တောလည်ရာကျမ်း ၃၆

() ထိမ်းမြားလက်ထပ်သော သမီးများအမွေဆက်ခံခွင့် (အခန်း ၃၆)

ယော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် ကျန်ရစ်ခဲ့သော မနာရှေအမျိုးမှ ဂိလဒ်၏သားများသည် ပြဿနာတစ်ခုနှင့်အတူ မောရှေထံသို့ ရောက်လာကြသည် (တော ၁၇:၁-၁၁ ကိုလည်းကြည့်ပါ)။ ဇလောဖတ်၏ သမီးများသည် အခြားလူမျိုးနှင့်စုံဘက်၍ သူတို့ဝေစုကို ယူသွားလျှင် ဣသ​ရေလပိုင်မြေ လျော့နည်းသွားတော့မည်။ ယုဘိလနှစ်ရောက်လျှင် ထိုပညတ်ချက်သည် အတည်ဖြစ်သွားလိမ့်မည် (ငယ်၄)ဟု ဆိုကြသည်။ မောရှေက မိန်းမတိုင်းလွတ်လပ်စွာ အိမ်ထောင်ပြုခွင့်ရှိသော်လည်း မိမိအမျိုးကို ဦးစားပေးရွေးချယ်ရမည်။ ထိုသို့ မိမိအမျိုးနှင့် အိမ်ထောင်ပြုလျှင် လယ်မြေလျော့ပါးစရာအကြောင်းမရှိ (ငယ် ၅-၁၁)ဟု ဖြေရှင်းပေးသည်။ ထိုတရားကိုနာခံလျက် ဇလောဖတ်၏ သမီးများသည်လည်း မနာရေမျိုးနွယ်စု လူများနှင့် အသီးသီးထိမ်းမြား လက်ထပ်ကြသည် (ငယ် ၁၀-၁၂)။ အပိုဒ်ငယ် ၁၃သည် အခန်းကြီး တစ်ခုလုံး၏အကျဉ်းချုပ်ဖြစ်သည်။

ဤကျမ်းစာတွင် အချက်(၃)ချက်တွေ့ရှိရသည်။

၁။  မယုံကြည်သူများ၏ စိတ်နှလုံးသည် အစဉ်အဆက်မှားယွင်းဖောက်ပြန်ခြင်း။

၂။ ယေဟောဝါဘုရားရှင်သည် မြင့်မြတ်စင်ကြယ်သည်နှင့်အညီ ဒေါသကို ကရုဏာဖြင့် ထိန်းကျောင်းသည်။

၃။ ဘုရားသခင်နှင့် လူစပ်ကြားတွင် သံခင်းတမန်ဆောင်ရွက်ပေးသော ဘုရားသခင်၏လူ မောရှေသည်လည်း လူစိတ်ပျောက်တတ်သည်။

တောလည်ရာကျမ်းစာလာအရ လူ့စိတ်သည်ပြုပြင်ပြောင်းလဲဖို့ရန် မလွယ်။ ဘုရားသခင်၏ စိတ်တော်သည်လည်း ပြောင်းလဲခြင်းမရှိဘဲ အမြဲတမ်းကြည်လင်သည်။ သို့သော် သခင်ခရစ်တော်ပုံဆောင်သော မောရှေသည် လျှပ်တပြက်တွင် လူစိတ်ပျောက်စိတ်တိုသဖြင့် ဘုရားသခင်၏ စိတ်တော်နှင့် ဆန့်ကျင်ခဲ့သည်။ ထို့ကြောင့် ၁ကော ၁၀:၁၁ တွင် ပါရှိသည့်အတိုင်း “ထိုအကြောင်းအရာ ရှိသမျှတို့သည် ပုံသက်သေဖြစ်အံ့သောငှါ” သင်ခန်းစာယူကြကုန်အံ့။

မှတ်စု

၁။        (နိဒါန်း) W.Graham Scroggie, Know Your Bible, Vol.1, The Old Testament, p.35

၂။         (၃:၁၄-၃၉) George Williams, The Student’s Commentary on the Holy Scripture, p.80.

၃။        (၄:၄-၂၀) C.F.Keil and F.Delitzsch, “Numbers,” in Biblical Commentary on the Old Testament, III:25.

၄။        (၆:၁-၈) Williams, Student’s Commentary, p.82.

၅။        (၆:၂၄-၂၆) D.L.Moody, Notes from My Bible, p.41.

၆။        (၁၀:၂၉-၃၂) Quoted by John W.Haley, Al-legged Discrepancies of the Bible, p.431.

၇။        (၁၁:၁၆-၁၇) မောရှေ၏ ရပ်တည်ချက်ကို ကြည့်ရအောင် (၁) ဘုရားသခင်က မောရှေကို အပြစ်မတင်ပါ။ (၂)ဘုရားသခင်က မောရှေကို ခွန်အားပေးသည်။ လူပေါင်း(၇၀)အား ဝန်ထုပ်ဝန်ပိုး မျှကူထမ်းခိုင်းသည်။ (၃) ဘုရားသခင်ကိုယ်တိုင်က မောရှေ၏လိုအပ်ချက်ကိုဖြည့်ဆည်းပေးသည် ။ (၄) မောရှေသည် သံသယများ၍ စောဒကတက်တတ်သော လူပေါင်းစုံ (၂)သန်းခန့်ကို ဦးဆောင်နေ၇သည်။ (၅) အပိုဒ်ငယ် ၁၇ ဖော်ပြချက်သည် မောရှေ၏ ဝိညာဉ်ခွန်အားကို လျော့မသွားစေပါ။ အခြားလူ ( ၇၀ )ကို ဝိညာဉ်ခွန်အားမျှဝေပေးသော်လည်း လျော့မသွား။

၈။        (၁၁:၃၁-၃၅) See International Standard Bible Encyclopedia under “Quails” IV:2512

၉။        (၁၂:၃) ဤအသုံးအနှုန်းကို နောက်ပိုင်းတွင် (ယောရှုကဲ့သို့သော)ဝိညာဉ်တော် မှုတ်သွင်းသော စာရေးသူတစုံတစ်ဦးက ဖြည့်စွက်သွားခြင်းဖြစ်ဟန်ရှိသည်။

၁၀။      (၁၂:၁၁-၁၆) Keil and Delitzsch, “Numbers” III:81.

၁၁။      (၁၉:၁၁-၁၉) Williams, Student’s Commentary, p.88.

၁၂။      (၁၉:၁၁-၁၉) J.G. Mantle, Better Things, p.109

၁၃။      (၂၀:၁၀-၁၃) G. Campbell Morgan, Search-lights from the Word, pp.47-48.

၁၄။      (၂၀:၂၂-၂၉) Matthew Henry, “Numbers” in Matthew Henry’s Commentary on the Whole Bible, 1;662.

၁၅။      (၂၅:၄-၈) Samuel Ridout, The Pentateuch, p.253.

၁၆။      (၂၆:၁-၅၁) Moody, Notes, p.43.

၁၇။      (၃၄:၁-၁၅) Chinnereth (pronounced Kin-) is Hebrew for harp, named from the Shape of the Sea of Galilee.

၁၈။      (၃၅:၂၂-၂၈) Merrill F.Unger, Unger’s Bible Dictionary, p.208.

Next Article