ထွက်မြောက်ရာကျမ်း ၂၃

၂၃:၁၂ တရားဓမ္မနှင့်ယှဉ်သောအခါ မှားယွင်းသောသတင်းအချက်အလက်မပြောရ။ မိုးခါးရေသောက်၍ မမှန်သည့်ဘက်တွင် မရပ်တည်ရ။ သူဆင်းရဲသားကို ကြည့်၍ မျက်နှာသာ ပေးခြင်း၊ မျက်နှာလိုက်ခြင်းမပြုရ။ တရားသဖြင့် ရပ်တည်ပါ။ သင့်ရန်သူ၏ တိရစ္ဆာန်ဘေးဒုက္ခရောက်နေသည်ကို မမြင်ချင်ယောင် မဆောင်ရ။ သင်နှင့်မျက်နှာကြော မတည့်သူအား မတရားသဖြင့် မစီရင်ရ။ ဖိနှိပ်ခြင်းမပြုရ။ လယ်ယာလုပ်ကိုင်ရာတွင်လည်း ခုနှစ်နှစ်မြောက်တွင် လယ်ကိုအနားပေးရမည်။ ထိုနှစ်တွင် ပေါက်ရောက်သော အလေ့အကျပင်များသည် မရှိဆင်းရဲသားများအတွက် ချန်ထားရမည်။ ခုနှစ်မြောက်သောနေ့တွင်လည်း သခင့်နည်းတူ အစေခံကျွန်များ၊ အလုပ်သမားများနှင့် ခိုင်းဖတ်တိရစ္ဆာန်များကို အနားပေးရမည်။ ဓမ္မဟောင်းကာလတွင် ဘုရားသခင်သည် ကိုယ်ချင်းစာတရားနှင့်ပြည့်ဝသော်လည်း ယနေ့မယုံကြည်သူများသည် ဆန့်ကျင်ဘက်ဖြစ်နေကြသည်။

၂၃:၁၃၁၇ ယေဟောဝါဘုရားသခင်မှ လွဲ၍ အခြားဘုရားငယ်၊ ဘုရားမွှား၊ ရုပ်တု၊ ဆင်းတုများ မကိုးကွယ်ရ။ ထိုဘုရားတုများအကြောင်း မပြောရ။ ပရောဖက်များကဲ့သို့ လိုက်လုပ်ရမည်။ ယုဒများ ထိန်းသိမ်းစောင့်ရှောက်ဖို့ ပွဲတော်(၃)ခု ပြန်ဌာန်းထားသည် ()တဆေးမဲ့မုန့်ပွဲတော်။ ပဿခါပွဲတော် စတင်ကျင်းပပြီးနောက်ပိုင်းတွင် နှစ်စဉ်နှစ်အစ၌ ကျင်းပသည်။ မိမိတို့ အပြစ်ဒုစရိုက်များ ဆေးကြော သန့်စင်ခြင်းဖြစ်၍ အရေးကြီးသည်။ () အသီးအနှံသိမ်းပွဲ။ ပင်တေကုတ္တေနေ့နှင့် ရက်သတ္တပတ်များ၏ ပွဲတော်ဟုလည်းခေါ်သည်။ ခေတ်စကားအရဆိုလျှင် ကောက်သစ်စားပွဲဟု ဆိုနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်လာသည့် ပင်တေကုတ္တေနေ့နှင့် အသင်းတော်စတင်ပုံဖော် ခြင်းဖြစ်သည်။ () ပြန်လည်စုစည်းသည့်ပွဲတော်။ တဲတော်ပွဲဟုလည်းခေါ်သည်။ အနှစ်တစ်ထောင်ကာလတွင် ဣသရေလလူမျိုး ဘေးမသီရမခ လုံခြုံစွာနေရကြောင်း လိုက်နာပြခြင်း သင်္ကေတဖြစ်သည်။ အရွယ်ရောက်သော ယောက်ျားတိုင်း ထိုပွဲတွင် ပါဝင်ရသည်။ အခြားသူများမှာ မိမိ သဘောအတိုင်း သွားနိုင်ကြသည်။ ဓမ္မသစ်ကျမ်းတွင် ယောသပ်သာမက မာရိနှင့် ယေရှုသူငယ်လည်း ယေရုရှလင်မြို့ ပဿခါပွဲတော်သို့ သွားကြကြောင်း (လု ၂:၄၁) တွေ့ရသည်။

