တောလည်ရာကျမ်း ၂၄

၂၄: ဘုရားသခင်က ဣသရေလအမျိုးအား ကောင်းကြီးမင်္ဂလာပေးထားကြောင်း ဗာလမ်သိထားသည်။ ကျိန်စာတိုက်စရာအကြောင်း ရှာမတွေ့။ တောင်ထိပ်ပေါ်မှ ဣသရေလတို့တဲများအား ကြည့်ရှုနေစဉ် ဘုရားသခင်၏ဝိညာဉ်တော်သည် ဗာလမ်ပေါ်သို့ သက်ဆင်းသောကြောင့် ဗာလမ်သည် မိမိ စိတ်ကူးထင်ရာအတိုင်းမလုပ်ဝံ့။

၂၄: ဗာလက်သည် မျက်စိပွင့်၊ နားပွင့်သွားသောကြောင့် ကျိန်စာတိုက်ခြင်း မပြုဘဲ၊ ဣသရေလတို့အား ကောင်းကြီးပေးသည်။ ဣသရေလတို့ကြွယ်ဝချမ်းသာမည့်အကြောင်း၊ ဘုန်းတန်ခိုးနှင့်ပြည့်စုံ၍ ရန်သူများကိုလည်း အရိုးမြေ့မြေ့ ကိုက်ဝါးပစ်ကြရမည့်အကြောင်း ဩဘာပေးသည်။ အငယ်(၇)တွင်ပါရှိသော အာဂတ်ရှင်ဘုရင်သည် အာမလက်အမျိုးတွင် လူသုံးများသော နာမည်ဖြစ်သည်။ ဣသရေလတို့သည် ခြင်္သေ့ကဲ့သို့ အားပြည့်ဝသောကြောင့် မည်သူကမှ အနားသီဝံ့ကြမည်မဟုတ် (ငယ်၉)။ ဣသရေလလူမျိုးကို ကျိန်စာတိုက်သူသည် မိမိကိုယ်ကိုကျိန်စာတိုက်ခြင်း ဖြစ်သကဲ့သို့ ကောင်းကြီးပေးသူသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာခံစားကြရသည်။ ဗာလမ်၏ ပရောဖက်ပြုချက်တွင် အာဗြဟံသို့ ပေးထားသော ကတိတော်ပဲ့တင်သံကြားရသည်။ “သင့်ကို ကောင်းကြီးပေးသောသူတို့ကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်” (က ၁၂:၃)။

၂၄:၁၀၁၄ ဗာလက်မင်းနှင့်ဗာလမ်တို့အချင်းများကြပြီ။ ခိုင်းသည့်အတိုင်းမလုပ်သောကြောင့် ဗာလက်မင်းက ဗာလမ်အား အပြစ်တင်သည်။ ဗာလမ်ကလည်းအစကတည်းက ဘုရားသခင်၏ အလိုတော်အတိုင်း ပြုလုပ်မည် ဟုပြောထားခဲ့သည် မဟုတ်လားဟု ဆိုသည်။ ထိုသို့လမ်းမခွဲကြမှီ ပရောဖက်ဗာလမ်က နောင်တွင် ဣသရေလတို့ကြီးပွား ကောင်းကြီးခံစားကြပုံကို မောဘပြည်သားတို့ တွေ့မြင်ကြဦးမည်ဟု သတိပေးခဲ့သည်။

၂၄:၁၅၁၉ စတုတ္ထ ဗျာဒိတ်တော်စကား (ကြယ်စင်သို့ဟုတ်ရာဇလှံတံ)ဆိုသည်မှာ  ဣသရေလတို့က မောဘသားများနှင့် မငြိမ်မသက် ရုန်းရင်းဆန်ခတ်ပြုတတ်သောသူများ အားလုံး အောင်နိုင်မည့် စကားဖြစ်သည်၊ (ငယ် ၁၇ နှင့် ယေ ၄၈:၁၅ တို့ကို ယှဉ်ဖတ်ပါ)။ ဧဒုံပြည်ကိုလည်း သိမ်းပိုက်အုပ်စိုးမည်။ ထိုပရောဖက်စကားသည် ဒါဝိဒ်မင်းလက်ထက်တွင် တစ်ဝက်တပြက် ပြည့်စုံခဲ့သည်။ ခရစ်တော်ဘုရားနိုင်ငံတော်ထူထောင်သောအခါ အားလုံးပြည့်စုံသွားမည်။

၂၄:၂၀၂၅ ထိုနည်းတူပင် အာမလက်အမျိုး ကောနိအမျိုးတို့လည်း ပျက်စီးကြရမည့်အကြောင်း ဗျာဒိတ်စကားဆိုခဲ့သည်။ ကောနိအမျိုးသည် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝလျက် ခွန်အားပြီးခဲ့ကြသော်လည်း အဆုံးတွင် ရှုရိတို့လက်ထဲသို့ ကျရောက်ခဲ့ကြသည်။ အာရှုရိတို့သည်လည်း နောင်တွင် ကုပရုမင်း (Heb.Kittim ဟု လူသိများထင်ရှားသည်။ သို့သော်လည်း အဓိက ပုဂ္ဂိုလ်မှာ မဟာ အလက်ဇန္ဒြားစစ်သူကြီး ဖြစ်သည်)၏ ဖမ်းဆီးကျွန်ပြုခြင်းခံကြရသည်။ ဟေဗာအမျိုးဆိုသည်မှာ ယုဒလူမျိုးအနွယ် မဟုတ်သော အခြားလူမျိုးဖြစ်သည်။

ဗာလက်မင်းထံမှ ဗာလမ်မထွက်မှီအဖြစ်အပျက်များကို အခန်း-၂၅ တွင် ဤသို့တွေ့မြင်ရသည်။

Previous Article
Next Article