တောလည်ရာကျမ်း ၅

() စင်ကြယ်ခြင်းနှင့်ဝန်ခံခြင်း (:၁၀)

       တပ်ဝင်းအား ညစ်ညမ်းခြင်းမရှိ အစဉ်အမြဲ သန့်ရှင်းစင်ကြယ်စေရန် သတိပေးထားသည်။ ထိုသို့ စင်ကြယ်စေရသည့်အကြောင်းကို အပိုဒ်ငယ် ၃တွင် ရှင်းပြထားသည်။ (တရား ၂၃:၁၄)တွင်လည်း ထပ်မံ သတိပေးထားသည်မှာ တပ်ဝင်းအလယ်တွင် ဘုရားရှင် ကိုယ်တိုင်လျှောက်လှမ်းနေသည်။

: ကုဋိနူနာ၊ ရိနာစွဲသောသူ၊ လူသေကောင်ကိုင်တွယ်သူကို တပ်ပြင်သို့ နေရာချခိုင်းထားသည်။ တပ်ဆိုသည်မှာ တဲတော်ပတ်ဝန်ကျင်၌ ဣသရေလတို့ နေရာချထားခြင်း အဝိုင်းအဝန်းဖြစ်သည်။

:၁၀ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ အခြားသူတစ်ဦးဦးအား ဒုစရိုက်ပြုမိလျှင် ဒုစရိုက်ယဇ်ပူဇော် ရသည်။ ကာယကံရှင်ကို တောင်းပန်၍ ယဇ်ကောင်တန်ဘိုး၏ / ဆလျော်ရသည်။ ထိုလျော်ကြေးအား စံထိုက်သူ ကာယကံရှင်သော်၎င်း၊ ဆွေမျိုးနီးစပ်သူသော်၎င်း မရှိလျှင် ယဇ်ပု​​ရောဟိတ် ထံပေးအပ်ရသည်။

() မနာလိုသဝန်တိုခြင်း ပညတ်တရား (:၁၀၃၁)

       :၁၁၃၅ ဤကျမ်းချက်သည် မယုံသင်္ကာမှု စစ်ကြောခြင်း ဖြစ်သည်။ မိမိခင်ပွန်းသည် လင်သားအပေါ် သစ္စာရှိမရှိ၊ ဖောက်ပြန်ခြင်း ရှိ၊ မရှိ မယုံသင်္ကာဖြစ်၍ မနာလိုဝန်တိုသဖြင့် စစ်ဆေးခြင်းဖြစ်သည်။ ထိုအမျိုးသမီးအား ပရိသတ်စည်းဝေးရာ တဲတော်အလယ်မှ မြေမှုန့်ကို ရေနှင့် ရောသောက်စေသည်။ အကယ်၍ လင်သားအပေါ် တိတ်တိတ်ပုန်း ဖောက်ပြန်လျှင် ကျိန်စာသင့်သည်။ ဝမ်းဗိုက်မှပေါင်ထိဆွေးမြေ့သွားသည်။ အကယ်၍ အပြစ်မရှိလျှင် ဘာမှမဖြစ်။ ထိုအကြောင်းရင်းကို အပိုဒ်ငယ် ၁၂-၁၄တွင် ခင်ပွန်းသည်က မိမိမိန်းမအား ဖောက်ပြန်ကြောင်း လက်ပူးလက်ကြပ်မမိဘဲ၊ မယုံသင်္ကာရှိသောကြောင့် ပထမဦးစွာ မိမိမယားအား ယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ရသည်။ ဘောဇဉ်သက္ကာပူဇော်ရသည်ဟု ဆိုသည်။

:၁၆၃၁ ယဇ်ပုရောဟိတ်က မြေကြီးနှင့် ရေရောဖျော်၍ မြေအိုးထဲ၌ ပြင်ဆင်ထားရသည်။ နောက် ထိုအမျိုးသမီးကို ဘုရားသခင်ရှေ့ ယဇ်ပလ္လင်သို့ ခေါ်ဆောင်သွားသည်။ သူမလက်ထဲသို့ ဘောဇဉ်ပူဇော်သက္ကာထည့်ပေးသည်။ ထို့နောက် မှားယွင်းဖောက်ပြန်ခြင်းရှိလျှင် အမင်္ဂလာသင့်ပါစေဟု ကျိန်ဆိုရသည်။ ကျိန်ဆိုချက်ကို စာအုပ်ထဲတွင် ရေးမှတ်ပြီး ကျိန်ခါးရေထဲသို့ ကြိတ်ထဲ့သည်။ ပူဇော်သက္ကာကို ဘုရားသခင်ရှေ့တွင် ချီလွှဲ၍ ကျိန်ဆိုပြီးသောအခါ အထက်ပါကျိန်ရေကို အကုန်မော့ချရသည်။ အပိုဒ်ငယ် ၂၆သည် အပိုဒ်ငယ် ၂၄တွင် ဖော်ပြသော ရေသောက်ခြင်းကို ထပ်မံ ဖော်ပြခြင်းဖြစ်သည်။ အကယ်၍ ဖောက်ပြန်ခြင်းရှိလျှင် သူမအပေါ်တွင် ကျိန်စာသင့်သည်။ အကယ်၍ အပြစ်မရှိလျှင် ဘာမှအကျိုးသက်​ရောက်မှုမရှိ။ စင်ကြယ်လွတ်လပ်သဖြင့် ပုံမှန်အတိုင်း သားသမီးများ ဆက်မွေးနိုင်သည်။ အပိုဒ်ငယ် ၂၉-၃၁သည် ထိုစစ်ဆေးနည်းကို ခြုံငုံ၍ ပြန်လည်ရေးသားခြင်းဖြစ်သည်။

မနာလိုဝန်တိုမှုသည် လင်မယားလက်ထပ်ထိမ်းမြားမှုကို ထိပါးစေနိုင်သည်။ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အကျိုးဆက်မကောင်း၊ အပြစ်ရှိလျှင် ဘုရားသခင်က တရားစီရင်၍ အပြစ်မရှိလျှင် ခင်ပွန်းသည်၏ သံသယကင်းရှင်းသွားသည်။

အချို့ကျမ်းစာ ပညာရှင်များက ဤစုံစမ်းစစ်ဆေးခြင်းသည် လာမည့်အနာဂတ်တွင် အသုံးပြုမည့် နည်းလမ်းဖြစ်သည်၊ ယေဟောဝါဘုရားသခင်က ဣသရေလ လူမျိုးအား ဖောက်ပြန်ခြင်းရှိ၊ မရှိ စစ်ကြောမည့် နည်းလမ်းဖြစ်သည်ဟု ယူဆကြသည်။

Previous Article
Next Article