ဓမ္မရာဇဝင်စတုတ္ထစောင် ၈

၁၁။ ဆင်းရဲသားရှုနင်သားတို့ ပြန်လည်နလံထလာခြင်း (:)

:  ထိုပြည်တွင် မိုးခေါင်၍ အစာရေစာငတ်မွတ် ခေါင်းပါးခြင်း (၇)နှစ်ကျရောက်သည် (၄:၃၈)တွင် ပါရှိသည့် ငတ်မွတ်ဘေးဖြစ်နိုင်သည်)။ ဧလိရှဲက ကြိုတင်သတိပေးထားသည့် အတိုင်း ဧလိရှဲ အသက်ပြန်ရှင်စေသော ကလေး၏ မိသားစုသည် ဖိလိတ္တိပြည်သို့ သွားရောက်ပုန်းရှောင်ကြသည်။ ငတ်မွတ်ဘေးကုန်လွန်သောအခါ မိမိပြည်သို့ ပြန်လာကြသည်။ ထိုကာလတွင် ဧလိရှဲ၏ ကျွန် ဂေဟာဇိသည် ဘုရင့်နန်းတော် တွင်ရှိသည်။ ဧလိရှဲက သေသွားသောကလေး၏ အသက်ပြန်ရှင်ကြောင်း ဣသရေလ ဘုရင်အား လျှောက်လဲနေစဉ် ထိုသားအမိလည်း ရောက်လာကြသည်။ () နှစ်အတွင်း ပြည်ပသို့ ထွက်သွားစဉ် ကျန်ရစ်ခဲ့သော မိမိပစ္စည်းများ ပြန်လည်ရရှိလိုကြောင်း လျှောက်လဲရာ ဘုရင်မင်းကလည်း ပြန်လည်ပေးအပ်သည်။

 

၁၂။ ဟာဇေလမင်းအား ဧလိရှဲပရောဖက်ပြုခြင်း (:၁၅)

:၁၂  ရှုရိဗိုလ်ချုပ်နေမန်သည်  ဧလိရှဲထံသို့ ရောက်သောအခါ ဧလိရှဲက အနာရောဂါ ကင်းငြိမ်း စေခဲ့ဘူးသဖြင့် (အခန်း ၅) ယခုရှုရိဘုရင် ဗင်္ဟာဒဒ် နာမကျန်းဖြစ်နေသည့်အခါတွင် ထိုနည်းတူ အနာရောဂါ ကင်းငြိမ်းစေပေးရန် ဗင်္ဟာဒဒ်သည် တပည့် ဟာဇေလအား ဆုလက်ဆောင်ကြီးများနှင့် အတူ ဒမာသက်မြို့ရှိ ဧလိရှဲထံသို့ စေလွှတ်သည်။ ဟာဇေလက သူ့သခင် ဗင်္ဟာဒဒ်မင်း ပြန်လည်ကျန်းမာလာမည့် အရေးမေးမြန်းရာ နေကောင်းသွားမှာပါ ဟု မဆိုင်းမတွ ဖြေလိုက်သည်။ ဆက်ဆက်သေရမည့်အကြောင်းကို ထာဝရဘုရား ပြတော်မူပြီဟု ဆက်ဆိုသည်။ ထိုစကား၏ အဓိပ္ပါယ်မှာ ဗင်္ဟာမင်းသည် ပြန်လည်နေကောင်း ကျန်းမာလာမည် ဖြစ်သော်လည်း ဟာဇေလက လုပ်ကြံသတ်ဖြတ်မည့်အကြောင်း ပရောဖက်ပြုခြင်း ဖြစ်သည်။ ဧလိရှဲသည် ဟာဇေလ၏ မျက်နှာကို စေ့စေ့ကြည့်လျှက် မျက်နှာညှိုးရော်သည်။ ထို့သို့ မျက်နှာ မသာမယာ ဖြစ်ခြင်းမှာ ဟာဇလက ဣသရေလ ကလေးသူငယ်များ ရက်စက်စွာ ဆောင့် ဖွပ်ကြ၍ ကိုယ်ဝန်ဆောင် မိန်းမ ဗိုက်ခွဲခြင်း ပြုလုပ်မည်ကို ကြိုတင်သိမြင်သည်။

