တရားဟောရာကျမ်း ၃၁

၄။မောရှေ၏နောက်ဆုံးနေ့ရက်များ၊ ပြည်တော်မဝင်လိုက်ရခြင်း (အခန်း ၃၀၃၄)

(က) မောရှေ၏နေရာအစားထိုးခြင်း (အခန်း ၃၁)

          ၃၁: မောရှေသည် အသက်(၁၂၀)ရှိနေပြီ။ ဘုရားသခင်က သူ့အား ယော်ဒန်မြစ်ကူး၍ ကတိတော်မြသို့ ဝင်ရောက်ခွင့်မပြုကြောင်းသိသည်။ သို့သော် သူ့လူများနှင့်အတူ ဘုရားသခင်ပါရှိမည့်အကြောင်း၊ ယောရှုက ဣသရေလလူများ ဦးဆောင်၍ ရန်သူများကိုအောင်မြင်မည့်အကြောင်းအာမခံချက် ပေးလိုက်သည်။ ယောရှုကိုလည်း လူအများရှေ့မှာ ဣသရေလလူမျိုးတို့ခေါင်းဆောင်အဖြစ် ရာထူးပုခုံးပြောင်ပေးသည်။ ယောရှုနှင့်အတူ ဘုရားသခင်ရှိတော်မူမည့်အကြောင်း အခိုင်အမာကတိပြုလိုက်သည်(ငယ်၇၊၈)။

၃၁:၁၃ ပေအက္ခရာတင်သောပညတ်တော်ကို လေဝိသားများက ပဋိညာဉ်သေတ္တာထဲတွင် သိမ်းဆည်းထားကြသည်။ ပဋိညာဉ်ကျောက်ပြား(၂)ချပ်ကို ပဋိညာဉ်သေတ္တာထဲတွင် ထည့်ထားကြသည်(ထွ ၂၅:၁၆၊ ဟေဗြဲ ၉:၄)။ မိတ္တူကို ပဋိညာဉ်သေတ္တာအပြင်ဘက်တွင် ထားရှိသည်။ ()နှစ်မြောက်တိုင် ဘုရားသခင် ရှေ့တော်တွင် ထိုပညတ်တော်အား ဣသရေလလူတိုင်းက ဖတ်ရှုရသည်။

ယနေ့ခတ်ကာလတွင် လူအများက သမ္မာကျမ်းစာဖတ်ရှုဖို့ ပေါ့ဆမေ့လျော့နေကြခြင်းသည် ဝမ်းနည်းဖွယ်ရာ ကောင်းလှပါသည်။ ထိုပညတ်တရားနှင့် လောလောလတ်လတ် တွေ့မြင်ခဲ့ရသော လူများထက် ကာလနှစ်ပေါင်းများစွာကြမျှ ယုံကြည်သူဖြစ်လာသော ယနေ့လူသားများသည် အဖန်တလဲလဲသာ၍ ဖတ်ရှုသင့်ကြောင်း C.H.Makintosh က ဤသို့ဆိုထားသည်။

ဘုရားသခင်၏နှုတ်ကပတ်တော်ကို တစ်ယောက်ဖြစ်စေ၊ လူစုလူအုပ်လိုက်ဖြစ်စေ၊ ဖတ်ရှု လေ့လာဆင်ခြင်ခြင်း မပြုကြတော့ပါ။ လူအုပ်လူစုတွင် တေးဂီတ၊ ရိုးရာဓလေ့၊ စုပေါင်း ဝတ်ပြုကိုးကွယ်ခြင်းထက် တစ်ခါတရံ တစ်ဦးတစ်ယောက်တည်း ကျမ်းစာဖတ်အာရုံပြုခြင်းလည်း အချိန်ပေးသင့်သည်။ ထောင်ပေါင်းများစွာတို့သည် ပိုက်ဆံအများအပြားကုန်ကျခံ၍ တေးဂီတပွဲ သွားရောက်ကြသော်လည်း  သမ္မာကျမ်းစာဖတ်ရှုဖို့ အချိန်မပေးနိုင်ကြ။ ဆင်ခြေဆင်လက် အကြောင်းအမျိုးမျိုးပြကြသည်။ သမ္မာကျမ်းစာဖတ်ရှုဆင်ခြင်ခြင်းသည် ဝိညာဉ်ရေးရာဆာငတ်မှုဖြစ်၍ တည်ငြိမ်တိတ်ဆိတ်စွာ ဖတ်ရှုဆင်ခြင်ကြောင်းဖြင့် ခရစ်ယာန်အစုအဝေးခိုင်မာ ကြီးထွားစေပါသည်။ ထိုစကားသည် ငြင်းပယ်၍ မရသော အမှန်စကားဖြစ်သည်။ ပတ်ဝန်းကျင်တွင်အမှန်တကယ် ဖြစ်ပျက်နေကြောင်း မမြင်ချင်သည့်အဆုံးတွေ့မြင်နေရသည်။

