ဓမ္မရာဇဝင်စတုတ္ထစောင် ၂

() ဧလိယ၏ကြွမြန်းခြင်း (:၁၂)

ဤအခန်းကို ဧလိယ၊ ကောင်းကင်ယံသို့ ကြွမြန်းခြင်းဖြင့် (ငယ် ၁-၁၁)ဖြင့် အခန်းအနား ဖွင့်လှစ်၍ ဗေလေလ ဟော့ရမ်းလူငယ်များ ဘဝနိဂုံးချုပ် ကျက်သရေယုတ်ခြင်းဖြင့် ပွဲသိမ်းသည် (ငယ် ၂၃-၂၅)။

:  ဧလိယ၏အမှုတော်ဆောင်ကာလ ပြီးဆုံးတော့မည် ဖြစ်သဖြင့် လက်ထောက် ဧလိရှဲအား ခန့်အပ်ခဲ့သည်။ သို့သော် ချက်ချင်းမပျောက်ကွယ်သေး။ ဧလိရှဲနှင့်အတူ ဗေသလ၊ ယေရိခေါစသော ယော်ဒန်မြစ် ဒေသသို့ သွားကြသေးသည်။ ဧလိရှဲသည် ဧလိယနောက်သို့ ယုံကြည်စိတ်ချစွာ တကောက်ကောက်လိုက်သည်။ ဗေသလ အရောက်တွင် ပရောဖက်သားများက ဧလိရှဲအား ဘုရားသခင်သည် ဧလိယကို ခေါင်းမှ နှုတ်ယူသွားမည့်အကြောင်း သိပါသလားဟု မေးကြသည်။ ဧလိရှဲကလည်း သိပါသည်ဟု ဖြေသည်။ သို့ကြောင့်လည်း ဆရာသမားကို မခွဲရက်သဖြင့် တဖဝါးမှမကွာ လိုက်လံခြင်းဖြစ်ပေမည်။ ဆရာသည် ခေါင်းဖြစ်၍ တပည့်သည် ဆရာ၏ ခြေရင်းမှာ ဝပ်တွားခယရသည်မှာ ဓမ္မတာထုံးစံရှိပေသကိုး။ တပည့် ဧလိရှဲအတွက် ဝမ်းနည်းအားငယ်စရာ ဖြစ်သောကြောင့် ထိုအကြောင်းကို မပြောလို၊ မကြားလို။ ထို့ကြောင့် တိတ်ဆိတ်စွာ နေကြပါဟု တားမြစ်သည်။

:  ဧလိယနှင့် ဧလိရှဲတို့ ဆရာတပည့် ယေါ်ဒန်မြစ်သို့ ဆင်းသည့်အခါ ပရောဖက် ငါးဆယ်တို့က ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေကြသည်။ ဧလိယက ဝတ်လုံဖြင့် ယေါ်ဒန်မြစ်ရေပြင်အား ရိုက်ခတ်ရာ မြစ်ရေ နှစ်ပိုင်းကွဲသွားသည်။ ဆရာတပည့်နှစ်ယောက်လည်း ခြောက်သွေ့စွာ တဖက်ကမ်းသို့ ကူးသွားကြသည်။ ဧလိယသည် အာဟပ်မင်းလက်ထက်တွင် ယေါ်ဒန်မင်း အရှေ့ဘက်ကမ်းမှ စတင်ရောက်ရှိလာသည် (၃ရာ ၁၇:၁)။ ယခုအမှုတော် အဆုံးသတ်သည့်အခါ လာရာလမ်းအတိုင်း ယေါ်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ ပြန်ကူးပြီး ကောင်းကင်ယံသို့ ကြွမြန်းသွားသည်။ ကောင်းကင်ယံသို့ ကြွလုလုခါနီးတွင် ဧလိရှဲအား ဘာလက်ဆောင်ပေးခဲ့ရမည်လဲဟု မေးသည်။ ဧလိယဝိညာဉ်ခွန်အား နှစ်ဆ တောင်းသည်။ ဝိညာဉ်ခွန်အား နှစ်ဆဆိုသည်မှာ သားဦးအရာနှင့် အောင်မြင်သော အမှုတော်ဆောင်ဟု ဖြစ်နိုင်သည်ဟု ယူဆကြသည်။ George William ကမူ ဧလိယသည် အံ့ဘွယ်နိမိတ် (၈)ခု ပြခဲ့၍ ဧလိရှဲသည် (၁၆)ခု ပြခဲ့သည်ဟု ဆိုသည်။

:၁၀၁၂  ဧလိယကထိုဆုသည် ရတောင့်ရခဲဖြစ်၏ သူလူ့လောကမှာ ရှိနေစဉ် မပေးနိုင်။ သို့သော် မြေကြီးမှကွာသည်နှင့် တပြိုင်နက် ရရှိမည်ဟု ကတိပေးခဲ့သည်။ စကားတပြောပြောနှင့် လမ်းလျှောက်နေစဉ် မီးရထားနှင့် မီးမြင်းများပေါ်လာ၍ ဆရာနှင့်တပည့်အား လမ်းခွဲစေကြသည်။ ဧလိယစီးသော မီးရထားကို လေဘွေက ချီဆောင်၍ ကောင်းကင်ယံသို့ တက်သွားပြီး မိုးကုတ်စက်ဝိုင်းသို့ ပျောက်ကွယ်သွားသည်။ နောက်တဖန်မမြင်ရတော့ပါ။ ဧလိရှဲသည် မိုးပေါ်သို့ တတ်သွားသော ဆရာသမား ဧလိယကို ငေးမောကြည့်ရှုရင်း “ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါလားဟု အော်ဟစ်ကြွေးကြော်သည်။ ထိုအဖြစ်အပျက်က ဧလိယသည် ဘုရားသခင်၏ အထက်သန်ဆုံးလက်နက်၊ အကောင်းဆုံးဘုရားပေး ခွန်အားဟု ဆိုလိုဟန်ရှိသည်။

