ဓမ္မရာဇဝင်စတုတ္ထစောင် ၁၀

၁၀:၁၁  ယေဟု၏ နောက်တဆင့် လုပ်ဆောင်ချက်မှာ ရှမာရိ ရှိအာဟပ်၏သား ခုနှစ်ဆယ်အား ကွပ်မျက်သတ်ဖြတ်ခြင်းဖြစ်သည်။ ထိုသို့မသတ်ဖြတ်မီ စစ်ရေးစစ်ရာ ကြွယ်ဝသော သားကို ရွေးချယ်၍ သူ့အားစီးချင်းထိုးရန် စိန်ခေါ်လိုက်သေးသည်။ သို့သော်လည်း ယေဇရေလတွင် ယောရံနှင့် အာခဇိမင်း နှစ်ပါးကို အနိုင်ယူခဲ့ပုံအား သိရှိကြသောကြောင့် အာမခံရဲကြ။ သို့ဖြင့် အမိန့်တော်အတိုင်း နာခံကြရသည်။ ယေဇရေလရှိ သစ္စာတော်ခံများသို့ စာရေး၍ အာဟပ်သားခုနှစ်ဆယ်တို့၏ ဦးခေါင်းကို ပြသခိုင်းသည်။ နောက်တနေ့နံနက်တွင် ယေဟုသည် မြို့ဝင်တံခါး၌ နှစ်ပုံပုံထားသော ဦးခေါင်းများကို သွားရောက် ကြည့်ရှုသည်။ ရုတ်တရက်တွင်မူ ယေဟု၏အမိန့်ကို သဘောမပေါက်ကြသဖြင့် လိုက်လုပ်ကြသည်။

သင်တို့တွင် ဤကဲ့သို့ သတ်ဖြတ်သော်လည်း အပြစ်မရှိ။ ငါ့တွင်လည်း အပြစ်မရှိပါ။ ငါ့သခင်ယောရံကို လုပ်ကြံသည်မှာ မှန်ကန်သည်။ သို့သော် လုပ်ကြံရသည့် အကြောင်းရင်းမှာ ဘုရားသခင်က ပရောဖက်ဧလိယအားဖြင့် ပရောဖက်ပြုချက် ပြည့်စုံစေခြင်း ဖြစ်သည်။

ဧလိယ၏ ပရောဖက်ပြုချက်တွင် ယေဟုအား အာဟပ်၏သွေးသားများကို အပြောင်သုတ်သင် ခိုင်းသည်။ လူကြီး၊ ပေါက်ဖေါ်၊ ယဇ်ပရောဟိတ်အပေါင်းကို သတ်စေသည်။

၁၀:၁၂၁၄  ယေဟုမင်း ရှမာရိသို့ သွားစဉ်လမ်းခရီးတွင် အာခဇိ၏ ဆွေမျိုးသားချင်း (၂၄) ယောက် (ငယ် ၁၃)နှင့် တွေ့ဆုံသည်။ ပေါက်ဖေါ်များ သတ်ဖြတ်ကွပ်မျက်ခဲ့ပြီး ဖြစ်သောကြောင့် ဝမ်းကွဲညီအစ်ကို တော်သူများဖြစ်ပေမည် (၆ရာ ၂၁:၁၇)။ ယုဒပြည်မှ ဣသရေလပြည်သို့ ဘုရင်ဧည့်သည်တော် အဖြစ်အလည် အပတ်သွားခြင်းဖြစ်၏။ ကံဆိုးမိုးမှောင်ကျ၍ အသွားမတော်ကြခြင်း ဖြစ်သည်။ ယေဟုမင်း၏ အမိန့်ဖြင့် သိုးမွှေးစရပ်နားတွင် အကုန်သတ်ပစ်ခြင်း ခံ ကြရသည်။

၁၀:၁၅၁၇  ယေဟုသည် ရေခပ်သား ယောနဒပ်နှင့် လည်း တွေ့ဆုံသည်။ (Jehonadab သို့မဟုတ် Jonadab ဟုလည်း ခေါ်သည်)။ ယေဟု၏ မိတ်ဆွေကောင်းဖြစ်သော ကြောင့် မြင်းရထားအတူတူ စီး၍ ရှမာရိထိသွားကြသည်။ ယေဟုက ဘုရားသခင် ယုံကြည်ပုံကို သက်သေထူပြသည်။ ယေ ၃၅ တွင် ထိုယောနဒပ် အကြောင်း တွေ့ရသည်။ မိစ္ဆာပရောဖက်များ အယူသို့မလိုက်ဘဲ ဣသရေလလူများ မောရှေနှင့် ယောရှုကို သိမှတ်ကြသော ရှေးဦးယုံကြည်သူများ ဘဝကို ပုံဆောင်သည်။ ယောနဒပ်က ယေဟု ဘုရင် အသစ်စက်စက်ဖြစ်ကြောင်း သိရသောအခါ ဝမ်းသာလှိုက်လှဲစွာ ဂုဏ်ပြုသည်။ ပရောဖက် ဧလိယ မိန့်မှာသည့် အတိုင်း ယေဟုသည် ရှမာရိရှိ အာဟပ်၏ဆွေမျိုးသားချင်းနှင့် ခြေရာလက်ရာများကို အစဖျောက်ပစ်သည်။ ထိုအကြောင်းကို Morgan က ဤသို့ဆိုသည်။