:၁၃၁၅ ဟာဇေလက သူသည် ခွေးဖြစ်ပါလျှက် ထိုမျှကြီးမားသော အမှုအရာကို အဘယ်သို့ ပြုနိုင်မည်နည်းဟု ပြန်မေးသည်။ William က ဤသို့ရှင်းပြသည်။

ကျွန်ုပ်သည် လမ်းဘေးခွေးဝဲစားဖြစ်ပါလျှက် ရှုရိပြည်ရာဇပလ္လင်ပေါ်သို့ အဘယ်သို့ စိုးစံနိုင်မည် နည်း။ ထိုမျှကြီးမြတ်သော ရာထူးစည်းစိမ်မည်သို့ ခံနိုင်မည်နည်း။၁၀

ဟာဇေလသည် ရှရိဘုရင်ဖြစ်လာမည့် အကြောင်းဘုရားသခင်က ဧလိရှဲအား ကြိုတင်ပြောပြပြီး ဖြစ်သည်။ ဟာဇေလသည် နန်းတော်သို့ ပြန်ရောက်သော် ဗင်္ဟာဒဒ်မင်းအား ပြန်လည်နေကောင်း ကျန်းမာမည်ဟု နှုတ်မှပြောလျှက် စိတ်ထဲတွင်မူ ကြိတ်ကြံနေသည်။ နောက်တနေ့သော် သိုးမွှေးစောင်ထူကို ရေတွင်စိမ်လျှက် ဘုရင့်မျက်နှာကို အုပ်ပြီး အသက်ရှုကြပ်အောင် ဖိသတ်ပစ်သည်။

ဧလိရှဲ၏ ပရောဖက်ပြုချက်များသည် တခုပြီးတခု ပြည့်စုံလာကြောင်း အောက်ပါကျမ်းပိုဒ်များတွင် တွေ့နိုင်သည်။

ဗင်္ဟာဒဒ်မင်းကို စောင်ဖိအုပ်သတ်ပြီးနောက် ဟာဇေလသည် ရာမုတ်၊ ဂိလဒ်အရပ်တွင် ယောရံနှင့် အာခရိတို့၏ တပ်ပေါင်းစုကို တိုက်ခိုက်သည် (:၂၈၊ ၂၉၊ :၁၄၁၅) ယေဟုမင်းကိုလည်း တိုက်ခိုက်အောင် မြင်ရာ မြောက်ပိုင်းတွင် ဗာရှန်၊ တောင်ပိုင်းတွင် အာနုန်ထိ ယော်ဒန်မြစ်တလျှောက် တိုင်းပြည်ကျယ်ဝန်းသွားသည် (၁၀:၃၂၃၃) ယေဟု၏ လက်ထောက် ယောခတ် (Jehoahaz) အုပ်စိုးစဉ် တဖန် ထပ်မံတိုက်ခိုက်ပြန် သည် (၁၃:၃၊ ၂၂၊ ၂၃) အနောက်တောင်ပိုင်းရှိ ပါလက်စတိုင်းဒေသရှိ ဂဒ်လူမျိုးများကိုလည်း တိုက်ခိုက် အောင်မြင်သည်။ ယေရုရှလင်ကိုလည်း တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ပြင်ဆင်နေစဉ် ယုဒဘုရင် ရွှေငွေ လက်ဆောင်များ လာဘ်ထိုးလိုက်သောကြောင့် တကယ်မတိုက်ဖြစ် (၁၂:၁၇၁၈၊ ၆ရာ ၂၄:၂၃၊၂၄) ဟာဇေလမင်း လွန်၍ ဟာဇေလ၏သား တတိယဗင်္ဟာဒဒ်မင်း လက်ထက်တိုင်အောင် ဣသရေလတို့သည် ရှုရိတို့၏ စောင့်ကြည့်လက်အောက်ခံနိုင်ငံဖြစ်ခဲ့သည် (၄ရာ ၁၃: ၂၄၊၂၅)၁၁

 

() ယုဒဘုရင်ယောရံ (:၁၆၂၄)

ယောရှဖတ်၏သားယောရံ (Jehoram သို့ Joram) သည် ဘီစီ ၈၅၃-၈၄၁ တွင် ()နှစ်ကြာ ယုဒဘုရင် အဖြစ် စိုးစံသည်။ (၆ရာ ၂၁:၄-၂၀ နှင့် ယှဉ်ဖတ်ပါ)။

