ဓမ္မရာဇဝင်စတုတ္ထစောင် ၁၄

() ယုဒဘုရင် အာမဇိ (၁၄:၂၀)

ယောရှ၏သား  အာမဇိ သည် ဘီစီ ၇၉၆-၇၆၇ ထိ (၂၉)နှစ်တိုင်အောင် ယုဒဘုရင် အဖြစ် နန်းစံခဲ့သည် (၆ရာ ၂၅)

၁၄:  အာမဇိမင်းသည် မင်းသန့်မင်း ပြန့်ဖြစ်သော်လည်း ဘိုးတော် ဒါဝိဒ်မင်းကို မမှီ။ ဖခင် နည်းတူ တောင်ကုန်းပေါ်ရှိ  ဘုရားတုများကို မဖယ်။ အာမဇိမင်း၏ ထူးခြားသော စွမ်းဆောင်ချက်မှာ သူ့ဖခင်ကို လုပ်ကြံသူများအား လက်တုံ့ပြန် သည် (၁၂:၂၀-၂၁)။ တရား ၂၄:၁၆ ပါ ပညတ်တော်အတိုင်း လူသတ်တရားခံများ၏ သားများကိုမူ မသတ်။ ဧဒုံလူတစ်သောင်းကို လည်း သေလအရပ် (ကျောက်ဆောင်) ဆားချိုင့်တိုက်ပွဲတွင် သုတ်သင်ခဲ့သည်။ သို့သော်လည်း ဧဒုံလူတို့၏ ရုပ်တုဘုရားများကို မဖွယ်မရာ ယူဆောင်လာပြီး ကိုးကွယ်သောကြောင့် လာဘ်တိတ်ခဲ့သည် (၆ရာ ၂၅:၁၄)။

၁၄:၁၄  မာနထောင်လွှားသောသူများသည် မိမိတို့ မိုက်မဲမှုကို အထုပ်ဖြေသူများဖြစ်သည့် အတိုင်း ဣသရေလဘုရင် ယဟောရှမင်းကို ဖိတ်ခေါ်၍ စစ်အင်အားပြ ဝါကြွားသည်။ ဣသရေလ ဘုရင်က သင့်သမီး အား ငါ့သားအတွက် ပေး၍ ခမည်းခမက်တော်ကြမည်ဟု ဆိုသည်။ ဣသရေလဘုရင်က လေဗနုန်သားရဲ (ဣသရေလစစ်တပ်)သည် ဆူးပင် (ယုဒပြည်)ကို နင်းမိပြီဟု စကားထာ ဆိုခဲ့သည်။ အာမဇိမင်းက ဧဒုံသားများကို အောင်မြင်ခြင်းအား ဣသရေလတို့ကို ဝါကြွခြင်းဖြစ်သည်။ ဣသရေလ ဘုရင်၏ ကမ်းလှမ်းချက်အား ငြင်းငယ်သောအခါ အချင်းချင်းစစ်ဖြစ်ကြသည်။ ဣသရေလ မင်းသည် ယေရုရှလင်မြို့ရိုးကို ဖြိုဖျက်၍ ရတနာများ လုယူသွားသည်။

၁၄:၁၅၂၀  ထိုစစ်မီးသည် ယေရုရှလင်မြို့ ကျဆုံးသည့် ဘီစီ ၇၂၂ တိုင်အောင် ငြိမ်းသတ်၍ မရအောင် တငွေ့ငွေ့လောင်ကျွမ်းသည်။ အာမဇိမင်းသည် အသက်ဘေးရန် လွတ်မြောက်အောင် လာခိရှ မြို့ သို့ ထွက်ပြေးသော်လည်း မလွတ်။ ဖမ်းဆီးသတ်ပစ်ခြင်း ခံရသည်။

() ယုဒဘုရင် သြဇိ (အာဇရိ) (Uzziah သို့မဟုတ် Azariah) (၁၄:၂၁၂၂)

သြဇိသို့မဟုတ် အာဇရိဟုခေါ်သော အာမဇိမင်း၏သားသည် ဘီစီ ၇၉၂/၉၁-၇၄၀-၃၉ တိုင်အောင် နှစ်ပေါင်း (၅၂) တိုင်တိုင် ယုဒဘုရင် အဖြစ် စိုးစံသည် (၆ရာ ၂၆)။

