ဓမ္မရာဇဝင်စတုတ္ထစောင် ၄

() ဧလိရှဲအံ့ဘွယ် နိမိတ်လက္ခဏာများ (::၁၅)

၁။ အံ့သြဘွယ်ရာ ဆီဖြည့်ဆည်းပေးခြင်း (အခန်း :)

:  ပရောဖက်တပါး၏ မယား၊ မုဆိုးမသည်  အကြွေးမဆပ်နိုင်သဖြင့် သားနှစ်ယောက် ကျွန်ခံရမည့် ကိန်း ဆိုက်နေသည်။ ပရောဖက် ဧလိရှဲနှင့် တွေ့သောအခါ ဧလိရှဲက ရှိသမျှအိုးအပြင် အိမ်နီးနားချင်းများ၏ အိုးများကို ငှါးစေပြီး ဆီဖြည့်ပေးသည်။ ထိုဆီများကို ရောင်းစားပြီး အကြွေးပြန်ဆပ်သည့်အပြင် ကျန်သေးသည့်ဆီဖြင့် အရင်းအနှီးပြုလုပ် ကိုင်စားသောက်ကြသည်။ ထိုပုံ ဥပမာသည်ကား ဘုရားသခင်၏ ကျေးဇူးတော်သည် ပစ္စုပန်လိုအပ်ချက်များ အပြင် အနာဂတ်အတွက်လည်း ယုံကြည်စိတ်ချမှုပေးထားကြောင်း သွန်သင်ခြင်းဖြစ်သည်။ အကြွေးတည်းဟူသော လောဘပြစ်သားများ၏ အကြောင်းကို အခမဲ့ဆပ်ပေး သည်သာမက အပြစ်၏ ကျေးကျွန်ခံရမည့် ဘဝမှ ရွေးနှုတ်ကာ အသက်တာသစ် ပေးသနားပါသည်။

 

၂။ အံ့သြဖွယ်ရာ သားသမီးရရှိစေခြင်း (:၁၇)

:၁၇  ရှုနင်မြို့သူ လူကုန်ထံမတဦးသည် အိမ်ရှေ့တွင် ဖြတ်သန်းသွားလေ့ရှိသော ဧလိရှဲအား ဘုရားသခင်၏လူမှန်း ရိပ်မိသဖြင့် အိမ်အပေါ်ထပ်တွင် သီးသန့် အခန်းပြုလုပ်ပေး၍ ဝင်ထွက်သွားလာနေ ထိုင်ခွင့်ပေးလိုက်သည်။ ဧလိရှဲက နန်းတော်မှာ ခစားချင်သလားဟု မေးမြန်းသောအခါ မိမိအိမ်တွင် ပျော်မွေ့ပါသည်ဟု ရိုကျိုးစွာ ဝန်ခံသည်။ ဧလိရှဲ၏တပည့် ဂေဟာဇိက သူ့တွင် သားမရှိကြောင်း ပြောပြသောအခါ သားကို ဘက်ယမ်းရမည်ဟု ပရောဖက်ပြုလိုက်သည်။ ပရောဖက်ပြုချက်အတိုင်း သားရတနာဖွားမြင်သည်။ အပြစ်ဒုစရိုက်တွင် ပေနေသော(အမြုံမ)သူသည် ဝိညာဉ်တော် အားဖြင့် ဘုရားသခင်၏ သားသမီးများအဖြစ် ဖွားခြင်းခံကြရပြီ (ဂလာ ၂:၁-၁၀)။

 

၃။ ရှနင်မြို့သူ၏ သားပြန်လည်ထမြောက်စေခြင်း (:၁၈၃၇)