:၁၆၁၇  အပိုဒ်ငယ် ၁၆ ကို ၃ ရာ ၂၂:၄၂၊ ၅၁:၂၊ ၄ရာ ၃:၁၊ ၄ရာ ၈:၂၅ တို့နှင့် ယှဉ်ဖတ်ရသည်။ ယောရံသည် ဖခင်ယောရှဖတ်နှင့် အတူ ()နှစ်တွဲဘက် ဘုရင်အဖြစ် နန်းစံခဲ့သည်။ နောက်တချက်မှာ ယောရှဖတ်သည် တိုင်းပြည်ကိုလည်း နယ်မြေကန့်သတ် အုပ်စိုးနိုင်သည်။ ထို့ကြောင့် ဟာဇိယနှင့် ယောရံ နန်းသက်ရေတွက်ရာတွင် ယောရှဖတ်၏ နန်းသက်ထဲတွင် ပါဝင်နေသည်ကို သတိပြုရမည်။

:၁၈၁၉  ယောရံ သည် အာဟပ်၏ သမီး အာဿလိ အပြင် ယေဇဗေလ နှင့်လည်း စုံဖက်သည်။ အာဟပ်သမီးနှင့် စုံဖက်ခြင်းသည် တပြည်နှင့် တပြည် သံတမန်ဆက်သွယ်ခြင်း အဖြစ် ဖခင်ယောရှဖတ် အကြံအစည်ဖြစ်ကြောင်း ထင်ရှားသည်။ မည်သို့ပင်ဖြစ်စေ ထိုသို့တပါးအမျိုးသားနှင့် အိမ်ထောင်ပြုခြင်းသည် မြောက်ပိုင်း ဣသရေလနိုင်ငံသားများကဲ့သို့ ဘုရားသခင်ရှေ့၌ ရုပ်တုကိုးကွယ်ခြင်း ဒုစရိုက်ပြုခြင်း ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်သည် ဒါဝိဒ်မင်းထံသို့ သားမြေးတို့၏ မီးခွက်ကို အစဉ်ထွန်းလင်းစေမည်ဟု ကတိတော်ပြုခဲ့သောကြောင့် ယုဒပြည်ကို မဖျက်ဆီးဘဲ ချန်ထား၏ (၃ရာ ၇:၁၂-၁၆)။

:၂၀၂၄  ယောရံမင်းလက်ထက်တွင် ဧဒုံလူများသည် ပုန်ကန်သောင်းကျန်း ကြသည်။ ပြီးတဖက်သက် လွတ်လပ်ရေး ကြေညာသည်။ သူပုန်များ အား နှိမ်နှင်းရန် ဇာဣရမြို့သို့ ယောရံမင်းချီတက် စခန်းချစဉ် ညအချိန်တွင် ဧဒုံသားများက ဝိုင်းဝန်းကြသည်။ ယောရံမင်းက တိုက်ခိုက်နှိမ်နှင်းရာ ဧဒုံလူများသည် ခွေးပြေးဝက်ပြေး ပြေးကြပြန်သည်။ ထိုအချိန်မှစ၍ ဧဒုံလူများသည် ယုဒလူများအား စစ်ဦးကျိုးသွားသည်။ ထိုအဖြစ်အပျက်မှာ ပရောဖက် သြဗဒိက ယောရံမင်းအား ဧဒုံမင်းတို့ ပုန်ကန်မည့် အကြောင်း ပရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်နိုင်သည်။

ဖိလိတ္တိပြည်အနီး လိဗနအရပ်တွင်လည်း ပုန်ကန်ခြားနားမှုရှိသည်။ ထိုသို့ အရပ်ရပ်တွင် ပုန်ကန်သောင်းကျန်းခြင်းမှာ ယုဒမင်းအုပ်ချုပ်မှု ညံ့ဖျင်းသည့် နိမိတ်လက္ခဏာဖြစ်သည်။ လိဗနသည် လေဝိမြို့ဖြစ်သည်။ ထို့သို့ ပုန်ကန်ခြားနားသည့် အကြောင်းကို ၆ရာ ၂၁:၁၀-၁၁ တွင် တွေ့ရသည်။ နောက်ပိုင်းတွင်မူ ယုဒတို့ ထိန်းချုပ်နိုင်ကြသည် (၁၉:၈)။

 

(ယုဒဘုရင် အာခဇိ (:၂၅၂၉)

