ဓမ္မရာဇဝင်တတိယစောင် ၁၃

၂။ ယေရောဗောင်နှင့် ဘုရားသခင်၏လူ (၁၃:၃၂)

၁၃:  ယေရောဗောင်မင်း ဗေသလယဇ်ပလ္လင်၌ အမွှေးတိုင်ထွန်း၍ ပူဇော်နေစဉ် ယုဒပြည်မှ ဘုရားသခင်၏လူ ရောက်လာပြီး ယဇ်ပလ္လင် ကို ရှုတ်ချသည်။ ယောရှိအမည်ရမည့်မင်းလောင်း ယုဒပြည်၌မွေးဖွားမည့်အကြောင်းနှင့် ကြီးပြင်းလာသောအခါ ရုပ်တု ဘုရားတုနှင့် ရုပ်တုယဇ်ပုရောဟိတ်များကို ဖျက်ဆီးမီးရှို့ပစ်လိမ့်မည်ဟု ဗျာဒိတ်သံကို ကြွေးကြော်သည်။ ထိုပရောဖက်ပြုချက်သည် နောင်နှစ် ၃၀၀ ကြာသောအခါ ပြည့်စုံလာကြောင်း ( ၆ရာ၊ ၂၅: ၁၅-၁၆) ၌ တွေ့ရသည်။ ပုပ္ပနိမိတ်အတည်ပြုချက်အဖြစ် ရုပ်တုယဇ်ပလ္လင်များကွဲအက်ပြာများယိုဖိတ်လိမ့်မည်ဟု ပရောဖက်ပြု ဟစ်ကြွေးသည်။

၁၃: ယုဒပြည်မှလာသော ဘုရားသခင်၏လူပြောသောစကားကို ကြားသောအခါ ယေရောဗောင်သည် ဒေါသူပုန်ထ၍ ဤလူအား ဖမ်းဆီးကြလော့ ဟု လက်ညှိုးငေါက်ငေါက်ထိုးသည်။ ယေရောဗောင်စကားပြောပြီး၍ လက်ပြန်ရုတ်သော်လည်း ရုတ်၍မရ။ တန်းလန်းကြီးအကြောသေသွားသည်။ ယဇ်ပလ္လင်ဟက်တက်ကွဲအရိုးပြာများ ဖိတ်စင်ကုန်သည်။ ယေရောဗောင်က ထိုလူအား ပြန်လည်တောင်းပန်မှသာ ထိုသူ၏ဆုတောင်းပေးချက်ဖြင့် လက်ပြန်ရုတ်နိုင်သည်။

၁၃:၁၀ ခြိမ်းခြောက်ဟိန်းဟောက်ခြင်းဖြင့် ဘုရားသခင်၏လူအား မဟန့်တားနိုင်မှန်း သိသွားသောအခါ ယေရောဗောင်က အနုနည်းဖြင့် စည်ရုံးဆွဲဆောင်သည်။ ဘုရားသခင်က ထိုသူအား ရှေခင်သို့မလာမီကပင် ယေရောဗောင်နှင့် လုံးဝ မပတ်သက်မိဖို့ ကြပ်တည်းစွာသတိပေးထားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် နာခံမှုရှိသော ထိုသူသည် ယေရောဗောင် ကျွေးသော အစားတစ်လုတ်ရေတစ်မှုတ်မျှမသောက်ဘဲ အခြားလမ်းဖြင့် ဗေသလမှ ထွက်သွားသည်။

၁၃:၁၁၁၉ အပြန်လမ်းခရီးတွင် ဗေသလမှ ပရောဖက်အို တစ်ပါးလိုက်လာ၍ မိတ်ဖွဲ့သည်။ ပထမတွင် ထိုပရောဖက်အိုကြီး၏ ဧည့်၀တ်ကျေမှုကို အသိအမှတ်ပြု၍ ငြင်းဆန်လိုက်သည်။ ပရောဖက်အိုက မိမိအား ကောင်းကင်တမန်က စေလွှတ်ကြောင်း လိမ်ညာသောအခါ ယုံကြည်သွားသဖြင့် ပရောဖက်အိုအိမ်သို့ လိုက်ပါသွားသည်။

