ဓမ္မရာဇဝင်တတိယစောင် ၁

၁။ ဒါဝိဒ်၏ နောက်ဆုံးနေ့ရက်များ (::၁၁)

(က) အဒေါနိယ အာဏာသိမ်းရန် ကြိုးပမ်းခြင်း (:၃၈)

:  ဒါဝိဒ်သည် သက်တော် (၇၀) ရှိ၍ ဇရာထောင်းလာပြီ။ ကျန်းမာရေးလည်း ချူချာလာသည်။ ဘဝနေဝင်ချိန် ရောက်နေပြီ။ အပိုဒ်ငယ် (၂) တွင် ပါရှိသည့် တပည့်သားမြေးများ၏ ကမ်းလှမ်းချက် သည် ကျောချမ်းစရာဖြစ်သည်။ သို့သော် ထိုခေတ်ထိုအခါ ထိုအသက်အရွယ်  နှင့်ကျိုးကြောင်း လျော်ညီပါသည်။ (၁၆)နှစ် သမီးနှင့် (၂၄)နာရီ အတူတူနေရ လျှင် တစ်နာရီ အသက်ပိုရှည်သည်ဟူသော် ရှေးစကားလည်း ရှိသည်။ ထို့ကြောင့် စိတ်ပျိုကိုယ်ပျိုနုစေရန် နွားအိုမြက်နု ကျွေးခြင်း ဖြစ်မည်။ သို့သော် ဒါဝိဒ်က ထိုအမျိုးသမီးငယ် အဘိရှက်အား လင်မယားအဖြစ် ပေါင်းသင်းခြင်း မပြု (ငယ် ၄)သော်လည်း တရားဝင် ထိမ်းမြားလက်ထပ်လိုက်သည်။

:၁၀  ဒါဝိဒ်၏သားကြီး သြရဿ အဒေါနိယ (၂:၂၂)သည် ဖခင်၏ထီးမွေန်းမွေ ဆက်ခံဖို့ ဖြစ်လာသည်။ အာမနုန် နှင့် အဗရှလုံ တို့ သေလေပြီ။ ခိလပ်လည်း မရှိတော့ပြီ (၂ရာ ၃:၂-၄)။ စစ်သူကြီး ယွာဘနှင့် အဗျာသာတို့၏ အားပေးထောက်ခံမှုဖြင့် ခမည်းတော် နတ်ရွာမစံမီ သူ့ကိုယ်သူ ဘုရင် အဖြစ် ချီးမြှောက်လေသည်။ ရုပ်ရည်ချောမောသန့်ပြန့်၍ ရည်မွန်သူဖြစ်သဖြင့် တပည့်တပန်းနောက်လိုက်ပေါများသည်။ အပိုဒ်ငယ် (၆)တွင် ဒါဝိဒ်သည် အလိုလိုက်တတ်သော ဖခင်ဖြစ်ကြောင်းနှင့် အဒေါနိယ သည် အလိုလိုက်အမိုက်စော်ကားသော သားဖြစ်ကြောင်းဆိုသည်။ အဒေါနိယ သည် အင်္ရောဂေလ အရပ်၌ ပွဲခံ သောအခါ  ဖခင်ဒါဝိဒ်ဘက် ရပ်တည်မည့် ပရောဖက်နာသန်၊ ဗေနာယ၊ ရှောလမုန် နှင့် မှူးကြီးမတ်ကြီး အချို့မှ လွဲ၍ အခြားနန်းတွင်းသားများကို ဖိတ်ခေါ်သည်။

