ဓမ္မရာဇဝင်စတုတ္ထစောင် ၉

() ဣသရေလဘုရင် ယေဟုနှင့် ပရောဖက် ဧလိရှဲ (အခန်း ၉၊၁၀)

၁။ ယေဟုအား ဘိသိက်ပေးခြင်း (:၁၀)

:၁၀  ဧလိရှဲသည်  ပရောဖက်တပါးအား ရာမုတ် ဂိလဒ်သို့ စေလွှတ်၍ ယေဟုအား တိတ်တဆိတ် ဘိသိက်ပေးခိုင်း သည်။ ယေဘုသည် ယောရံဘုရင်ကို ဆက်ခံမည့် ဣသရေလဘုရင်ဖြစ်ပါသည်။ ထိုယေဟု သည် ယောရှဖတ်၏ သားဖြစ်သည် (ငယ် ၂)။ ယောရှဖတ်ဟု ဆိုရာတွင် ယုဒဘုရင်ယောရှဖတ် မဟုတ်ပါ။ ယောရံ၏စစ်သူကြီး၊ ရာမုတ် ဂိလဒ်တွင် တိုက်ပွဲဝင်နေသူ ဖြစ်သည်။ ထိုပရောဖက်က ယေဟုဘိသိက် ပေးနေစဉ် အာဟပ်၏ မိသားစုကို သိမ်းပိုက် နှိမ်နှင်းရမည်ဟု ဧလိရှဲမှာ ထားသည့်အတိုင်း ပရောဖက်ပြုခဲ့သည် (၃ရာ ၉:၁၆) ဖြစ်သော်လည်း လက်ထောက်ဧလိရှဲထံသို့ တာဝန်ကျရောက်သည်။ ဧလိရှဲကလည်း အမည်မဖေါ်ပြသော ပရောဖက်ပြုချက်ကြောင့် ယေဟု သည် အံ့သြသော်လည်း ရာဇပလ္လင်ကို ပါးနပ်စွာ  သိမ်းပိုက်ဖြစ်သည်။

၂။ ယေဟုလုပ်ကြံခြင်း (:၁၁၁၀:)

:၁၁၁၃  အခန်းထဲတွင် အရူးပရောဖက်က ယေဟုအား တိုးတိုးတိတ်တိတ်ဘာများ ပြောသွားကြောင်း အခြားဗိုလ်မင်းများက သိချင်ကြသည်။ ယေဟုက သင်တို့ကြားလိုက်သည့် အတိုင်းဟု အာပူလျှာလွှဲပြောလိုက်သည်။ ယောရံက ပုရောဖက်တပါး စေလွှတ်၍ ဘိသိက်ပေးခိုင်းခြင်း ဖြစ်သည်ဟု ထင်မှတ်ပုံရသည်။ ထို့ကြောင့် အခြားဗိုလ်မင်းများက သိရှိလောက်ပြီဟု ထင်မြင်ကြသည်။ သို့သော် မဖုံးသာ တော့သဖြင့် ဣသရေလရှင်ဘုရင် အဖြစ် လာရောက်ဘိသိက်ပေးကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ယောရှဖတ်၏သား ယေဟုသည် ဘီစီ ၈၄၁- ၈၁၄/၁၃ ထိ နှစ်ပေါင်း (၂၈) နှစ်ကြာ ဣသရေလဘုရင် အဖြစ် စိုးစံခဲ့သည် (၆ရာ ၉:၁၄-၁၀:၃၆)။

:၁၄၂၆  ယေဟုမင်းသည် မြောက်ပိုင်းနိုင်ငံ၌ ဣသရေလနန်းဆက် (၁၅) မြောက်ထူထောင်သည်။ ယေဟုသည် နန်းမတက် မခြင်း၊ ဘိသိက်ခံရသည့် သတင်းစကားကို ယေဇရေလရှိ ယောရံမင်းထံ သို့ မပေါက်ကြားအောင် ထိန်းချုပ်သည်။ ယေဟု၏ တပ်ဖွဲ့ကြီး တက်လာသည်ကို မြင်သော ကင်းစောင့်က ယောရံမင်းအား သွားရောက် သတင်းပို့သည်။ ကင်းစောင့်နှစ်ထပ်က ယေဟုအား ခရီးဦးကြိုကြသော်လည်း ပြန်မလွှတ်။ သူနှင့် တပါးတည်းလိုက်စေသည်။ ယောရံမင်းသည် အလည်အပတ်ရောက်နေသော ယုဒဘုရင်အာခဇိနှင့် အတူ ရထားတော် စီးလျှက် ခရီးဦးကြိုဆိုသည်။ ရာမုတ်ဂိလဒ်ဒေသမှ သတင်းထူး သတင်းကောင်း သယ်ဆောင်လာသည်ဟု မျှော်လင့်ပုံရသည်။ ယေဟု၊ ငြိမ်သက်ခြင်းရှိပါစေသောဟု နှုတ်ခွန်းဆက်သောအခါ ကြားရသော စကားသည် မမျှော်လင့်သည့် ဆန့်ကျင်ဘက်သော ရန်စကားဖြစ် သည်။ အသက်ဘေးမှ လွတ်အောင် ယောရံထွက်ပြေးသော်လည်း မလွတ်၊ ယေဟု၏မြှားက နံကြားဖောက်သွားသည်။ သို့ဖြင့် ၃ရာ ၂၁:၁၉ ပါရှိသည့် ဧလိယ၏ ပရောဖက်ပြုချက်မှာ ပြည့်စုံလာသည်။ သူ့အလောင်းကို နာဗုတ်၏ မြေကွက်၌ ချပစ်ထားကြသည်။