ဟိုစပ်စပ်၊ ဒီစပ်စပ် လူနည်းစုသာ နှုတ်ကပတ်တော် မြတ်နိုးသူတွေ့ရသော်လည်း ဘုရားရှင်၏ ကျေးဇူးတော်ချီးမွမ်းပါသည်။ စင်ကြယ်သော မိဿဟာယဖွဲ့ဖြစ်စေတော်မူပါ။ အဘိုးတန်သမ္မာတရား လေ့လာခွင့်ပေးသနားတော်မူပါ။ ဘုရားသခင်က စာရှုသူအပေါင်းအား သာ၍ ဝိညာဉ်ခွန်အား ပေးသနားပါစေ။ သာဝကခရီးသည် ဘဝဆုံးခန်းတိုင် စောင်မကြည့်ရှုပါစေ။၂၀

၃၁:၁၄၁၈ မောရှေ၏ နောက်ဆုံးနေ့ရက်ကုန်လုခင်ဖြစ်သောကြောင့် ဘုရားရှင်တော်က မောရှေနှင့် ယောရှုအား ပရိသတ်စည်းဝေးရာတဲတော်သို့ ခေါ်၍ ဘုရားရှင်တော်လည်း မိုးတိမ်တိုင်ဖြင့် ကိုယ်ထင်ပြသည် “ဣသရေလလူတို့သည် နောင်အခါတွင် ရုပ်တုဘုရားတုကိုးကွယ်လာကြမည်။ ထိုအခါ ငါဘုရားရှင်အမျက်တော်သင့်စေမည်။” ဟု ဦးစွာမောရှေအားမှာသည်။

၃၁:၁၉၂၂ သို့နောက်မောရှေအား ဓမ္မသီချင်းတစ်ပုဒ်ရေးစပ်သီကုံးပြီး ဣသရေလအမျိုးအား နှုတ်တိုက်ရဖို့ သင်ကြားစေသည်။ ထိုသီချင်းသည် ဣသရေလတို့ ဆင်းရဲဒုက္ခရောက်သည့်အခါ ဆိုကြရမည်။ ထိုသို့ သီဆိုခြင်းဖြင့် ဘုရားသခင်၏ သက်သေခံချက် နားလည်ကြမည်။

၃၁:၂၃ ယောရှုကိုလည်း ဘုန်းတန်ခိုးချီးမြှင့်၍ ခေါင်းဆောင်ရာထူးဘိသိက်ပေးသည်။ ဣသရေလ တစ်မျိုးသားလုံးအား ဦးဆောင်၍ ကတိတော်ပြည်သို့ ဝင်ရောက်စေသည်။ စစ်သွေးရဲမာန်ပြည့်ဝ၍ ယုံကြည်ခြင်း ခွန်အားရှိဖို့ရဲဆေးတင်ပေးလိုက်သည်။ ယေဟောဝါဘုရားသခင်ထံမှ ထိုစကားတော်ကြားသိသောအခါ ယောရှုသည် ယုံကြည်ခြင်းစွမ်းရည်သတ္တိပြည့်ဝသွားသည်။ ဣသရေလလူတို့၏ ဖောက်ပြန်မည့် အကြောင်းကို အလေးမမှု(ငယ်၁၆)။ သူရဲဘောကြောင် အားငယ်စိတ်ပျောက်လွှင့်၍ အမိန့်တော်အတိုင်းတက်ကြွစွာ ရှေ့သို့ချီတက်သည်။

၃၁:၂၄၂၇ ပညတ်တရားများကို စောင့်ထိန်းဖို့ မောရှေကလေဝိအမျိုးအား အထူးမှာကြားသည်။ ဣသရေလတို့ဖောက်ပြန်ပုန်ကန်တတ်သည့် ညာဉ်ဆိုးရှိကြသည့်အတိုင်း နောက်တဖန် ဖောက်ပြန်သောအခါ ဤပညတ်တရားများက ဣသရေလတို့အား စီရင်သက်သေခံလိမ့်မည်ဟု မှာကြားအပ်နှံလိုက်သည်။

၃၁:၂၈၃၀ ဘုရားသခင်မိန့်တော်မူသည့်အတုင်း မောရှေသည် ဓမ္မသီချင်းတစ်ပုဒ်ရေးစပ်သီကုံး၍ အသက်ကြီးသော ဣသရေလလူကြီးသူမများအား သင်ကြားပေးသည်။

Previous Article
Next Article