ထွက်မြောက်ရာကျမ်း ၂၈

() ယဇ်ပုရောဟိတ်အမှုအရာ (အခန်း ၂၈၂၉)

၁။ ယဇ်ပုရောဟိတ်ဝတ်ရုံ (အခန်း ၂၈)

          ၂၈: အခန်း(၂၈)တွင် ယဇ်ပုရောဟိတ်ကြီး၊ သူ့သားများနှင့်ဝတ်ရုံများအကြောင်း ရှင်းပြထားသည်။ ဝတ်ရုံဟု ဆိုရာတွင် အရောင်အဆင်းကျောက်မျက်ရတနာများ တပ်ဆင်ပုံစသဖြင့် ပါရှိ၍ ခရစ်တော်၏ ဘုန်းတန်ခိုးပုံဆောင်သည်။ အာရုန်၏မိသားစုများကို ယဇ်ပုရောဟိတ်အမျိုးအနွယ်အဖြစ်ခန့်အပ်ထားသည်။

၂၈:၂၉ ယဇ်ပုရောဟိတ်ကြီးတွင် ဝတ်ရုံ(၂)ထည်ရှိသည်။ (၁) ဝတ်ရုံသည် လှပခန့်ညားသည်။ ရောင်စုံချယ်သထား၍ ရတနာများဆင်မြန်းထားသည်။ (၂) နောက်တစ်မျိုးသည် အဖြူရောင်သက်သက်ဖြစ်သည်။ ပထမ ဝတ်ရုံအကြောင်းကို အငယ် ၂-၄ တွင်ပါရှိသည်။ သင်တိုင်း (ငယ် ၆၊၇) သည်အပေါ်ဝတ်ရုံနှင့် ဆင်တူသည်။ နှစ်ခြမ်းဖြစ်၍ ပုခုံးတွင် စုချည်ရသည်။ သင်တိုင်းအပေါ်၌ ထူးခြားသော ရင်စည်း(ငယ် ၈) ဖုံးအုပ်၍ သင်တိုင်းနောက်နားတွင် ခါးစည်းရသည်။ ကျောက်အိုးတို့ကို ရွှေနှင့် လုပ်ရသည် (ငယ် ၁၃)။ မဟူရာကျောက်ပြားနှစ်ချပ်ပေါ်တွင် ဣသရေလအမျိုးတို့၏ အမည်စာရင်းအား ကြီးစဉ်ငယ်လိုက် ရေး၍ (ငယ် ၉-၁၂) ထိုဝတ်ရုံပေါ်တွင် တွဲချုပ်ရသည်။ ဣသရေလအမျိုးနာမည်တစ်ခုစီရေးထားသော ကျောက်မျက်(၁၂)ခုကို သင်တိုင်းအပေါ်ရှိ ရင်စည်းပေါ်၌ ရွှေကွင်းများဖြင့် ချိတ်ထားရမည် (ငယ် ၁၃-၂၈)။ ယဇ်ပုရောဟိတ်ဆရာကြီးသည် ဣသရေလအမျိုး(၁၂)ပါးကို သတိရသောအားဖြင့် ဘုရားသခင်ရှေ့တွင် ထိုဝတ်ရုံကို ပုခုံးပေါ်၌ဆောင်ရမည် (ငယ် ၁၂-၂၉)။

၂၈:၃၀ ရင်ဖုံးကို အမှုစီရင်တော်မူချက် ရင်ဖုံးဟုလည်း ခေါ်သည် (ငယ် ၁၅၊ ၂၉၊ ၃၀)။ အဘယ်ကြောင့် ဆိုသော် ထိုရင်ဖုံးအထဲတွင် ဥရိမ်နှင့် သုမိမ်သွင်းထားသည်။ ထိုဥရိမ်နှင့် သုမိမ်သည် ဘုရားသခင်၏ သဘောထား စီရင်ချက်ဟု ပုံဆောင်သည် (တော ၂၇:၂၁)။

