တောလည်ရာကျမ်း ၃၃

() ဣသရေလတပ်စခန်း ပြန်လည်ကြည့်ရှုခြင်း (အခန်း ၃၃)

       ၃၃:၄၉ ဤအခန်းတွင် ဣသရေလလူမျိုး၏ အဲဂုတ္တုပြည်မှ မောဘလွင်ပြင်ခရီးစဉ်ကို ပြန်လည်အကျဉ်းချုံးထားသည်။ အထက်နေရာတွင် ဆိုခဲ့သည့်အတိုင်း ဖြတ်သန်းလာခဲ့သော မြို့ပြပြည်ရွာအရပ် ဒေသများကို ယနေ့မြေပုံတွင် အတိအကျ ပြည်လည်ဖော်ပြရန် အခက်အခဲရှိပါသည်။ ထို့ကြောင့် ဤအခန်းကို အဲဂုတ္တုပြည်မှ သိနာတောင်(ငယ် ၅-၁၅)၊ သိနာတောင်မှာ ကာဒေရှဒေသ (ငယ် ၁၆-၃၆)၊ ကာဒေရှဒေသမှဟောရဒေသ (ငယ် ၃၇-၄၀)၊ ဟောရဒေသမှ မောဘလွင်ပြင်(ငယ် ၄၁-၄၉)ဟူ၍ ခရီးစဉ် ပိုင်းခြားနိုင်သည်။ ဤမှတ်တမ်းမှတ်ရာသည် ပြည့်စုံသည်ဟု မဆိုနိုင်ပါ။ အခန်း(၂၁)နှင့် ယှည်ကြည့်လျှင် အခြားနေရာများကိုလည်း တွေ့မြင်နိုင်သည်။

၃၃:၅၀၅၆ ဘုရားသခင်က ဣသရေလလူတို့အား ဒေသခံခါနန်ပြည်သားများအား ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မကျန်ရစ်လေအောင် မောင်းထုတ်ခိုင်းသည်။ ယနေ့ခေတ်ကာလတွင်လည်း ထိုကဲ့သို့သော ညာဉ်ဆိုးများတွေ့နေရသည်။ ထိုသူများသည် လူအများနှင့်ပေါင်းသင်း၍ မရသော စုန်းပြူးများဖြစ်သည်။ ဘုရားသခင်က ထိုသူများအား နှစ်ပေါင်း(၄၀၀)ကျော် ဘေးမဲ့လွှတ်ထားခဲ့ပြီးဖြစ်သည်။ ယခုအခါတွင် ထိုဒေသခံလူများအား ပြောင်သလင်းခါ မရှင်းပစ်လျှင် သူတို့၏အကျင့်ဆိုးအကျင့်ပျက်များ ဣသရေလလူများသို့ ကူးစက်နိုင်သည်။ ရုပ်တုဆင်းတုဘုရားတု ကိုးကွယ်ခြင်းများ ဓာတ်ကူးနိုင်သည်။ လူများကိုရှင်းပစ်ရုံသာမက သူတို့ ကိုးကွယ်သော ဘုရားတုများကိုလည်း ဖျက်ဆီးမြေလှန်ခိုင်းသည် (ငယ် ၅၂)။

Previous Article
Next Article