၁၄:၂၁၂၂  ဤကာလတွင် ဟေရှာယ၊ အာမုတ်၊ ဟောရှေ အစရှိသော ရှေးပရောဖက်များ ပေါ်ထွန်းခဲ့ကြသည်။ (ဟေရှာ ၁:၁၊ ဟော ၁:၁၊ အာ ၁:၁) အာမုတ်နှင့် ဟောရှေ အနာဂတ္တိကျမ်းတွင် ဣသရေလတို့၏ လူမှုရေးနှင့် ဘာသာရေးရာ ယှဉ်တွဲဖေါ်ပြသော်လည်း အဓိကအမှုတော် ဆောင်ရွက်ချက်မှာ ဣသရေလလူများ ဘုရားသခင်၏ အပြစ်စီရင်ခြင်း မခံရအောင် နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြဖို့ အကြောင်းဖြစ်သည်။

သြဇိမင်းသည် ပထမ (၂၄) နှစ်တွင် ခမည်းတော်နှင့် အတူ ဘုရင်အဖြစ် တွဲဖက်စိုးစံသည်။ မြောက်ဘက်ဒေသရှိ အကာဘာ ပင်လယ်ကွေ့တွင် ဧလတ်မြို့ တည်သည်။ သူ့အကြောင်းကို အခန်း ၂၅ နှင့် ၆ရာ ၂၆ တို့တွင် ပိုမိုပြည့်စုံအောင် ရေးမှတ်ထားသည်။

() ဣသရေလဘုရင် ယေရောဗောင်() (၁၄:၂၃၂၉)

ယောရှ၏သား ယေရောဗောင်()သည် ဘီစီ ၇၉၃/၉၂-၇၃၃ ထိ နှစ်ပေါင်း (၄၁) နှစ် တိုင်တိုင် ဣသရေလ ဘုရင် အဖြစ် စိုးစံခဲ့သည်။

၁၄:၂၃၂၉  ပထမပိုင်းနန်းစံနှစ် (၁၂)နှစ် သည် ခမည်းတော် ယောရှမင်းနှင့် တွဲဖက်နန်းစံခဲ့သည်။ ဤမင်းသည်လည်း ပညတ်ချက်ရာ ဓါတ်သက်ပါဆို စကားအတိုင်း နာမည်နှင့် လိုက်အောင် နေဗက်သား ယေရောင်ဗောင်နောက်သို့ လိုက်သည်။ နိုင်ငံရေးအားဖြင့် ဣသရေလ နိုင်ငံအား ဟာမတ်မြို့အဝင် (ဂါလိလဲ)မှ အာရဗပင်လယ် (ယော်ဒန်မြစ်ဝှမ်း) ဒေသထိ ပရောဖက်ယောန၏ ပရောဖက်ပြုချက်အရ နယ်ချဲ့သည်။ ထိုပရောဖက် ပြုချက်ကို သမ္မာကျမ်းစာတွင် မှတ်တမ်းမှတ်ရာ သီးသန့်မတွေ့ရ။ (အပိုဒ်ငယ် ၂၅ တွင် ပါရှိသည့် ပရောဖက် ယောန၏ အမှုတော်ဆောင်ခြင်း ကာလသည် စဉ်းစားစရာဖြစ်သည်။ ယောန၏ ဟောကြားချက်ဖြင့် နိနေဝေမြို့သည် နောင်တရပြီး နှစ်ပေါင်း ၄၀ မှ ၇၀ နောက်ပိုင်းတွင် အာရှုရိတို့က ဣသရေလ များ ဖမ်းဆီးခေါ်ဆောင်သွား ပြီးဖြစ်သည်။) ဒုတိယ ယေရောဗောင် ကယ်တင်သည့် ကာလသည် ၁၃:၅ (၁၄:၂၆-၂၇ နှင့် ယှဉ်ဖတ်)တွင် ပါရှိသည့်ကယ်တင်ခြင်း ဖြစ်နိုင်သည်။ အပိုဒ်ငယ် ၂၆:၂၇သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်သီးခံမှုဖြစ်သည်။ အပိုဒ်ငယ် ၂၇ ၌ တဒင်္ဂတွင် ယုဒလူနှင့် ဣသရေလလူတို့ အစေးမကပ်ခြင်းဖြစ်သည်။ သို့သော်လည်း ကတိတော် ပြုခဲ့သည့်အတိုင်း ပြုန်လည်ပူးပေါင်း ၍ အတူတကွ နေထိုင်ကြသည်။

Previous Article
Next Article