၂၃:၁၈၁၉ တဆေးပါသောမုန့် (တဆေးသည်အပြစ်ကို ကိုယ်စားပြုသည်)ကို ဘုရားသခင်အတွက် ပူဇော်သော ယဇ်ကောင်အသားနှင့် အတူတကွမစားရ။ မပတ်သက်စေရ။ ယဇ်ကောင်၏ အဆီသည် အထွဋ်အမြတ်ဖြစ်သောကြောင့် နောက်တစ်နေ့ မိုးလင်းထိအောင် မထားရ။ မီးရှို့ပူဇော်ပစ်ရမည်။ အဦးသီးသောအသီးကို ဘုရားသခင်ထံပူဇော်ရမည်။ တိရစ္ဆာန် အသားကို သူ့မိခင်၏ နို့ရည်ဖြင့် မချက်ရ။ ထိုအပြုအမူသည် ဘာသာတရားမဲ့သူများကပြုလုပ်သည့်အလေ့အထဖြစ်သောကြောင့် ထိုသူများ၏ အပြုအမူများကို ရှုတ်ချသည်။ ယနေ့ခေတ်ကာလတွင်လည်း ယုဒလူမျိုးများက ကြပ်တည်းစွာ လိုက်နာကြသည်။ တိရစ္ဆာန်အသားများကိုနို့ထွက်ပစ္စည်းများနှင့်လည်း ရောမစားကြ။၂၂

၇။ အနိုင်အမှတ်လုယူခြင်း (၂၃:၂၀၃၃)

          ၂၃:၂၀၃၃ ဘုရားသခင်က ကောင်းကင်တမန် (အမှန်မှာ သူကိုယ်တိုင်) အား ဣသရေလတို့ရှေ့မှာ စေလွှတ်ပေးမည်ဟု ကတိတော်ပြုသည်။ ကန္တာရ ဖုန်းဆိုးတောမှ ခေါ်ထုတ်၍ ကတိတော်မြေသို့ ဦးဆောင်ခေါ်သွားမည်။ အကယ်၍ ဣသရေလတို့သည် ရုပ်တုဆင်းတုဘုရားတု ကိုးကွယ်ခြင်းကို စွန့်လွှတ်၍ ဘုရားသခင်၏စကားတော်ကို နားထောင်လျှင် ကြီးသောအမှုအရာများပြုပေဦးမည်။ နာခံခြင်းမရှိလျှင် ဆန့်ကျင်ဘက်အကျိုး သက်ရောက်မည့် အကြောင်းကို Henry က ဤသို့ရေးထားသည်။

ဦးစီးခေါင်းဆောင်ကောင်းစကား နာခံလျှင်အောင်မြင်စွာ ပြီးမြောက်ကြသော်လည်း၊ လိုက်နာခြင်းမရှိဘဲ ဆန့်ကျင်ဘက် နေရာ ရောက်သွားလျှင် လုပ်ငန်း လက်စပျောက်သွားသောကြောင့် တစ်ဝက်တစ်ပြတ်နှင့် ဖရိုဖရဲဖြစ်သွားကြသည်။ လမ်းခုလတ်တွင် စမ်းတဝါး လမ်းစပျောက်ကြသည်။၂၃

ကတိတော်မြေသည် ပင်လယ်နီမှ ဖိလိတ္တိ(မြေထဲပင်လယ်)၊ တော်စပ် (ခါနာန်ပြည်တောင်ပိုင်း နိဂတ်ပြည်မှ) မြစ်ကြီး (ဥဖရတ်မြစ်)နားထိ ကျယ်ပြန့်သည်။

ဒေသခံလူမျိုးကို မောင်းထုတ်ခိုင်းသည်ကို သတိပြုပါ။ သူတို့ အမူအကျင့်အတိုင်း လိုက်မနေရ။ သူတို့ရုပ်တု ဘုရားမကိုးကွယ်ရ။ ရောယှက်ထွေးတင်ခြင်းမပြုရ။ ခါနာန်သားတို့၏ ဆိုးညစ်သော အကျင့်ယုတ်များကို အတုမယူရ။ သို့သော်လည်း ဣသရေလများသည် ထိုတားမြစ်ချက်များကို ဖောက်ပြန်၍ ပလဲနံပသင့်ကြသည်။ ထိုအချက်သည် ဝိညာဉ်ရေးရာတွင် အရေးကြီးသော သင်ခန်းစာဖြစ်သည်။ ဘုရားသခင်က ယုံကြည်သူများအား ရန်သူများအပေါ် အောင်မြင်ခြင်း တန်ခိုးအစွမ်းပေးထားပါသည်။ လောကလူသားများ၏ ဇာတိအသွေးအသားနှင့် မကောင်းဆိုးဝါးဘေးရန်များကို အနိုင်ယူနိုင်သည့် ယုံကြည်ခြင်း လက်နက်စွမ်း ပေးထားသည်။

အပိုဒ်ငယ် ၃၃ကို ၂ကော ၆:၁၄-၁၈ တွင်ထပ်မံယှဉ်ပြထားသည်။ ဘုရားသခင်လူများသည် ဇာတိအသွေးအသားနှင့် ကင်းရှင်းစွာ နေရသည်။ ဣသရေလတို့သည် ဤကတိတော်ကို နာခံရန် ပျက်ကွက်ကြသည်။ မကောင်းသောသူနှင့် ပေါင်းဖော်ခြင်းသည် ပျက်စီးခြင်းလမ်းပေါ်သို့ လျှောက်နေခြင်း ဖြစ်သည်။

Previous Article
Next Article