တောလည်ရာကျမ်း ၄

: အခန်း(၄)တွင် ဖော်ပြသည့် လေဝိအမျိုးလူဦးရေသည် တဲတော်အမှုလုပ်ငန်းတွင် အချိန်ပြည့်ပါဝင်နိုင်သော လူဦးရေဖြစ်သည်။ အသက် ၃၀မှ ၅၅ နှစ်အရွယ်များဖြစ်သည်။

:၂၀ ထွ ၂၅:၁၅ တွင် “ထိုထမ်းပိုးကိုလည်း သေတ္တာရွှေကွင်းထဲက မနှုတ်ရ၊ အစဉ်ရှိစေရမည်” ဟု ဆိုထားသည်။ သို့သော် ဤအပိုဒ်ငယ် ၆တွင် ယဇ်ပုရောဟိတ်က ထမ်းပိုးကိုလှန်ရမည်ဟု ဆိုထားပြန်သည်။ ထိုသို့ ရှေ့နောက်ဆန့်ကျင်သော စကားရပ်ကို Keil and Delitzch သမ္မာကျမ်းစာအနက်ဖွင့်တွင် အပိုဒ်ငယ် ၆သည် နှုတ်ပြီးသားကို ပြန်လျှိုခြင်းမဟုတ်၊ အနေအထားပြုပြင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ကောဟတ်အမျိုး၏ တာဝန်ဝတ္တရားကို (ငယ် ၄-၂၀)တွင် ရှင်းထားသည်။ အာရုန်နှင့်သားများက တဲတော်ပစ္စည်းများကို ထုတ်ပိုးပြင်ဆင်ပေးသည်။ ထည့်စရာများပြင်ဆင်ပေးသည် (ငယ် ၅-၁၃)။ ပဋိညာဉ်သေတ္တာ (ငယ် ၅-၆) ပစ္စည်းတင်စားပွဲ (ငယ် ၇၊၈) ရွှေစင်မီးတိုင် (ငယ်၁၂)အသုံးအဆောင်ပစ္စည်းများ (ငယ် ၁၂)၊ မီးရှို့ရာကြေးယဇ်ပလ္လင် (ငယ် ၁၃-၁၄)တို့ကို သားရေဖြင့် အုပ်ရသည်။ ကောဟတ်၏ အခြားသားများက ထိုပစ္စည်းပစ္စယများကို ထမ်းသွားကြသည် (ဤနေရာတွင် အင်ဂုံကိုမဖော်​ပြသော်လည်းပါရှိသည်ဟုမှတ်ယူရမည်။) ထိတွေ့ကိုင်ဆောင်ခွင့်၊ အဖုံးလှပ်၍ ငုံ့ကြည့်ခွင့်မပြု။ အကယ်၍ ပြုမိလျှင် သေပွဲဝင်ရသည် (ငယ် ၁၅၊၁၇-၂၀)။ အာရုန်၏သား ဧလာဇာက တဲတော်အဖွဲ့နှင့်အခမ်းအနားပြင်ဆင်ရေးအဖွဲ့ကို ဦးစီးဦးဆောင်ရသည် (ငယ် ၁၆)။

အသန့်ရှင်းဆုံးဌာနတော်နှင့် သန့်ရှင်းရာဌာနတော်ကြားရှိ ကုလားကာဖြင့် ပဋိညာဉ်သေတ္တာအား ဖုံးအုပ်ထားရသည် (ငယ်၅)။ ဣသရေလတို့ကို ချီတက်နေစဉ်တွင်လည်း တောက်လျှောက်အုပ်ထားရသည်။ ခရစ်တော်၏ ကိုယ်ပုံဆောင်သည်။ ယဇ်ပုရောဟိတ်ကြီးကို ကောင်းကင်ဘုံရှင် ဘုရားသခင်မှလွဲ၍ ကြည့်ရှုတွေ့မြင်သူမရှိသကဲ့သို့ ထိုပဋိညာဉ်သေတ္တာသည် ကြည့်ရှုပိုင်ခွင့်မရှိ။

:၂၁၂၈ ဂေရရှုန်အမျိုးသည် ပရိသတ်စည်းဝေးရာ တဲတော်လိုက်ကာများ၊ ဝင်းထရံ၊ ကုလားကာအပေါ်တဲ၊ သဟာရှသားရေများ ကိုတာဝန်ယူရသည်။ အာရုန်၏သားဣသမာ ကကြီးကြပ်ကွပ်ကဲရသည်။

၄း၂၉-၃၃ မေရာရိ၏သားများသည် ပရိတ်သတ်စည်းဝေးရာတဲတော်လိုက်ကာများ၊ ဝင်းထရံကုလားကာ၊ အပေါ်တဲ၊ တဟာရှသားရေဖုံးများတာဝန်ယူရသည်။

:၃၄၄၉ လေဝိ၏သားများအောက်မှ လူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ကောဟတ်အဖွဲ့                              ၂၇၅၀

ဂေရရှုန်အဖွဲ့                                   ၂၆၃၀

မေရာရီအဖွဲ့                                   ၃၂၀၀

______________________________

စုစုပေါင်း(အသက် ၃၀-၅၀)             ၈၅၈၀

Previous Article
Next Article