တရားဟောရာကျမ်း ၃

() ယော်ဒန်မြစ်ဖြတ်ကူးကြခြင်း (အခန်း )

          :၁၁ ဗာရှန်ဘုရင် ဩယမင်း၏ မြို့ကြီး(၆၀)နှင့် ကျေးလက်မြို့များသည် မြို့ရိုးကြီးများ၊ ခိုင်ခန့်သောမြို့ဝင်တံခါးပေါက်များဖြင့် အခိုင်အမာဆောက်လုပ်ထားကြသည်။ သို့သော်လည်း ဘုရားသခင်က သူ့လူများလက်ထဲသို့ ကျရောက်စေသည်။ ဩဃမင်းသည် အလွန်ထွားကျိုင်းသောလူဘီလူးကြီးဖြစ်၍ သူ၏ အိပ်ယာခုတင်သည် အရှည်ကိုးတောင် အကျယ်လေးတောင် (၁၄ပေခန့်ရှည်၍ ၆ပေခန့်ကျယ်သည်)ရှိသည်။ Thompsonက ထိုခုတင်သည် ပုံမှန်အိပ်ယာမဟုတ်နိုင်၊ နောက်ဆုံးအချိန်၌ အိပ်စက်အနားယူရာ ဖြစ်မည်ဟု ဆိုသည်။

သူကွယ်လွန်သောအခါ ခုတင်ပေါ် အိပ်စက်နေခြင်းဖြင့် သင်္ဂြိုဟ်ကြသည်။ သံခုတင်ဖြစ်သည် ရဗ္ဗအမ္မုန်(ခေတ်သစ်အမ္မုန်)တို့က ဤတရားဟောရာကျမ်းစီရင်ရေးသားသည့် ခေတ်ပြိုင်ကာလ၌ လူတို့သမိုင်းမှတ်တမ်းတွင် ရေးသားထားသည်။

:၁၂၂၀ ဣသရေလတို့ အောင်မြင်သိမ်းပိုက်ထားသောယော်ဒန်မြစ်ကမ်းအရှေ့ဘက်ခြမ်းမြေကို ရုဗင်၊ ဂဒ်အမျိုးနှင့်မနာရှေလူမျိုးတစ်ဝက်တို့သို့ အပိုင်စားပေးလိုက်သည် (ငယ် ၁၂-၁၇)။ သို့သော်လည်း ယောက်ျားသားများကိုမူ အခြားသော ဣသရေလလူမျိုး ညီအကိုများနှင့်အတူ ယော်ဒန်မြစ်အနောက်ခြမ်းအား မောရှေက စစ်ကူတိုက်ခိုင်းသည်။ တိုက်ခိုက်အောင်မြင်သိမ်းပိုက်ပြီးကြသောအခါ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ ပြန်ကူးစေပြီး မိသားစုသားမယားတို့နှင့်အတူ ထိုပြည်အား မွေးမြူလုပ်စားဖို့ အပိုင်ပေးလိုက်သည်။

:၂၁၂၉ မောရှေက ယောရှုအား တိုက်ခိုက်အောင်မြင်လာခဲ့မှုများကို ပြန်လည်ဆင်ခြင်ရှုမှတ်၍ ဘုရားသခင်အား ယုံကြည်ကိုးစားရန် သီးသန့်မှာကြားလိုက်သည် (ငယ် ၂၁-၂၂)။

ဣသရေလတို့၏ မနာခံမှုကို စိတ်ခုသောကြောင့် ဘုရားသခင်က မောရှေအား အမျက်တော်ထွက်သည်။ ထို့ကြောင့် ယော်ဒန်မြစ်တစ်ဘက်ကမ်းကို ဖြတ်ကူးခွင့်မပြုဘဲ ကတိတော်မြေအားမျက်စိအရသာ ခံစားစေရန် ဘုရားရှင်က မောရှေအား ပေသဂတောင်ထိပ်ပေါ်မှ ရှုမျှော်ခွင့်ပေးလိုက်သည် (ငယ် ၂၃-၂၉)။

Previous Article
Next Article