ယောရံ၏သား အာခဇိသည် ဘီစီ ၈၄၁ ခုနှစ်တွင် တစ်နှစ်ကြာ ယုဒရှင်ဘုရင် အဖြစ် စိုးစံခဲ့သည် (၆ရာ ၂၂:၁-၉)

:၂၅၂၇  အာခဇိသည် သြမရိ၏မြေး အာသလိ၏သား ဖြစ်သည်။ ဤအာခဇိသည် ၆ရာ ၂၁ နှင့် ၂၂:၆ တို့တွင် ပါရှိသည့် အာခဇိနှင့် အတူတူဖြစ်သည်။ ဣသရေလဘုရင် ယောရံ၏မြေးလည်း တော်စပ်သည်။ မယ်တော်အာသလိသည် အာဟပ်မင်း၏ သမီးနှင့် ဣသရေလယောရံ၏နှမ ဖြစ်သည်။ နာမည်တူရှိသောကြောင့် သမိုင်းတွင် မှတ်ရခက်ပြီး ရှုပ်ရှက်ခက်တတ်သည်။ ဣသရေလဘုရင် အာဟပ်မင်း၏ သားတော်နှစ်ပါး အာခဇိနှင့် ယောရံသည်လည်း ရှင်ဘုရင်ဖြစ်လာကြသည်။ ယုဒဘုရင် ယောရှဖတ်တွင်လည်း ယောရံဟူသော သားတော်ရှိ၍ ခမည်းတော်နောက်တွင် နန်းတက်သည်။ ဤယောရံ၏ ရာဇပလ္လင်ကို သားတော်အာခဇိက နန်းထီးနန်းမွေ ဆက်ခံသည်။ သို့ဖြင့် ဣသရေလပြည်တွင် အာခဇိနှင့် ယောရံ နန်းစံချိန်တွင် ယုဒပြည်၌လည်း ယောရံနှင့် အာခဇိထီးနန်း ပြိုင်စိုးစံကြသည်။

 

ဣသရေလ                                                                                          ယုဒ

အာခဇိ                                                                                               ယောရံ

ယောရံ                                                                                               အာခဇိ

 

ယုဒဘုရင် အာခဇိသည် ထီးနန်းတက်ချိန်တွင် အသက်(၂၂)နှစ် ရှိသည်ဟုဆို၍ ၆ရာ ၂၂:၂ တွင်မူ (၂၄)နှစ်ဟု မှတ်တမ်းတင်ထားသည်။ (၂၂)နှစ် မှန်ဖို့များသည်။ အခြားကျမ်းပိုဒ်များသည် စာကူးယူစဉ် မှားယွင်းခြင်း ဖြစ်သည်ဟု ယူဆရပါသည်။

:၂၈၂၉  အာခဇိမင်းသည် ဦးလေးတော်စပ်သူ ဣသရေလဘုရင် ယောရံနှင့် လက်တွဲ၍ ရာမုတ်ဂိလဒ် ဒေသတွင် ရှုရိလူများကို တိုက်ခိုက်ကြသည်။ ယောရံမင်း သည် တိုက်ပွဲတွင် ဒဏ်ရာရရှိသဖြင့် ယေဇရေလ၌ ဆေးဝါးကုသရသည်။ အာခဇိမင်းက သွားရောက်ကြည့်ရှု အားပေးသည်။ ယောရံ၏ခမည်းတော်သည် ထိုရာမုတ် ဂိလဒ်တွင် သေဆုံးခဲ့ဘူးသည် (၃ရာ ၂၂)။ အာခဇိ၏ဘိုးတော် ယောရှဖတ်သည် မလိမ်မိုးမလိမ္မာ အာဟပ်မင်းနှင့် ပေါင်းဖက်၍ စစ်တိုက်သဖြင့် ထိုရာမုတ်ဂိလဒ် ဒေသတွင် အသက်ဖက်နှင့် ထုပ်၍ ပြေးခဲ့ရဘူးသည်။ သူကိုယ်တိုင် ဣသရေလဘုရင်များနှင့် မဟာမိတ်ပြု ပေါင်းဖက်၍ စစ်တိုက်ပြန်သဖြင့် နောင်တွင်ကျဆုံးကြောင်း တွေ့ရမည် (အခန်း ၉၊၁၀)။

Previous Article
Next Article