ဥရိမ်နှင့်သုမိမ်၏ အဓိပ္ပါယ်မှာ အလင်းရောင်နှင့် ပြည့်စုံခြင်းဖြစ်သည်။ အသေးစိတ်အတိအကျ နားမလည်နိုင်သော်လည်း ရင်စည်းနှင့် ဆက်စပ်သည်။ ဘုရားသခင်၏ လမ်းညွှန်ချက်ဖြစ်သည်ဟု နားလည်ခံယူရသည် (၁ရာ ၂၈:၆)။

၂၈:၃၁၃၅ သင်တိုင်းအောက်ခံအင်္ကျီသည် အပြာရောင်ဖြစ်၍ ခေါင်းစွပ်အင်္ကျီဖြစ်သည်။ လည်စပ်ကို အနားကွပ်ထားရသည်။ ဒူးခေါင်းဖုံးအောင် ရှည်ရသည်။ အင်္ကျီအမြိတ်တွင် သလဲသီးပုံအထည်သီးနှင့် ရွှေဆည်းလည်းတစ်လုံးခြား ပတ်လည်တပ်ဆင်ရသည်။ ယဇ်ပုရောဟိတ်ကြီး အသန့်ရှင်းဆုံးသော ကျက်သရေဆောင်သို့ ဝင်သည့်အခါအသက် သေမသေ ထိုရွှေဆည်းလည်းသံ နားထောင်ရသည်။

၂၈:၃၆၃၈ ခေါင်းလောင်း သို့မဟုတ် ရွှေသင်းကျစ်ကို ဆောင်းရသည်။ ထိုရွှေသင်းကျစ်တံဆိပ်ပေါ်မှာ ထာဝရဘုရားအား သန့်ရှင်းခြင်းဟု ရေးသား၍ ခေါင်းရှေ့ပိုင်းတွင် ထားရသည်။ သန့်ရှင်းသော အလှူဒါနနှင့် ဆိုင်၍ သန့်ရှင်းစေသမျှသောအရာတို့၌ ပါသောအပြစ်ကို ဆောင်သည်။ ထိုအကြောင်းကို ဘုန်းတော်ကြီး Beveridge က “ငါအတွက် မချီးမွမ်းနိုင်ရေး၊ ထိုထက်နောင်တရဖို့ လိုသည်။ ငါ့မျက်ရည်များဖြင့် ကယ်တင်ရှင်၏ အသွေးများကို ဆေးကြောချင်သည်” ဟု ဆိုသည်။ ၂၆

၂၈:၃၉၄၃ ယဇ်ပုရောဟိတ်ကြီး၏ အတွင်းခံအဝတ်များကိုလည်း ပိတ်ချောဖြင့် ရက်လုပ်ရမည်။ ဗောင်းကိုလည်း ပိတ်ချောဖြင့် လုပ်ရမည်။ အာရုန်သားများ၏ အင်္ကျီခါးပန်း၊ ဦးထုပ်များကိုလည်း သီးသန့်လုပ်ပေးရမည် (ငယ် ၄၀)။ အောက်ခံအဝတ်အစားများကို ပိုးသားဖြင့် လုပ်ရမည်။ လည်ပင်းမှ ခြေမျက်စိထိအောင် ဖုံးရမည်။ သို့သော် ဘိနပ်မစီးရ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ သန့်ရှင်းသောမြေပေါ်တွင် ရပ်နေသူများဖြစ်သည် (၃:၅)။ အပိုဒ်ငယ် (၄၀)တွင်ပါရှိသည့် ဆီဖြင့်လိမ်းဆိုသည်မှာ ယဇ်ပူဇောခါနီးတွင် ပြုလုပ်ရသည်။ သာမန်အားဖြင့် ယဇ်ပူဇော်ရန် အဆင်သင့် ဖြစ်ပြီဟု အဓိပ္ပါယ်ရသည်။

Previous Article
Next Article