တောလည်ရာကျမ်း ၂၈

() ယဇ်ပူဇော်ခြင်းနှင့် ကတိသစ္စာပြုခြင်း (အခန်း ၂၈၃၀)

       အခန်း ၂၈၂၉။ ဤအခန်းများတွင် ကတိတော်ပြည်၌ ပြုလုပ်ရမည့် ယဇ်ပူဇော်ခြင်းနှင့် ပွဲတော်များအကြောင်း ရေးထားသည်။

နေ့စဉ်ပူဇော်ခြင်း

မီးရှို့ပူဇော်သက္ကာ၊ မနက်မှညနေခင်းတိုင် ဘောဇဉ်သက္ကာနှင့် စပျစ်ရည်ပူဇော်သက္ကာ (၂၈:၃-၈)။ နေ့တိုင်း ဗိမာန်တော်သို့သွား၍ နံနက်ခင်းနှင့် ညနေခင်းတွင် ယဇ်ပူဇော်ရသည် (၂၈:၃-၈)။

နံနက်တိုင်းနှင့်ညနေတိုင်း အပြင်အနာအဆာမရှိသော အခါလည်သိုးထီးအား မီးရှို့ရာယဇ်ပူဇော်သက္ကာအဖြစ် ပူဇော်ရသည်။ သံလွင်ဆီနှင့် မုန့်ညက်ရောသော ဘောဇဉ်ကိုလည်း ပူဇော်ရသည်။ စပျစ်ရည် သုံးလောဃလည်းပါသည်။

ဤပူဇော်သက္ကာသည် မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်၍ နံနက်တစ်ခါ၊ ညနေတစ်ခါ ပူဇော်ရသည်။ ထိုသို့ ယုဒဗိမာန်တော်တွင် ပူဇော်ရသည့်အတိုင်း နောင်တွင်လည်း ဆက်လက်ကျင့်သုံးကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ယဇ်ပုရောဟိတ်တို့၏ အမှုကိစ္စဖြစ်၍ Mattatt က “ငြီးငွေ့ဖွယ်ယဇ်ပုရော ဟိတ်အလုပ်” ဟု မှတ်ချက်ပြုသည်။ တစ်နေဝင် တစ်နေထွက်သော်လည်း ထိုအလုပ်သာ တစ်ကုပ်ကုပ်နေရသည်။ စကားပြော၍ ဆုံးသည်မရှိသကဲ့သို့ လုပ်၍လည်း ပြီးသည်ဟုမရှိ။ လူများအပြစ်ဒုစရိုက်ရှိနေသရွေ့ကာလပတ်လုံး ဘုရားသခင်နှင့် ဆက်သွယ်နိုင်ရန် အပြစ်ဖြေမိတ်ဖွဲ့ရသည်။

       အပတ်စဉ်ပူဇော်ခြင်း

ဥပုနေ့တိုင်း မီးရှို့ရာယဇ်နှင့် ဘောဇဉ်ယဇ်၊ စပျစ်ရည်ယဇ်သက္ကာ (၂၈:၉-၁၀)။

လစဉ်ပူဇော်သက္ကာ

လဆန်းတိုင်း၏ပထမနေ့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်နှင့်စပျစ်ရည် ယဇ်ပူဇော်သက္ကာ(၂၈:၁၁-၁၄)အပြစ်ဖြေ ပူဇော်သက္ကာ(၂၈:၁၅)။

ယေဟောဝါဘုရားပွဲတော်များ

ပဿခါပွဲ၊ ပထမလဆယ့်လေးရက်နေ့မြောက် (၂၈:၁၆) တဆေးမဲ့မုန့်ပွဲ၊ ပထမလ၏ဆယ့်ငါးရက်နေ့နှင့် နှစ်ဆယ့်တစ်ရက်နေ့ အခြား (၂၈:၁၇-၂၅)။

အပတ်စဉ်ပွဲတော်များ (၂၈:၂၆-၃၁) မှတ်စု။ အဦးသီးသောအသီးပွဲတော် (ငယ် ၂၆) နှင့်ကောက်ဦးပွဲတော် (ဝတ် ၂၃:၉-၁၄)သည် မတူညီပါ။

Previous Article
Next Article