:၁၁၃၈  ရှောလမုန်မမွေးဖွားခင် ကပင်၊ ဘုရားသခင်က ဒါဝိဒ်အား ရှောလမုန်သာ ဆက်ခံမည့်သူ ဖြစ်ကြောင်း ပြောထားနှင့်ပြီးဖြစ်သည် (၅ရာ ၂၂:၉-၁၀)။ ထိုနှုတ်ကပတ်တော် ပြည့်စုံလာရမည့်အကြောင်း ပရောဖက်နာသန် က သိရှိနေသည်။ အဒေါနိယက အာဏာသိမ်းဖို့ ကြိုးပမ်းသောအခါ နာသန်သည် ထိုအရှုပ်တော်ပုံကို ပါးနပ်စွာ ကိုင်တွယ်သည်။ မိဖုရား ဗာသရှေဘ အား လဲလျောင်းနေသော ဒါဝိဒ်မင်းအို ထံသို့ ပို့ဆောင်သည်။ ဒါဝိဒ်မင်း၏ ထီးမွေနန်းမွေအား (မှတ်တမ်းမရှိသော်လည်း) သူမ၏သား ရှောလမုန်ကို ဆက်ခံရန် ကတိပေးခဲ့သည် မဟုတ်လော့ ဟုဆိုသည်။ သူ့သားတော် အား လူသိရှင်ကြား အိမ်ရှေ့မင်းအရာ ကျေညာပေးရန် လျှောက်လဲနေစဉ် ပရောဖက်နာသန် က အချိန်ကိုက်ဝင်ရောက် လာသည်။ မိဖုရားဗာသရှေဘ ထွက်သွားသည်နှင့် တပြိုင်နက် အဒေါနိယ ရှင်ဘုရင် အရိုက်အရာပွဲခံခြင်းသည် ဒါဝိဒ်မင်း၏ အလိုတော် ဟုတ်ပါသလား။ သို့မဟုတ် ယခုအာဏာ သိမ်းပိုက်ဖို့ ပြင်ဆင်တာလား ဟု လျှောက်တင်သည်။ ပရောဖက်နာသန် ထွက်သွားသည် နှင့် ဗာသရှေဘအား ပြန်ခေါ်ပြီး သူ့သား   ရှောလမုန်အား ဘုရင်ခန့်အပ်မည့်အကြောင်း ထပ်လောင်း အတည်ပြုသည်။ ထို့နောက် ပရောဖက် ဇာဒုတ်၊ ပရောဖက် နာသန် နှင့် ဗေနာယ တို့ကို ခေါ်၍ ရှောလမုန် အား ဂေဟုန်အရပ် သို့ ခေါ်ဆောင်သွားစေသည်။ ရှောလမုန် အား ဒါဝိဒ်မင်း၏ စီးတော်လားပေါ် တင်၍ ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားကြသည်။

() ရှောလမုန်အား ဘိသိက်ပေးခြင်း (:၃၉၅၃)

:၃၉၅၃  ရှောလမုန်သည် (၂)နှစ်ခန့် ဖခင်၏ တာဝန်ကို တွဲဖက်ကူညီထမ်းဆောင်ခဲ့ပြီးဖြစ်သည်။  ယခုအကြိမ် ဘိသိက်မင်္ဂလာပေးခြင်းသည် ဒုတိယအကြိမ် အတည်ပြု ဆီလူးဘိသိက်ပေးခြင်းဖြစ်သည်။ အခမ်းအနားတွင် ဒါဝိဒ်မင်း၏ လူ ယဇ်ပုရောဟိတ် ဇာဒုတ် ကကျေညာရာ နောက်လိုက်ပါတပည့်တပန်းများက ဘဝဂ်ညံအောင် ကြွေးကြော်ထောက်ခံကြသည်။ ထိုအချိန်မှာ အဒေါနိယတို့ အဖွဲ့ပွဲတော် ညစာစား၍ ပြီးလုပြီးခင် ဖြစ်သည်။ ဒါဝိဒ်မင်းက ရှောလမုန်အား ဘုရင်အဖြစ် တရားဝင် နန်းတင်ကြောင်း ကြားသိသောအခါ အဒေါနိယ ခဲလေသမျှ သဲရေကျရသည်။ အဒေါနိယ၏လူများမှာလည်း ကြောက်လန့်၍ ကြက်ပျောက်ငှက်ပျောက်ကုန်ကြသည်။ အဒေါနိယကိုယ်တိုင်လည်း တဲတော်သို့ပြေး၍ ယဇ်ပလ္လင် ဦးချိုကိုဆွဲ ကိုင်သည်။ သူ့အသက်ကို အာမခံရရှိဖို့ တိုင်တည်ခြင်းဖြစ်သည်။ ရှောလမုန်က မိမိကိုယ်ကို လူကောင်းဟု ခံယူလျှင် အသက်ချမ်းသာရာရမည်။ ဘုရင်ကို ပုန်ကန်လျှင်မူကား သေဘေးမှ မလွတ်စေရဟု အမိန့်ဆင့်ဆိုသည်။ သို့ဖြင့် အဒေါနိယ၏ ဝန်ခံချက်အတိုင်း အိမ်ပြန်ခွင့်ပြုလိုက်သည်။

Previous Article
Next Article