ဓမ္မရာဇဝင်စတုတ္ထစောင် ၇

:  ဧလိရှဲက ရှင်ဘုရင်အား ကတိတော်စကား ပြောပြသည်။ နောက်တနေ့ ယခုကဲ့သို့သော အချိန်တွင် ရှမာရိမြို့တံခါးဝ၌ မုယောဆန်နှင့် ဂျုံမှုန့်ညက်များ စျေးနှုန်းချိုသာစွာ ရောင်းဝယ်နေကြ ကြောင်း တွေ့ရမည်ဟု ဆိုသည်။ ရှင်ဘုရင်နှင့် အတူပါလာသော အမတ်ကြီးက “ကောင်းကင်တံခါးဖွင့်မှ ထိုပရောဖက်ပြုချက် မှန်ကန်မည်” ဟုသရော်လိုက်သည်။ ဧလိရှဲက ထိုသူအား “မြင်သာမြင်ရမည် စားရမည်မဟုတ်ဟု ဆိုသည်။ ဆရာကြီး Moody ကမူ “ယုံကြည်ခြင်းရှိလျှင် ဘဝမေးခွန်းများကို ကားစင်တင်နိုင်သည်” ဟု ဆိုသည်။ မည်သို့ဖြစ်နိုင်မည်နည်း။ (သခင်ယေရှု၏ တပည့်တော်များက လူပေါင်းလေးထောင် ကျွေးမွေးပုံကို သတိရပါ မာ ၈:၄)။

: ထိုနေ့ညတွင် မြို့တံခါးတွင် တောင်းစားလေ့ရှိသော နူနာရောဂါသည် လေးယောက်သည် အကြံတခု ရရှိကြသည်။ နေမထူး၊ ထိုင်မထူးမို့ ရှုရိတပ်ဖွဲ့ထဲသို့ ညအချိန်ဝင်၍ အစာရှာရန် အရဲစွန့်ကြသည်။ သူတို့၏ ခြေသံကို ဘုရားသခင်က ကျယ်လောင်စေသောကြောင့် ရှုရိစစ်တပ် ဣသရေလတပ် ထွက်တိုက်သည်ဟု ထင်မှတ်ထွက်ပြေးကြသည်။ ဣသရေလတို့က ငှါးရမ်းသော ဟိတ္တိနှင့် အဲဂုတ္တုစစ် တပ်များ စစ်ကူရောက်ရှိသည်ဟု ထင်ယောင်မှားကြသည်။ ထိုအကြောင်းကို Matthew Henry က ဤသို့ဆိုသည်။

ရှုရိလူများသည် ဒေါသန်မြို့တွင် တခါ စာသူငယ်ခဲမှန်ဘူးကြသဖြင့် ကျီးလန့်စာ စားသူများဖြစ်သည် (:၁၈ ကိုကြည့်) သစ်သီးကြွေကျသံကို ကမ္ဘာပျက်သည်ဟု အိပ်ပျော်နေသော ယုန်သူငယ်လန့်ဖြန့် ထပြေးခြင်းမျိုး ဖြစ်နိုင်သကဲ့သို့ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်က နားကြားလွဲအောင် ပြုလုပ်ခြင်းဖြစ်သည်။

:၁၆  ရှုရိလူများ ကိုယ်လွတ်ရုန်း ထွက်ပြေးကြသောအခါ ကျန်ရှိသော အစားအစာ၊ အဝတ်အစားနှင့် ရွှေငွေများကို လူနူ ()ယောက်တို့ စိတ်ကြိုက်ယူကြသည်။ ဣသရေလဘုရင်ထံ သတင်းပို့ကြသည်။ ရှုရိများသည် တကယ်ထွက်ပြေးခြင်း မဟုတ်ဘဲ၊ ဣသရေလတပ်များအား ထောင်ချောက်ဆင်ခြင်းလားဟု မသင်္ကာသဖြင့် ဣသရေလဘုရင်က ကင်းထောက်လှည့်စေရာ ရှုရိလူများတကယ် ထွက်ပြေးကြမှန်း သိရှိသွားသည်။ ငတ်ပြတ်နေသော မြို့သူမြို့သားများသည် မြို့ပြင်ထွက်၍ ရှုရိတို့တဲများရှိ ပစ္စည်းများကို လုယူခွဲဝေ သိမ်းဆည်းကြသည်။ ထိုသို့ဖြင့် ငတ်မွတ်ဆင်းရဲခြင်း ဘေးဒဏ်ကျော်လွှားကြသည်။

:၁၇၂၀  မနက်ဖြန်တွင် မြို့တခါးဝ၌ ဆီ၊ဆန်မျာ စျေးနှုန်းချိုသာစွာ ရောင်းချကြောင်း တွေ့ရမည်ဟု ဧလိရှဲက ဘုရင်အား လျှောက်လဲစဉ် ဘုရင့်အနားမှ သရော်စကားပြောခဲ့သော အမတ်မင်းသည် မြို့တံခါးဝ၌ လူဝင်လူထွက်ကြီးကြပ်စဉ် လူအုပ်က တိုက်မိ၍ တက်နင်းကြသောကြောင့် သေသွားသည်။ အငတ်ဘေးမှ လွတ်၍ ဆီတဝင်းဝင်း၊ အရည်တရွှဲရွှဲရှိနေသော ဝက်သားတုံးကို မြင်လိုက်ရသော်လည်း မစားသောက်လိုက်ရ၊ တံထွေးမြိုချခြင်းဖြင့် ကျေနပ်ခဲ့ရသည်။ အပိုဒ်ငယ် ၁၈-၂၀ သည် မယုံကြည်ခြင်း၏ အကျိုးခံစားခြင်းကို ပုံဖေါ်ထားသည်။ မယုံကြည်ခြင်းသည် ကောင်းကြီးမင်္ဂလာကို ဆုံးရှုံးစေရုံသာမက သေခြင်းလက်ဆောင် ပေးသည်။

အပိုဒ်ငယ် ၉ တွင် ပါရှိသည့် “ငါတို့သည် ကောင်းစွာမပြုပါတကား။ ယခုနေ့သည် ကောင်းသော သတင်းကို ကြားပြောရသောနေ့ ဖြစ်လျှက် မကြားမပြောဘဲနေပါတကားဟူသော အနူတို့၏ စကားသည် မှတ်သားနာယူဖွယ်ကောင်းသည်။ ယနေ့၌ ကယ်တင်ခြင်းရရှိသော ယုံကြည်သူများကိုလည်း စိမ်ခေါ်သည်။ သင့်တနေ့တာကို ဧဝံဂေလိ စကားတခွန်းမပြောလဲ အချည်းနှီးကုန်လွန်စေပါသလား။

Previous Article
Next Article