(ဧလိရှဲအမှုတော်စတင်ခြင်း (:၁၃၂၅)

:၁၃၁၄  ဧလိရှဲသည် ဆရာသမားနှင့် ခွဲခွာရမှု ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သူ့ဝတ်လုံကို ပွေ့ပိုက်လျှက် ယေါ်ဒန်မြစ်နားသို့ ပြန်ရောက်လာသည်။ ဧလိယ၏ ဝတ်လုံဖြင့် ယေါ်ဒန်မြစ်ကို ရိုက်၍ ဧလိယ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း ဟုအော်သည်။ ထိုမေးခွန်းသည် ဘုရားသခင်အား သံသယရှိ၍သော်၎င်း၊ စိတ်ထင့်၍သော်၎င်း အော်ဟစ်မေးမြန်းခြင်းမဟုတ်။ သူသည် ဘုရားသခင်ရှေ့တွင် ဧလိယနှင့် အတူရှိခဲ့ကြောင့် ကြွေးကြော်ခြင်းဖြစ်သည်။ ယေါ်ဒန်မြစ်ရေ ရပ်တန့်သွားသည်နှင့်  တဘက်ကမ်းသို့ ပြန်လည်ကူးမြောက်ပြီး ထားပစ်ခဲ့သော ပရောဖက်ငါးဆယ်နှင့် ပြန်လည်ပူးပေါင်းသွားသည်။

:၁၅၁၈  ဧလိရှဲ ယေါ်ဒန်မြစ် ဖြတ်ကူးလာပုံကို မြင်ကြသောအခါ ဧလိရှဲသည် ဧလိယခြေရာ လိုက်နင်းသူအမှန်ဖြစ်ကြောင်း ယုံကြည်သိမှတ်ကြသည်။  ဧလိရှဲ၏ အားငယ်ဝမ်းနည်းမှုကို မကြည့်ရက် ကြသောကြောင့် ဧလိယ အား  လိုက်လံရှာဖွယ်ပေးမည် ဟု ဆိုကြသည်။ သို့သော် ဧလိရှဲအား ပြောသည့်အတိုင်း ရှာမတွေ့ကြ။ ဧလိယကောင်းကင်ယံသို့ ကြွခြင်းသည် ခဏတဖြုတ်ဖြစ်မည် သို့မဟုတ် တစ်နေရာတွင် ပြန်ပေါ်မည်ဟု ထင်မှတ်ကြသည်။

:၁၉၂၂  ဤကျမ်းပိုဒ်မှစ၍ ၁၃:၃၀ တိုင်အောင် ဧလိရှဲက ဣသရေလလူများအား ရုပ်တုဘုရားအား စွန့်ခွာ၍ အသက်ရှင်တော်မူသော ဘုရားထံသို့ အကြွင်းမဲ့ ဆက်ကပ်ယုံကြည်ကြဖို့ သာသနာပြုပုံ ရှင်းပြထားသည်။ သို့သော် ဖြစ်စဉ်အကြောင်းအရာများသည် သက္ကရာဇ်အစဉ်လိုက် မဟုတ်ပါ။ ပထမဆုံး အံ့ဘွယ်နိမိတ်လက္ခဏာကို ယေရိခေါတွင် တွေ့ရသည်။ ရေခံမြေခံမကောင်း၊ ရေခါးသဖြင့် ကလေးသူငယ်များ သေကြေကြသည်။ ဧလိရှဲက ရေထဲသို့ ဆားခတ်ပေးရာ ထိုအဖြစ်ဆိုး ပပျောက်သွားသည်။ နောက်တဖန် ထိုကဲ့သို့သော အကုသိုလ်များ မကြုံတွေ့ကြရတော့ပါ။

:၂၃၂၄  ယေရိခေါမှ ဗေသလသို့ ပြန်လာစဉ် ဆိုးသွမ်းလူငယ်လေးဆယ်က ဧလိရှဲအားထိပ်ပြောင်ကြီး၊ ထိပ်ပြောင်ကြီးဧလိယကဲ့သို့ ကောင်းကင်ယံသို့ ကြွပါလားဟု နောက်ပြောင် သရော်ကြသည်။ နောက်ပြန်လှည့်ကြည့် ကျိန်ဆိုလိုက်ရာ တောထဲမှ ဝက်ဝံမနှစ်ကောင် ထွက်လာပြီး ထိုဟော့ရမ်းလူငယ်များကို အကုန်ကိုက်စားပစ်ကြသည်။ ဘုရားသခင်၏ လူများကို ပြစ်မှားစော်ကားခြင်း သည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း နှင့် အတူတူဖြစ်သည်။

:၂၅  ဧလိရှဲသည် ဧလိယ၏ခြေရာအတိုင်း လိုက်နင်းသည်။ ယေရိခေါ၊ ဗေသလရှိ ပရောဖက်များကို တွေ့ဆုံမိဿယဖွဲ့ပြီး ကရမေလတောနှင့် ရှမာရိ တို့သို့ ခရီးဆက်သည်။ ယေရိခေါသားများက တလေးတစား ဧည့်ဝတ်ကြို၍ ကောင်းကြီးပေးကြသည်။ အဘယ့်ကြောင့်ဆိုသော် ဆိုးသွမ်းလူငယ်များ အပေါ် ဧလိရှဲ၏ ဆောင်ရွက်ချက်တို့ ကြည့်၍ ဘုရားသခင်၏ လူအမှန်ဖြစ်ကြောင်း သိမှတ်ခံယူကြသည်။

Previous Article
Next Article