ဓမ္မရာဇဝင်စတုတ္ထစောင် ၃

() ဣသရေလဘုရင် ယောရံ (Jehoram, Joram) (အခန်း )

အာဟပ်မင်း၏သား  ယောရံသည် ဘီစီ ၈၅၂-၈၄၁ ထိ ဣသရေလဘုရင်အဖြစ် နှစ်ပေါင်း (၁၂)နှစ် နန်းစံသည် (၄ရာ ၃:၁-၉:၂၉)။

:  အာဟပ်မင်း၏သား ယောရံ ဣသရေလဘုရင်အဖြစ် နန်းတက်ချိန်တွင် ယုဒပြည်တွင်လည်း ယောရှဖတ်မင်း၏သားတော် ယောရံ နန်းစံနေသည်။ ဣသရေလဘုရင်အဖြစ် ယောရံနန်းတက်ချိန်သည် ယောရှဖတ်၏သား ယောရံသည် အသက်(၁၈)နှစ် အရွယ်ဖြင့် နန်းစံ ဒုတိယနှစ် ဖြစ်သည် (၄ရာ ၁:၁၇)။

ယောရံ (Jehoram ဟု၎င်းခေါ်သည်) သည် ဖခင်နည်းတူ မင်းဆိုးမင်းမိုက်မဟုတ်။ ဖခင် အာဟပ် မြင်းပြုလုပ်ခဲ့သော ဗာလဘုရားရုပ်တုများကို ဖယ်ရှားသည်။ ဖခင်နည်းတူ မဆိုးသော်လည်း ဘုရားသခင်ရှေ့ တွင်မူ မိုက်မဲနေဆဲ။ နေဗတ်၏ သားယေရောဗောင် မင်းကဲ့သို့ ရွှေနွားရုပ်ပြုလုပ်၍ ပြည်သူများကို ကိုးကွယ်စေသည်။

:  အာဟပ်မင်းလက်ထက်တွင် မောဘဘုရင်သည် အခွန်အကောက် ပေးဆောင်ရသည်။ အာဟပ်မင်းမရှိတော့သောအခါတွင်မူ မောဘမင်းကြီးမေရှာသည် အခွန်အခမပေးလို။ ပုန်ကန်ခြားနားသည်။ (ဣသရေလတို့က မောဘဘုရင်အုပ်စိုးပုံ၊ မောဘတို့ ပုန်ကန်တော်လှန်၍ အောင်မြင်ပုံ ရေးထားသော ကျောက်တိုင်ကြီးကို ၁၈၆၈ ခုနှစ်တွင် ဂျာမန်သာသနာပြုဆရာကြီးက တွေ့ရှိသည်)။

ယောရံမင်းသည် အခွန်အကောက် နည်းပါးသွားသောကြောင့် မောဘပြည်ကို လက်မလွှတ်လို။ လက်ဝါးကြီးအုပ်ချင်သည်။ ထို့ကြောင့် ယုဒဘုရင် ယောရှဖတ်မင်းအား စစ်ရေးအကူအညီတောင်းသည်။ ယောရှဖတ်ကလည်း ဆင်ခြင်တုံတရားနည်းပါးစွာ လက်ခံလိုက်သည် (၃ရာ ၂၂ တွင် ယောရှဖတ်ကိုယ်တိုင် သေပြေးရှင်ပြေး ထွက်ပြေးခဲ့ရသည်)။ ပင်လယ်သေ အနောက်ဖက်ကမ်းမှ ချဉ်းကပ်၍ ဧဒုံပြည်အရှေ့ဘက်မှ မောဘပြည်သို့ စစ်ချီကြသည်။ ထိုကာလတွင် ဧဒုံမင်းသည် ယောရှဖတ်နှင့် ပုလဲနံပသင့်နေသဖြင့် ဝင်ရောက်ကူညီသည်။

:၁၀၁၂  ဘုရင်သုံးပါးဦးဆောင်၍ စစ်မက်ဗိုလ်ပါအလုံးအရင်းဖြင့် မောဘပြည်သို့ စစ်ချီကြသည်။ လမ်းခရီးတွင် သောက်စရာမရှိရေခမ်း နေသဖြင့် အံ့သြတွေဝေကြ၏ ယောရံက ဘုရားသခင်ကို အပြစ်တင်သည်။ ယောရှဖတ်က ဘုရားသခင်၏ ပရောဖက်တပါးပါး မေးမြန်းဖို့ အကြံပြုသည်။ ဧလိယ၏ တပည့်သားရင်း ဧလိရှဲ ရှိကြောင်းကြားသိသောအခါ ဘုရင်သုံးပါးစလုံး သွားရောက်မေးမြန်း ကြသည်။

