ထွက်မြောက်ရာကျမ်း ၃၈

၁၃။ မီးရှို့ပူဇော်ရာယဇ်ပလ္လင် (၃၈:)

          ၃၈: မီးရှို့ရာယဇ်ပလ္လင်သည် အကုန်လောင်ကျွမ်းခြင်းသဘောဆောင်သည်။ ကရာနီကုန်းပေါ်တွင် ယေရှုခရစ်တော်က သူ့ဘဝအား အပြစ်သားများအတွက် ယဇ်ကောင်အဖြစ် ပူဇော်သက္ကာပြုခြင်း ပုံဆောင်သည်။ ခရစ်တော်အသေခံခြင်းမှတပါး ဘုရားသခင်ထံတော်သို့ လူသားများရောက်ရှိနိုင်သည့် နည်းလမ်းမရှိ။

၁၄။ အင်တုံ (၁၈:)

          အင်တုံသည် လူ့လောကတွင် ပြုတော်မူသော သခင်ခရစ်တော်၏ အမှုတော်အမှတ်လက္ခဏာဖြစ်သည်။ နှုတ်ကပတ်တော်ရေဖြင့် လူသားများ၏ အပြစ်ကို ဆေးကြောသန့်စင်သည် (ဧ ၅:၂၆)။ ယဇ်ပုရောဟိတ်များသည် တဲတော်အတွင်း ဤအမှုတော် မထမ်းဆောင်မီ ခြေလက်များကို ထိုအင်တုံတွင် ဆေးကြောသန့်စင်ရသည်။ ထိုကဲ့သို့ဖြင့် ယုံကြည်သူများသည်လည်း အမှုတော်သို့ ဆက်ကပ်ရာတွင် ကိုယ်စိတ်နှလုံးကြည်လင်ဖြူစင်စွာဖြင့် ပါဝင်ရသည်။ အစွမ်းရှိသမျှပေးလှူရသည်။ အင်တုံကို အမျိုးသမီးများ ပေးလှူသော ကြေးမှန်ဖြင့် ပြုလုပ်သည်။ ထိုသို့ပါဝင်ပေးလှူခြင်းသည် ဘုရားသခင်၏ အမှုတော်တွင် တတ်နိုင်သည့်ဖက်မှ အုတ်တစ်ချက်သဲတစ်ပွင့်အဖြစ် ပါဝင်ခြင်းဖြစ်သည်။

၁၅။ တဲတော်ဝင်း၊ တိုင်နှင့်အကာအရံများ (၃၈:၃၁)

          ၃၈:၂၀ တဲတော်ဝင်းကို ပိတ်ဖြူချောဖြင့် ပတ်လည်ကာရံထားသည်။ တိုင်(၅၆)တိုင်ရှ၍ တိုင်အောက်ခြေတွင် ကြေးဘု၊ ကြေးကွင်းများ တပ်ဆင်ထားသည်။ အဝင်တံခါးမကြီးကိုလည်း ကုလားကာ တပ်ဆင်ထားသည်။ အဖြူရောင်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ပုံဖော်၍ ဘားတန်းများသည် မယုံကြည်သူအပြစ်သားများ ဘုရားသခင်ထံသို့ မဝင်ရောက်နိုင်အောင် ကန့်ထားသည့် အဓိပ္ပါယ်ရှိသည်။ သို့သော်လည်း ယုံကြည်သူများသည် တံခါးပေါက်ကြီးမှ ဝင်ရောက်နိုင်ကြသည်။ တံခါးမကြီးတွင် တပ်ဆင်ထားသော ကုလားကာကို အပြာရောင် ခရမ်းရောင်၊ ကြက်သွေးရောင်တို့ဖောက်ထားသော ပိတ်ချောဖြူ ကြီးဖြစ်သည်။ ခရစ်တော်ပြောသည့် “ငါသည် တံခါးဖြစ်သည်” (ယော ၁၀:၉) အတိုင်းဖြစ်သည်။ ဘုရားသခင်ထံတော်သို့ ရောက်ရှိနိုင်ရန် ထိုတံခါးမကြီးတစ်ခုတည်းသာရှိသည်။ ပိတ်ချောသည် ခရစ်တော်၏ အပြစ်မှုံမတင် ခြောက်ပြစ်ကင်းသဲလဲစင်ဘဝကို ပုံဆောင်သည်။ အပြာရောင်သည် ထက်မိုးကောင်းကင်ပုံရိပ်၊ ခရမ်းရောင်သည် ဘုန်းတန်ခိုးတော်၊ ကြက်သွေးရောင်သည် အပြစ်သားများအတွက် ခံစားရသော ဆင်းရဲဒုက္ခကို ပုံဆောင်သည်။

၃၈:၂၄၃၁ တဲတော်တည်ဆောက်ဖို့ရန် အသုံးပြုသော ပစ္စည်းများကို စနစ်တကျစေ့စပ်စွာ အသုံးပြုရသည်။ အလေအလွင့် အဖိတ်အစင်မရှိအောင် ကိုင်တွယ်ရသည်။ ယနေ့ကာလဈေးနှင့် တွက်ချက်လျှင် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည်။ ယနေ့ ယုံကြည်သူများသည်လည်း ဘုရားပေးလက်ဆောင်များကို ပြန်လည်ရေတွက်၍ ဘုရားသခင်အမှုတော်တွင် ပြန်လည်ပါဝင်ဆက်ကပ်ရသည်။ “ဘုရားပေးသော ရွှေနှင့်ငွေများကို အလိုတော်ရှိသည့်အတိုင်း အသုံးပြုတော်မူပါ။ ကျွန်တော်ပိုင်ဆိုင်မှု တစ်ခုမှမရှိပါ”၃၄ ဟု ဆိုနိုင်ရသည်။

Previous Article
Next Article