:၁၈၂၅  တနေ့သောအခါ နို့ကွာစကလေးသူငယ် တစ်ယောက်သည် လယ်ကွင်းပြင်တွင် ရှိနေစဉ် လေသင်ဓုန်းဖြတ်၏။ သူ့မိခင်က ပွေ့ဖက်ရင်း အမိရင်ခွင်တွင် အသက်ပျောက်သွားသည်။ ထိုသား၏ မိခင်သည် ကလေးအလောင်းအား ပရောဖက် အခန်းတွင် ထားခဲ့ပြီး၊ ဘုရားသခင်၏ လူရှိရာ ကရမေလတောင်သို့ အပြေးနှင်မည့်အကြောင်း ခင်ပွန်းသည်ကို မှာလိုက်သည်။ ခင်ပွန်းသည်က ဥပုသ်နေ့ မဟုတ်သဖြင့် ဘုရားသခင်၏လူနှင့် တွေ့မည်မထင်ဟု တားသော်လည်း ရှိရှိမရှိရှိသွားမှာဘဲ ဟုဆိုသည်။ ဘုရားသခင်၏လူရှိရာ ကရမေလတောင်သို့ မြင်းဒုန်းစိုင်း နှင်သွားသည်။

:၂၆၂၈  ရှုနင်မြို့သူ အပြေးအလွှားလာသည်ကို အဝေးမှဧလိရှဲလှမ်းမြင်၍ တပည့်ဂေဟာဇိကို ခရီးဦးကြိုစေသည်။ ဂေဟာဇိက မိသားစု ကျမ်းမာကြပါသလားဟု လောကွတ်ပြု မေးမြန်းသောအခါ ‘ကောင်းပါသည်’ဟု အလွယ်တကူ ဖြေလိုက်သည်။ လာသည့်အကြောင်းရင်းကို ပြောပြ။ ဧလိရှဲထံသို့ ကိုယ်တိုင်လျှောက်လဲသည်။ ဂေဟာဇိက ဧလိရှဲအား မနှောင့်ယှက်ရန် တားသော်လည်း ဧလိရှဲက ရှုနင်သူသည် နှလုံးကြေကွဲ အကြံကုန်သောကြောင့် ရောက်လာခြင်း ဖြစ်၍ မတားမြစ်ရန်ပြောသည်။ ထိုအမူအရာကို ဘုရားသခင်က ဧလိရှဲအား နိမိတ်လက္ခဏာ ကြိုတင် ပြသခြင်းမရှိ။ မိသားစု နေကောင်းပါသည် ဟု နှုတ်ဖျား မှ ဆိုသော်လည်း ရှုနင်သူက ရင်နင့်စွာဖြင့် “သခင့်ထံမှ သားဆုပန်ခဲ့ပါတကား”ဟု စကားစသည်။ ကျွန်မကို မုသာမသုံးပါနှင့် ဟုသာ ပြောခဲ့ပါသည်။ တနည်းအားဖြင့် သူမအား လိမ်ညာပေးထားသည့် သားကို ပြန်ယူသွားရက်ပါတကားဟု အဓိပ္ပါယ်ရသည်။ ဧလိရှဲက သေငယ်ဇောမျောနေသည်ဟု ထင်ပုံရသည်။

:၂၉၃၁  ဦးစွာ ဧလိရှဲက သူ့တောင်းဝှေးကို တပည့် ဂေဟာဇိသို့ ပေးလိုက်ပြီး ကလေးအလောင်း ပေါ်တွင် တင်ထားခိုင်းသည်။ လမ်းတွင် တစုံတဦးနှင့်မှ စကားမပြောရဟု မှာလိုက်သည်။ ရှုနင်သူက ထိုမျှနှင့် မတင်းတိမ်နိုင်။ ဧလိရှဲကိုယ်တိုင်ကို ခေါ်ပင့်၏ အိမ်ရောက်သော် ဂေဟာဇိက ကလေးအလောင်းပေါ် တောင်ဝှေးတင်သော်လည်း မနိုးထကြောင်း ဧလိရှဲထံ ခရီးဦးကြိုသတင်းပို့သည်။