၃:၁၃၁၉  ပထမတွင် ရုပ်တုဆင်းတု ကိုးကွယ်သော ဘုရင်များနှင့် စကားမပြောလိုကြောင်း ဧလိရှဲက ငြင်းဆန်သည်။ ရုပ်တုအားကိုးကွယ်သော ပရောဖက်များသို့ သွားမေးခိုင်းသည်။ ယောရံကမူ ရုပ်တုကိုးကွယ်ခြင်းကြောင့် မိုးခေါင်ရေခမ်းခြင်းမဟုတ်။ ဘုရားသခင်ကို ပြစ်မှားသောကြောင့် ဖြစ်သည်ဟု ထင်မြင်ပုံရသည်။ ယောရှဖတ်၏ မျက်နှာကို ထောက်၍ ဧလိရှဲက သဘောတူလိုက်သည်။ ဧလိရှဲက စောင်းသမားကို အရင်ခေါ်ခိုင်းသည်။ စောင်းတီးသောအခါ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဧလိရှဲထံသို့ ကိန်းဝပ်သည်။ သို့နှင့် ဧလိရှဲက ဘုရင်သုံးပါးအား ဦးစွာ ဆည်မြောင်း၊ ရေကန်တူးခိုင်း သည်။ မိုးမရွာလေမလာသော်လည်း ရေပြည့်လာမည်။ သို့ဖြင့် တပည့်တော်များနှင့် စစ်ချီရာတွင် ပါရှိသော တိရိစ္ဆာန်များ ရေသောက်နိုင်ကြမည်။ အားအင်ပြည့်ဝပြီး မောဘတို့ကို ဆက်လက် တိုက်ခိုက်နိုင်မည်ဟု ဆိုသည်။

:၂၀၂၅  နောက်တနေ့ မိုးလင်းသောအခါ ဧဒုံပြည်ဘက်မှ စီးဆင်းလာသော ရေများဖြင့် ရေကန်ဆည်များ ရေပြည့်လျှံသည်။ မောဘပြည်တွင်မူ စမ်းရေ၊ ချောင်းရေများ သွေးရောင် ဖုံးလွှမ်းသည်။ သူတို့အား တိုက်ခိုက်ရန် စစ်ချီလာသော ဣသရေလ၊ ယုဒနှင့် ဧဒုံလူများ အချင်းချင်းမသင့်မြတ်သတ်ဖြတ် ကြသဖြင့် သွေးချောင်းစီးသည်ဟု ထင်ကြသည်။ သို့ကြောင့် ဣသရေလစစ်သားများကို ချက်ချင်းလိုက်ခုတ် ကြသည်။ ဣသရေလစစ်တပ်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ရာ မောဘပြည်ထဲထိ အောင်မြင်သည်။ ရေတွင်းများကို ကျောက်တုံးများဖြင့် ဖို့ပစ်သည်။ စားရသော သစ်ပင်ဟူသမျှ နှုတ်ပစ်သည်။ လယ်ကွင်းပြင်များအား ကျောက်တုံးကျောက်ခဲများဖြင့် ဖို့ပစ်၍ မြေလှန်ပစ်ခဲ့သည်။

:၂၆၂၇   မောဘဘုရင်သည် မိတ်ဆွေကောင်း ဧဒုံမင်းက ဣသရေလတို့နှင့် ပေါင်းဖက်၍ လာရောက်တိုက်ခိုက်သောအခါ အလွန်မင်း စိတ်ဆိုးပြီး အထူးကွန်မန်ဒိုတပ်ဖွဲ့ (၇၀၀)ဖွဲ့စည်း၍ ဧဒုံတပ်ကို တိုက်ခိုက်သည်။ သို့သော် မအောင်မြင်။ စစ်မျက်နှာတိုင်းတွင် အရှုံးကြီးရှုံးရသဖြင့် သူ့အား နန်းဆက်ခံမည်း သားဦးကို မြို့ရိုးပေါ်တွင် မီးရှို့ပူဇော်သက္ကာ ပြုလုပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် သူ့ရန်သူများ ချောက်ခြားဖို့ ဖြစ်သည့်အပြင် စတန့်ထွင်ခြင်းလည်း ဖြစ်သည်။ ဣသရေလလူများအတွက်မူ လူကို ယဇ်ကောင် ပြုလုပ် မီးရှို့ခြင်းသည် ညစ်စုတ်သော အယူအဆ ဖြစ်သည်။ ထိုစုတ်ပဲ့ယုတ်ညံ့ခြင်းနှင့်  မပတ်သက်လိုသဖြင့် ထိုပြည်ကိုထားပစ်ခဲ့ပြီး ပြန်လာကြသည်။ ထိုအကြောင်းကို Harold Stigers က ဤသို့ဆိုသည်။

မေးစရာတခုရှိသည်မှာ ဤအမှုအရာကို အလေးအနက်ထားလျှင် ရုပ်တုဆင်းတုဘုရား ကိုးကွယ်ခြင်းကို အဘယ်ကြောင့် မရွံရှာကြသနည်း။ ဣသရေလပြည်နှင့် ယုဒပြည်တွင် ရုပ်တုဘုရားတုဆက်လက်ကိုးကွယ် နေကြသည်မဟုတ်လား။

Previous Article
Next Article