့်ပြုထားသည် (ယေ ၃:၁-၈)။ ယုံကြည်ခြင်းသစ္စာရှိသော ထိုမိန်းမကို တစ်နေ့သောအခါ ဘုရားရှင်က သိမ်းပိုက်ပါမည်။ လူများမချစ်နိုင်သောသူကိုလည်း ဘုရားသခင်က ချစ်ခင်မြတ်နိုးသည်။ မေတ္တာတော် လေးနက်ကြီးမားလှပေစွ။

(၁၂) လူမှုတရားအထွေထွေ (၂၄:၂၄:)

          ၂၄: ချစ်ခင်စညားခါစယောက်ျားအားပထမနှစ်အတွင်းတွင် စစ်မြေပြင်သို့မလွှတ်ရ။ မိသားစုဘဝသစ် အိုးသစ်အိမ်တည်ထောင်ဖို့၊ အချိန်ပေးရသည်။ အကယ်၍ စစ်မြေပြင်တွင် တိမ်းပါးသွားပါက သူ၏အမည်ဆက်ခံမည့် သားမရှိသဖြင့် ဣသရေလအမျိုးအနွယ်စာရင်းမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုကျန်ရစ်သော မုဆိုးမအသစ်ကလေးကို အနီးစပ်ဆုံးယောက်ျားသားက အမွေစားအမွေခံနာမည်မပြတ်စေရန်၁၆ သိမ်းပိုက်ရသည်။ ထိုမိန်းမမွေးသော ပထမဆုံး သားဦးသည် သေဆုံးသွားသော လင်သား၏ နာမည်ခံရသည်။ ထိုသို့ဖြင့် ဆွေမျိုးမိသားစုနာမည် တည်တံ့စေရသည်။

၂၄: ကြိတ်ဆုံသည် အိမ်ထောင်တစ်ခုတွင် မရှိမဖြစ်လိုအပ်ချက် အသက်သွေးကြောဖြစ်သည်။ သို့ကြောင့် ပေါင်းနှံခြင်း မပြုရ။ အပေါ်ကျောက်ဖြစ်စေ၊ အောက်ခံကျောက်ဖြစ်စေ တစ်ခုခုကိုလည်း ပေါင်နှံခြင်းမပြုရ။ အပေါ်တွင် အောက်ကျောက်ပြားပြည့်စုံမှ ကြိတ်ဆုံမည်သည်။

၂၄: ပြန်ပေးဆွဲခြင်း၊ မိမိလူမျိုးကိုကမန်အဖြစ်ရောင်းစားခြင်းပြုလုပ်သူသည် သေဒဏ်စီရင်ခြင်း ခံရမည်။

၂၄: ကုဋ္ဌနူနာရောဂါသည်များအား ကိုင်တွယ်နည်းနာ သီးသန့် ပြဌာန်းပြီးဖြစ်၍ ထိုပြဌာန်းချက်အတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင်ရမည်။ မိရအံအား မည်ကဲ့သို့ ကိုင်တွယ်ရမည်အကြောင်း လေဝိသားများသို့ ညွှန်ကြားခဲ့ပြီးဖြစ်သည်။

၂၄:၁၀၁၃ ခွင့်ပြုချက်မရှိဘ၊ သူတစ်ပါးအိမ်ယာသို့ ကျူးကျော်ဝင်ရောက်ခြင်းမပြုရ။ မရှိဆင်းရဲသားက အဝတ်အစားလာရောက်ပေါင်နှံလျှင် အပေါင်ခံပစ္စည်းကို မိုးမချုပ်မီပြန်ပေးရမည်။ သို့မှသာလျှင် ညအချိန်တွင် အိပ်စရာစောင်ရှိမည်။

၂၄:၁၄၁၅ အလုပ်သမားငှါးရမ်းခ၊ နေ့စားခများကို နေ့တွင်းချင်းအကြေအလည်ပေးခြေရမည်။

၂၄:၁၆ လူတစ်ယောက်၏ သေဒဏ်အား အခြားမည်သည့်လူကမှ ကိုယ်စား အပြစ်ဒဏ်ခံစားခွင့် မရှိ။

၂၄:၁၇၂၂ သူစိမ်းဧည့်သည်များ၊ မိဘမဲ့များ၊ မုဆိုးမများ အပေါ်သို့ တရားတော်နှင့်အညီဆက်ဆံရမည်။ မိမိလယ်ကွက်သီးနှံကိုလည်း ပြောင်စင်အောင်မရိတ်သိမ်းရ။ ကောက်ကြွင်းကောက်ကျန်များသည် မရှိဆင်းရဲသားများနှင့် မိဘမဲ့များအတွက် ဖြစ်သည်။ သံလွင်သီး၊ စပျစ်သီး ချွေသိမ်းရာတွင်လည်း အကြွင်းအကျန်ချန်ထားပေးရသည်။ ထိုအကြောင်းကို Ronald Sider က ဤသို့ဆိုသည်။

အဲဂုတ္တုပြည်မှာ ခံစားခဲ့ရသော ဆင်းရဲမွဲတေမှုနှင့် ဖိစီးနှိပ်စက်မှုများကို သတိရကိုယ်ချင်းစာနာသောအားဖြင့် မုဆိုးမများနှင့် မိဘမဲ့များကို စေတနာသဒ္ဓါရက်ရောစွာ ပေးလှူစွန့်ကြဲရသည်။၁၇

John Newton သည် အသစ်တဖန်မွေးဖွားခြင်း ခံရသောအခါ ဤပိုဒ်ငယ် ၂၂အားသတ္တုပြားပေါ်တွင် ရေးသား၍ ရောက်လေရာနေရာတွင် မြင်သာအောင် ချိတ်ဆွဲထားလေ့ရှိသည်။

Previous Article
Next Article