တောလည်ရာကျမ်း ၂

ဣသရေလလူမျိုးတပ် အခင်းအကျင်း

       : ဣသရေလလူမျိုးများအား မိမိတို့ မျိုးနွယ်စုအလိုက် ပရိသတ်စုဝေးရာ တဲတော်ပတ်ဝန်းကျင်တွင် တပ်စခန်း ချခိုင်းထားသည်။ (ရုပ်ပုံကားချပ်ကိုကြည့်ပါ)။ အရပ်လေးမျက်နှာတွင် တစ်မျက်နှာ၌ (၃)မျိုးစီ နေရာချထားသည်။

       :၁၆  အရှေ့ဘက်မျက်နှာစာ ယုဒအလံတော်အောက်တွင် ယုဒ၊ ဣသခါနှင့် ဇေဗုလုန်အမျိုး (ငယ် ၃-၉) ချထား၍ လူမျိုးစုခေါင်းဆောင် အသီးသီးက ကြီးကြပ်ကွပ်ကဲသည်။ စုစုပေါင်း လူဦးရေ တစ်သိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသည်။ တောင်ဘက် မျက်နှာစာ ရုဗင်အလံတော်အောက်တွင် ရုဗင်၊ ရှိမောင်နှင့် ဂဒ်အမျိုးများ (ငယ် ၁၀-၁၆) ရှိ၍ စုစုပေါင်းလူဦးရေ တစ်သိန်ငါးသောင်း တစ်ထောင့်လေးရာငါးဆယ် ရှိသည်။

:၁၇၃၁ အနောက်ဘက် မျက်နှာစာတွင် ဧဖရိမ် ကွပ်ကဲမှုအောက်၌ ဧဖရိမ်၊ မနာရှေနှင့် ဗင်္ယာမိန် အမျိုး (ငယ် ၁၈-၂၄) တပ်ချထား၍ စုစုပေါင်း တစ်သိန်းရှစ်ထောင်တစ်ရာ ရှိသည်။ မြောက်ဘက်မျက်နှာစာတွင် ဒန် လူမျိုးကွပ်ကဲမှုအောက်၌ ဒန်၊အာရှာနှင့်နဿလီအမျိုး(ငယ် ၂၅-၃) တို့တပ်ချထား၍ စုစုပေါင်းလူဦးရေ တစ်သိန်းငါးသောင်းခုနှစ်ထောင့်ခြောက်ရာရှိသည်။ စစ်ကြောင်းလိုက်ချီတက်ပုံ အစီအစဉ်မှာ ပထမဦးစွာ ယုဒအမျိုးဖြစ်သည်။ လေဝိအမျိုးသည် ဂဒ်လူမျိုးနှင့် ဧဖရိမ်အမျိုးအကြားတွင် လိုက်ပါသည် (ငယ်၁၇)။

:၃၂၃၄ စုစုပေါင်း တိုက်ခိုက်ရေးအင်အားမှာ ခြောက်သိန်းသုံးထောင်ငါးရာငါးဆယ်ရှိသည် (ငယ်၃၂)။ လေဝိလူမျိုး အပါအဝင် (၃:၃၉)စုစုပေါင်း ယောက်ျားအင်အားစုမှာ ၆၂၅,၅၅၀ ဖြစ်သည်။ ယောက်ျားဦးရေသည် လူဦးရေစုစုပေါင်း၏ သုံးပံတစ်ပုံခန့်သာရှိလေ့ရှိသောကြောင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စုစုပေါင်းရေတွက်လျှင် ရိက္ခာစားအင်အား ၁,၈၇၆,၆၅၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည်။ အသင်းတော်တွင် အမျိုးသမီးထု ပါဝင်မှုအင်အား အချိုးအစားထက် တိုက်ခိုက်ရေးအင်အားစု ပိုမိုများပြားကြောင်း တွေ့ရသည်။

Previous Article
Next Article