:၂၇၂၉  အလည်ပတ်ရောက်ရှိသော ယုဒဘုရင် အာခဇိသည်လည်း သေပြေးရှင်ပြေး ထွက်ပြေးကြသည်။ သို့သော် မြှားဒဏ်ရာဖြင့် မေဂိဒ္ဒေါမြို့တွင် သေလွန်သည်။ အလောင်းကို ယေရုရှလင်သို့ ပိုးဆောင်သင်္ဂြိုဟ်ကြသည်။ ၆ရာ ၂၂:၉တွင် ရှမာရိပြည်ကို ခြုံငုံပြောဆိုဟန်ရှိသည်။ အပိုဒ်ငယ် (၂၉)သည် သမိုင်း မှတ်တမ်းဟု ပြောဆိုခြင်းမဟုတ်ပါ။ ၈:၂၅ ကို ထပ်မံ အတည်ပြုခြင်းဖြစ်သည်။

:၃၀၃၇  ယေဇရေလကို ယေဟုရောက်သောအခါ ယေဇဗေလမည်သော မိန်းမက ကိုယ့်သခင်ကို သတ်သောဇိမရိထံမှ ငြိမ်သက်ခြင်း ရှိနိုင်မလားဟု ဆဲဆိုကြိမ်းမောင်းသည်။ ဇိမရိဆိုသည်မှာ မိမိသခင်ကို သတ်၍ နန်းတက်သော ဣသရေလဘုရင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ (၇) ရက်သာ နန်းစံခဲ့သည် (၃ရာ ၁၆:၉-၁၉)။ ယေဇဗေလက ယေဟု၏ ပုန်ကန်မှုကို ရှုတ်ချသည်။ ယေဇဗေလ၏ အော်ဟစ်ဆဲဆိုသံကို ထွက်ကြည့်သော မိန်းမနှစ်ယောက်သည် ယေဟုအား ထောက်ခံသူများ ဖြစ်သောကြောင့် ယေဇဗေလအား အိမ်ပေါ်မှ တွန်းချပစ်ကြသည်။ ယေဇဗေလ၏ သွေးသည် အုတ်နံရံနှင့် အောက်ရှိမြင်းများပေါ်သို့ ပေကျံကုန် သည်။ အလောင်းကို ခွေးများက ကိုက်စားကြသည်။ သို့ဖြင့် ၃ရာ ၂၁:၂၃ ပရောဖက်ပြုချက်သည် ပြည့်စုံသွားသည်။ ယေဇဗေလ၏ သင်္ချိုင်းဟု နောင်လာနောင်သားများ ဆိုစရာမရှိအောင် ကျန်ကြွင်း သော အရိုးအသားကိုလည်း လယ်ကွင်းပြင်သို့ ပစ်ထားကြသည်။ ထို့အကြောင်းကို Campbell Morgan က ဤသို့ဆိုသည်။

မစင်ကြယ်သော သတ္တဝါခွေးများက၊ ခြေလက်ဦးခေါင်းများ ကိုက်စားခြင်းဆိုသည်မှာ နိမ့်ကျယုတ်ပတ်ခြင်းအမှတ် လက္ခဏာဖြစ်သည်။ အစောပိုင်းမြုပ်ရာ သင်္ချိုင်းအုတ်ဂူ လက်ညှိုးထိုးစရာ မရှိသော်လည်း သူ၏ သေပုံသေနည်းကို မူ အမြဲတန်းမှတ်မိကြပေမည်။၁၂

Previous Article
Next Article