:၃၂၃၇  ဧလိရှဲသည် တံခါးပိတ်လျှက် ကလေးအလောင်းကို ပွေ့ဖက်သည်။ နှုတ်ခမ်းချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်အုပ်လျှက် ဘုရားသခင်ထံ ဆုတောင်းသည်။ ပရောဖက် ဧလိရှဲသည် ခေါက်တုံ့ ခေါက်ပြန်လမ်းလျှောက်ပြီး အထက်နည်းတူ တဖန်ထပ်လုပ်ပြန်သည်။ နောက်အကြိမ်တွင်မူ သေနေသော ကလေးသည် မျက်စိပေကလပ်ပေကလပ် ပြန်ပွင့်လာပြီး ခုနှစ်ခါနှာချေသည်။  မိခင်သည်လည်း သားအသက်ပြန်ရှင်လာသောကြောင့် ဝမ်းမြောက်ပျော်ရွှင်သည်။ ဤနေရာတွင် ဧလိရှဲ၏ တောင်ဝှေးတွင် တန်ခိုးမရှိ၊ အရေးမပါ၊ လက်ချင်းအုပ်ထပ်ခြင်းဖြင့် အသက်တစ်ချောင်းမျှဝေပေးခြင်းကို ပေါ်လွင်စေလိုခြင်း ဖြစ်သည်။

 

၄။ အစာအဆိပ်တောက်သူ အား ကျန်းမာစေခြင်း (:၃၈၄၁)

:၃၈၄၁  အံ့ဖွယ်နိမိတ်လက္ခဏာတခုကို ဂိလဂါလမှာ ပြသသည်။ အစာငတ်မွတ်ခေါင်းပါး ခြင်းကာလ (အခန်းကြီး ၈ တွင် ပါရှိသည့် ခုနှစ်နှစ်တာ အစာရေစာ ရှားပါးခြင်းဖြစ်နိုင်သည်) တွင် ဧလိရှဲ သည် သူ့တပည့်အား ပရောဖက်များ၏ သားများအတွက် အိုးကြီးဖြင့် ချက်ပြုတ်ခိုင်းသည်။ ရရာတောဟင်း သီးဟင်းရွက်များ ရောပြွမ်းချက်ပြုတ်ကြသဖြင့် အဆိပ်ပါသော တောဘူးသီး ရောချက်မိသည်။ ဝိုင်းစားသောက်ကြစဉ် အဆိပ်တောက်၍ ဝိုင်းအော်ကြရာ ဧလိရှဲက မုန့်ညက်ထည့်လိုက်၍ စားသောက်စရာ အားလုံးကောင်းသွားသည်။

 

၅။ မုန့်ကြွေးခြင်း (:၄၂၄၄)

:၄၂၄၄  တဖန်လူတယောက်ယူဆောင်လာပေးသော မုယောဆန်မုန့် အလုံး(၂၀)ဖြင့် လူတစ်ရာကို ကျွေးလိုက်သည်။ လူဦးရေက မုန့်အရေအတွက်ထက် မတန်တဆများ ပြားသော်လည်း ဝလင်စွာ စားကြသည့်အပြင် မုန့်များပိုလျှံနေသေးသည်။ ဧလိရှဲ၏ ကိုယ်ကျိုးမဖက် အတ္တစိတ် ကင်းမဲ့ပုံကို တွေ့ရသည်။ ယုံကြည်သူများသည်လည်း မိမိဥစ္စာပစ္စည်းများကို အခြားသူများအား ဝေငှပေးကမ်းလျှင် ထိုထက်မက ဝေငှပေးကမ်း နိုင်ဦးမည်။ “စွန့်ကြဲသော်လည်း ဥစ္စာတိုးပွားတက်သော သူရှိ၏။ အဆမတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သူလည်း ရှိ၏။ စွန့်ကြဲသောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်း ခံရမည်” (သု ၁၁:၂၄-၂၅)

Previous Article
Next Article