ယေဟုသည် သူ၏ စိတ်အားထက်သန်မှုကို ထောင်လွှားသည်။ အမှန်စင်စစ် ထိုသို့ပြုလုပ်ခြင်းသည် မိမိပျက်စီးရာ ပျက်စီးကြောင်း ဖြစ်သည်။ ရောက်လေရာမှာ ဒုစရိုက်ကျူးလွန်သည်။ ဘုရားသခင်၏ တရားစီရင်ချက်သည် သူ့လမ်းကြောင်းနှင့် သူရှိရသည်။ မဆီမဆိုင်သူများအား ဝါကြွားထုတ်ဖေါ်ပြသစရာ မလို။၁၃

၃။ ဗာလဘုရားကိုးကွယ်သူများ သန့်စင်ခြင်း (၁၀:၁၈၃၆)

၁၀:၁၈၂၈  နောက်တဆင့်အဖြစ် ဗာလဘုရား ဝါဒီများကို သုတ်သင်သည်။ ဗာလဘုရားပွဲတော် ကျင်းပမည် ဟု လှည့်ဖျားသောကြောင့် ဗာလဘုရားကျောင်းတွင် လူသူပွတ်သိပ်ကြပ် နေသည်။ ဗာလဘုရား ဝတ်ပြုရာတွင် ဝတ်ဆင်ရသော ဝတ်ရုံများကိုယ်စီ ဝတ်လာကြသည်။ ထိုပရိသတ်ထဲတွင် ယေဟောဝါ ဘုရားကိုးကွယ်သူ ရှိမရှိစစ်ဆေးသည်။ မီးရှို့ရာယဇ်ပူဇော်သည် နှင့် တပြိုင်နက် ဘုရားကျောင်းအပြင်ဘက် တွင် အဆင်သင့် ချထားသော စစ်သည်တော် ရှစ်ဆယ်က ထိုဗာလရုပ်တုရှေ့ ကိုးကွယ်သူများကို ဝင်ရောက်သတ်ဖြတ် ကွပ်မျက်ကြသည်။ ကျောင်းဆောင်ကိုလည်း ခုတ်ပိုင်းဖြိုလှဲပြီး အကုန်လုံးမီး ရှို့ပစ်သည်။

၁၀:၂၉၃၀  ယေဟုမင်းသည် အခြားဣသရေလမင်းများထက်စာလျှင် ကောင်းချက်များစွာ ရှိပါသည်။ ဘုရားသခင်စီရင်ထားသော အာဟပ်သွေးသားများကို သုတ်သင်သည်။ ဗာလဘုရား ကိုးကွယ်သူများကို အစဖျောက်ပစ်သည်။ ထို့ကြောင့် သူ့လုပ်ဆောင်ချက်အပေါ် အသိအမှတ်ပြုသော အားဖြင့် ဘုရားသခင်က မျိုးရိုးစဉ်ဆက် ()ဆက်ကို နန်းစံစေသည်။ (ယောခတ်၊ ယောရှ၊ ဒုတိယယေရောဗောင် နှင့် ဇာခရိမင်းများ ဖြစ်သည်)။

၁၀:၃၁၃၆  မည်မျှကောင်းစေကာမူ ဆိုးကွက်တကွက် ရှိနေသည်။ ယေရောဗောင်ပြုခဲ့သော ရွှေနွားရုပ် ကိုးကွယ်ခြင်းကိုမူ မစွန့်။ အာဟပ်မိသားစု အပေါ် အလွန်အကျွံရက်စက်ခြင်း ကိုလည်း ဟော ၁:၄ တွင် အပြစ်တင်ထားသည်။ ထာဝရဘုရားသည် ဣသရေလပြည်ကို စွန့်ခွာသည်။ ရှုရိဘုရင် ဟာဇလသည် ရုဗင်၊ ဂဒ် နှင့် မနာရှေ လူတဝက်တို့ပိုင်သော ယော်ဒန်မြစ်အရှေ့ဘက်ကမ်းကို  သိမ်းပိုက်သည်။ ဟာဇလ၏ လှုပ်ရှားမှုကို ဧလိရှဲက ကြိုတင်ရိပ်မိသည် (၈:၁၂)။ ယေဟုက အာဟပ်မိသားစုသို့ ပြုကျင့်သည့် အတိုင်း ရှုရိဘုရင်သည် ဣသရေလလူများအား သုတ်သင်သည်။ ထိုသို့ မင်းဆိုးမင်းညစ် အသီးသီး ပုန်ကန်ထကြွ သောင်းကျန်းကြသော်လည်း ဘုရားသခင်၌ အစီအမံတော်ရှိနေသည်။

Previous Article
Next Article