တောလည်ရာကျမ်း ၁

၁။ သိနာတောင်ပေါ်မှ နောက်ဆုံးနေ့ရက်များ (:၁၀:၁၀)

(က) သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လူမျိုးအလိုက်စုဖွဲ့ခြင်း (အခန်း )

          : အဲဂုတ္တုပြည်မှ ထွက်မြောက်လာကြပြီး တစ်နှစ်နှင့် တစ်လအကြား တဲတော် တည်ဆောက်ပြီး တစ်လအကြာတွင် သန်းခေါင်စာရင်း(၂)ခါ ကောက်ကြသည် (ထွ ၄၀:၁၇)။ သန်းခေါင်စာရင်း (၂)ခါကောက်ကြောင်း (အခန်း ၁-၂၆)တွင် တွေ့ရသည်။ ဤနေရာတွင် ဖော်ပြသော သန်းခေါင်စာရင်းသည် (ထွ ၃၀:၁၁-၁၆)တွင် ပါရှိသည့် အကြိမ်အခါနှင့်မတူပါ။ သန်းခေါင်စာရင်း ကောက်ယူချိန် မတူညီသကဲ့သို့ ရည်ရွယ်ချက်လည်း မတူညီကြ။ ယခုအခါ (တော၁) ကောက်ခံခြင်းသည်။ ယခင်ကောက်ယူသည့် စာရင်းအပေါ်တွင် အခြေခံသည်။ အရေအတွက်လည်း ဆင်တူရိုးမှားဖြစ်သည်။

: သန်းခေါင်စာရင်းကောက်ယူပြီးသော အခါ ဣသရေလတို့သည် သိနာတောင်မှ ကတိတော်မြေသို့ ခရီးရှည်စတင်ချီတက်ကြသည်။ ထိုသို့ ချီတက်ရာတွင် စစ်တပ်ကဲ့သို့ ဖွဲ့စည်း၍ စစ်ကြောင်းပုံဖြင့် စနစ်တကျ ချီတက်ကြသည်။ ထိုသို့စုဖွဲ့နိုင်ရန် ဘုရားရှင်က သန်းခေါင်စာရင်း ကောက်ယူခိုင်းခြင်းဖြစ်သည်။ သန်းခေါင်စာရင်းတွင် တိုက်ပွဲဝင်နိုင်သောအရည်အချင်း ပြည့်စုံသည့် အသက်နှစ်ဆယ်အထက် ယောက်ျားများကိုသာ ကောက်ယူသည်။

:၁၇ မောရှေား အထောက်အကူပြုနိုင်ရန် လူမျိုးအလိုက် ခေါင်းဆောင် တစ်ဦးစီခန့်ထားသည်။ ခေါင်းဆောင်များ နာမည်ကို (အငယ် ၅-၁၆)တွင် မှတ်တမ်းတင်ထားသည်။ အငယ် ၁၇တွင် မောရှေနှင့်အာရုန်သည် လူမျိုးနွယ်စုအလိုက် နာမည်စာရင်းမှတ်ယူ၍ စစ်ကြောင်းပုံစုဖွဲ့သည်။ လူမျိုးလိုက် ခေါင်းဆောင်များကို ကြီးကြပ်ကွပ်ကဲစေသည်ဟု ဖေါ်ပြထားသည်။

:၁၈၄၆ သန်းခေါင်စာရင်းဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

လူမျိုး ဦးရေ ကျမ်းကိုး
ရုဗင် ၄၆,၅၀၀ ငယ် ၂၀-၂၁
ရှိမောင် ငယ် ၂၂-၂၃ ၅၉,၃၀၀
ဂဒ် ငယ် ၂၄-၂၅ ၄၅,၆၅၀
ယုဒ ငယ် ၂၆-၂၇ ၇၄,၆၀၀
ဣသခါ ငယ် ၂၈-၂၉ ၅၄,၄၀၀
ဇေဗုလုန် ငယ် ၃၀-၃၁ ၅၇,၄၀၀
မနာရှေ ငယ် ၃၄-၃၅ ၃၂,၂၀၀
ဗင်္ယာမိန် ငယ် ၃၆-၃၇ ၃၅,၄၀၀
ဒန် ငယ် ၃၈-၃၉ ၆၂,၇၀၀
အာရှာ ငယ် ၄၀-၄၁ ၄၁,၅၀၀
နဿလိ ငယ် ၄၂-၄၃ ၅၃,၄၀၀
စုစုပေါင်း ၆၀၃,၅၅၀

ဧဖရိမ်အမျိုးသည် မနာရှေအမျိုးထက် များပြားကြောင်း တွေ့ရသည်။ က ၄၈:၁၉-၂၀ တွင် ယာကုပ်၏ ကောင်းကြီးပေးသည့်အတိုင်း ခံစားကြသည်။ လူမျိုးနွယ်စုစာရင်းကို ဩရဿသားကြီး ရုဗင်အမျိုးမှ စတင်ဖော်ပြသည်။ ရုဗင်အမျိုး၏တပ်သည်။  တောင်ဘက်အရပ်တွင် ရှိ၍၊ ယုဒအမျိုးသည် အရှေ့ဘက်၊ ဒန်အမျိုးသည် မြောက်ဘက်၊ ဧဖရိမ်အမျိုးသည် အနောက်ဘက်တွင် ရှိသည်။

:၄၇၅၄ လေဝိအမျိုးသည် လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်သောကြောင့် ဣသရေလတိုက်ခိုက်ရေး အင်အားတွင် ပါဝင်သည့်သွင်းခြင်းမပြု (ငယ် ၄၇)။ တဲတော် ဆောက်လုပ်ခြင်း၊ ဖျက်သိမ်းခြင်း၊ ရွှေ့ပြောင်းသယ်ဆောင်ခြင်းတာဝန်ယူရသည်။ ဘုရားသခင်နှင့် ဣသရေလအမျိုးအား ဆက်သွယ်ရေးတာဝန်ယူရသည်။ တပ်ချလျှင်လည်း တဲတော်ပတ်ဝန်းကျင်တွင် အနီးကပ် လုံခြုံရေး တာဝန်ယူရသည် (ငယ် ၅၃)။

Previous Article
Next Article