၃၀:၂၀၂၅ ပရောဖက်အိုကြီး၏ အိမ်တွင်အတူတကွ စားသောက်နေကြစဉ် ဘုရားသခင်ထံမှ စကားတော်ကြားရသည်။ ယုဒပြည်မှလာသော ဘုရားသခင်၏လူသည် ဘိုးဘေးများသင်္ချိုင်းတွင်သင်္ဂြိုဟ်ခြင်းမခံရဟု ဆိုသည်။ ၄င်းမှာ ဘုရားသခင်၏စကားမနာခံသောကြောင့် အသေဆိုးဖြင့် သေရမည့် အကြောင်းဖြစ်သည်။ ဤကျမ်းစကားအရ ဘုရားသခင်က လူများကို ချစ်ခင်မြတ်နိုးသည့်နည်းတူ နှုတ်ကပတ်တော်ကိုလည်း တိကျစွာလိုက်နာစေလိုသည်။ အထူးသဖြင့် အမှုတော်ဆောင်များကိုလည်း အထူးအခွင့်အရေးပေးထားသူများဖြစ်၍ ကြပ်တည်းစွာသတိထားရမည်။ အပြန်လမ်းတွင် ထိုသူသည် ခြင်္သေ့ကိုက်စားခံရသည်။ သဘာဝတရားကိုလွန်ဆန်၍ သားရဲတိရစ္ဆာန်ဖြစ်သော ခြင်္သေ့သည် မြည်းကိုမကိုက်ဘဲ အလောင်းကောင်ဘေး၌အတူရှိနေကြသည်။

၁၃:၂၆၃၂ ထိုသတင်းစကားကို ပရောဖက်အိုကြီးကြားသိသောအခါ ဘုရားသခင်၏အပြစ်တရားစီရင်ခြင်း ချက်ချင်းကျရောက်ကြောင်း နားလည်လိုက်သည်။ ထိုယုဒလူ၏ မနာခံမှုကြောင့်ဖြစ်ရကြောင်း သိရှိသည်။ အရိုးကို သွားရောက်စုကောက်၍ဗေသလတွင် မြှုပ်နှံသင်္ဂြိုဟ်သည်။ မိမိသေလျှင်လည်း မိမိအလောင်းကို ထိုဘုရားသခင်၏လူ အလောင်းဘေး၌ပင် မြှုပ်နှံသင်္ဂြိုဟ်ဖို့ သားတို့အား မှာကြားသည်။ ရုပ်တုဆင်းတုကိုးကွယ်ခြင်းကို ဘုရားသခင်မလွဲမသွေ ဖျက်ဆီးပစ်မည့်အကြောင်း သိရှိသွားသည်။

၃။ ယေရောဗောင်၏ မိစ္ဆာပရောဖက်အမူအရာ (၁၃:၃၃၃၄)

          ၁၃:၃၃၃၄ ယေရောဗောင်မင်းသည် အပြစ်ဒုစရိုက်များကို ဆင့်ကာဆင့်ကာ ကျူးလွန်သည်။ လေဝိမျိုးနွယ် မဟုတ်သော သာမန်လူကို ယဇ်ပုရောဟိတ်ခန့်အပ်သလို ကိုယ်တိုင်လည်း ယဇ်ပုရောဟိတ် အဖြစ်ယဇ်ပူဇော်လေ့ရှိ၏။ ထိုအပြစ်ကြောင့် ယေရောဗောင်နန်းဆက် အရှည်မတည်ဘဲ ပယ်ရှင်းခံရသည်။ Irving L.Jensen က ဤသို့ဆိုသည်။

ယေရောဗောင်သည် ယုဒပြည်မှလာသောဘုရားသခင်၏လူထံမှ ပုပ္ပနိမိတ်ကြားသိခဲ့ရသည့်အပြင် မနာခံသောထိုယုဒလူ၏ကံကြမ္မာကို ကိုယ်တွေ့ကြုံရသည်။ သို့သော်လည်း မိမိကံကြမ္မာအတွက် နောင်တရခြင်းမရှိ။ ဘုရားသခင်၏လူကဲ့သို့ပင် အမြင့်ဆုံး ရွေးကောက်ချီးမြှောက်ခြင်းခံရသည်။ ဘုရားသခင်က မိမိအား ပြုစေလိုသော အမှုကိုလည်း ကောင်းစွာသိရှိမည်သာဖြစ်၏။ သို့သော် ထိုဘုရားသခင်၏လူ ယုဒပရောဖက်ကဲ့သို့ပင် ဘုရားစကားတော်ကို မနာခံခဲ့ပါ။၁၁

Previous Article
Next Article