ဓမ္မရာဇဝင်စတုတ္ထစောင် ၂၁

()မနာရှေဘုရင် (၂၁:၁၈)

ဟေဇကိ၏သား မနာရှေမင်းသည် ဘီစီ ၆၉၇/၉၆-၆၄၃/၄၂ထိ နှစ်ပေါင်း (၅၅)နှစ်တိုင်တိုင် ယုဒဘုရင်အဖြစ် အုပ်စိုးနန်းစံခဲ့သည်။ (၆ရာ ၃၃:၁-၂၀ ယှဉ်ဖတ်)။

၂၁:                  မနာရှေဘုရင်သည် ယုဒဘုရင်များထဲတွင် သက်တမ်းအရှည်ဆုံးနှင့် အဆိုးညစ်ဆုံးမင်း ဖြစ်သည်။ ဆိုးဝါးယုတ်ကမ်းချက် အချို့မှာ ပြည်သူများအား ဗာလဘုရား၊ အာရှရဘုရား အားအတင်းကိုးကွယ်ခိုင်းခြင်း၊ မိုးနတ်မင်းအား ကိုးကွယ်ရန် ယဇ်ပလ္လင်တည်ဆောက်ခြင်း၊ မိမိရင်သွေးများကို မီးရှို့ယဇ်ပူဇော်ခြင်း၊ ဓါတ်ရိုက်ဓါတ်ဆင် အောက်လမ်းမှော်ပညာသုံးခြင်း၊ ဝိညာဉ်ဆိုး နတ်ဆိုးများ နိမိတ်လက္ခဏာ မေးမြန်းခြင်း၊ အာရှရ သစ်သား (ဖိုမဆက်ဆံနေပုံ) ရုပ်ထုထွင်း၍ ဘုရားသခင်ဗိမာန်တော် တွင် ထားရှိကာ ကိုးကွယ်စေခြင်း များတွေ့ရသည်။ထိုသို့ပြုလုပ်ခြင်းကြောင့် ပြည်သူများသည် ဘုရားသခင်ပြုသော ကတိတော်များကို (၃ရာ ၈:၂၉၊ ၉:၃) ပြန်လည်ကြားယောင်ကြသည်။

၂၁:၁၀၁၅     မနာရှေမင်း သည် ပြည်သူများအား အာမောရိလူများထက် အမိုက်ကမ်းကုန်အောင် ဦးဆောင်ခေါ်သွားသည်။ ထိုကြောင့် ဘုရားသခင်က ရှမာရိလူများနှင့် အာဟတ်မိသားစုများ အပြစ်ပေးခြင်းထက် ဆိုးဝါးစွာ အရေးယူမည် ဟုဆိုသည်။ အငယ် (၁၃) ရှိ မျဉ်းကြိုးနှင့် ချိန်သီးမှာ အရေးယူမည့် အတိုင်းအတာပမာဏကို ပြသည်။ ယေရုရှလင်မြို့ကို ဆေးပြီး မှောက်ထားသော ဟင်းပန်းကန်ကဲ့သို့ ပြောင်တလင်းခါစေမည်။ လူများကိုလည်း အရပ်ရပ်သို့ ထွက်ပြေးပျံ့နှံ့စေမည်ဟု ဆိုသည်။

၂၁:၁၆၁၈     လူများအား ရုပ်တုဘုရားတု ကိုးကွယ်စေ၍ သေရွာလမ်းမှားပို့ရုံသာမက အပြစ်မရှိသူများကိုလည်း သတ်ဖြတ်သွေးချောင်းစီးစေသည်။ “Assumption of Isaiah” စာအုပ်တွင် မနာရှေ၏ ယုတ်ကမ်းပုံသည် နှစ်ယောက်မရှိကြောင်း ရေးထားသည်။ ဟေရှာယ၏အမြင်များလည်း ဖော်ပြထားသည် (ဟေဗြဲ ၁၁:၃၇ နှင့် ယှဉ်ဖတ်)။

၆ရာ ၃၃ တွင် အာရှုရိဘုရင် (Ashurba nipal) က မနာရှေအား ဗာဗုလုန်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းရေးထားသည်။ ထိုကာလတွင် နောင်တရ၍ ဘုရားသခင်ထံသို့ ပြန်လာသည်။ ယေရုရှလင်သို့ ပြန်လာခွင့် ရသောအခါ ဘုရားသခင်၏ ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာတော်နှင့် ကရုဏာတော်များကို သိရှိနားလည် သဘောပေါက်ပေမည်။ အရင်ကဲ့သို့ မမိုက်ကမ်းဘဲ၊ လိမ္မာလာသည်။ သို့သော် သူ့ဘဝသက်တမ်းက အချိန်မလုံလောက်တော့ပါ။ ပြည်သူများနှင့် သူ့သားများသည် သူ့သခင်ဘဝလမ်းစဉ် နောက်ခြေကျွံကုန်ပြီ (၆ရာ ၃၃:၁၄-၂၃)။

() အာမုန်ဘုရင် (၂၁:၁၉၂၆)

၂၁:၁၉၂၆ မနာရှေ၏သား အာမုန်မင်း သည် ဘီစီ ၆၄၂-၆၃၉ ထိ ()နှစ် ယုဒဘုရင် အဖြစ်နန်းစံခဲ့သည် (၆ရာ ၃၃:၂၁-၂၅) ။

အာမုန်မင်းသည် ထာဝရဘုရားသခင်ကို ကျောခိုင်းလျှက် ရုပ်တုဘုရားတုကိုးကွယ်ခြင်း၌ တဘက်ကမ်းခတ် မိုက်တွင်းနက်သူဖြစ်သည်။ လက်အောက်အစေအပါးများနှင့် မသင့်မြတ်။ ထို့ကြောင့် နန်းစံနှစ် ()နှစ်တွင် တပည့်များလုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။ ပြည်သူများကလည်းမကြည်ညိုကြ။ လုပ်ကြံခြင်းခံရပြီးသောအခါ သားတော်ယောရှိက ဘုရင့်အရိုက်အရာဆက်ခံသည်။ မနာရှေမင်း သော်၎င်း၊ အာမုန်မင်းသော်၎င်း ယုဒဘုရင်များ၏ သင်္ချိုင်းတွင် သင်္ဂြိုဟ်ခွင့် မရကြ။ မိမိတို့ ကိုယ်ပိုင်သင်္ချိုင်းတွင် သင်္ဂြိုလ်ကြရသည်။

Previous Article
Next Article