ဓမ္မရာဇဝင်တတိယစောင် ၄

() ရှောလမုန်ဘုရင်၏ မှူးကြီးမတ်ရာများ (:၁၉)

:  ရှောလမုန်ဘုရင်၏ ကက်ဘိနက်အဖွဲ့ဝင်များ စာရင်းဖြစ်သည်။ ဇာဒုတ်၏မြေး အာဇရိက ယဇ်ပုရောဟိတ်ကြီး၊ ဧလိဟောရပ်နှင့် အဟိယ တို့က လွှတ်ရုံးဝန်ကြီးများ၊ ယောရှုဖတ် က မော်ကွန်းထိန်း၊ ဗေနာယက စစ်ဗိုလ်ချုပ်၊ ဇာဒုတ် နှင့် အဗျာသာ တို့က ယဇ်ပုရောဟိတ်၊ အာဇရိက ဝန်အုပ်၊ ဇာဗုဒ်က မင်းတိုင်ပင်အမတ်၊ အဟိရှာ က အိမ်တော်ဝန်၊ အဒေါနိရံ က အကောက်ဝန်အဖြစ် တာဝန်ထမ်းဆောင်ကြသည်။ အပိုဒ်ငယ် (၄) တွင် ပါရှိသော အဗျာသာသည် အပိုဒ်ငယ် ၂:၂၇ တွင်ပါရှိသည့် ရှောလမုန်မင်းက ရာထူးဖြုတ်ချသူ ဟုတ်မဟုတ် သေချာ မသိရပါ။ နောက်ပိုင်း၌ ဖြုတ်ပယ်ခြင်းလည်း ဖြစ်နိုင်သည်။ ယဇ်ပုရောဟိတ်ရာထူး ဆက်ခံသော်လည်း နာမည်ခံရုံမျှသာ ခံယူခြင်းလည်း ဖြစ်နိုင်သည်။ အခြားသော အဗျာသာ (၂ရာ ၈:၁၅-၁၈ ကိုရှု) လည်းဖြစ်နိုင်သည်။ Matthew Poole က ဤသို့ရှင်းပြသည်။

အချို့က ရှောလမုန်မင်းလက်ထက် တလျှောက် မှူးကြီးမတ်ရာ အားလုံး၏ စာရင်းဟုဆိုကြသည်။ ယခင်လူများနှင့် လက်ရှိလူများ အားလုံးပါဝင်သည်ဟု ယူဆကြသည်။ အပိုဒ်ငယ် (၁၁) နှင့် (၁၅) ပါရှိသည့် လူနှစ်ဦးမှာ မကြာမီနှစ်ကာလတွင် ရှောလမုန်၏သားမက်များ ဖြစ်လာကြသည်။

:၁၉  ရှောလမုန်မင်းသည် တိုင်းပြည်အား ဒေသကြီး (၁၂)ခု  ခွဲခြမ်းပြီး အုပ်ချုပ်သူ နယ်စားပယ်စားကြီးများ ခန့်အပ်သည်။ အခွန်ဘဏ္ဍာကောက်ခံစေသည်။ ထိုနယ်စား မှူးကြီးမတ်ရာများက အလှည့်ကျ တစ်လစီ နန်းတော်တစ်ခုလုံး အတွက် စားနပ်ရိက္ခာတာဝန် ယူရသည်။

() ရှောလမုန်ဘုရင် ခန့်ညားထယ်ဝါသမျှ (:၂၀၃၄)

:၂၀၂၁  ရှောလမုန်ဘုရင်၏ အုပ်ချုပ်မှုသည် ဥဖရတ်မြစ်၊ ဖိလိတ္တိပြည်နှင့် အဲဂုတ္တုပြည်နယ်စပ်အထိ ကျယ်ဝန်းပျံ့နှံ့သည် (ငယ် ၂၀-၂၄)။ ဤဒေသများက ရှောလမုန်ဘုရင်ထံ အခွန်အတုတ် ပဏ္ဏာဆက်သကြသော်လည်း အားလုံး ဣသရေလပိုင်နက် မဟုတ်ပေ။ ထို့ကြောင့် ရှောလမုန်နိုင်ငံတော်သည် ပါလက်စတိုင်း ကတိတော်အား မပြည့်မီသေးပါ (က ၁၅:၁၈-၂၁)။

:၂၂၂၈  ရှောလမုန်မင်း၏ အံ့သြဖွယ်ရာ ခန့်ညားထယ်ဝါမှုအကြောင်း ဖြစ်သည်။ ထောင်သောင်းချီသော မြင်းများကို ရေတွက်ကြည့်သည်ပါ။ သို့သော် သတိပြည့်ရမည့် အချက်မှာ ရှေလမုန်မင်း၏ ကြွယ်ဝချမ်းသာမှုမှာ တိုင်းသူပြည်သားများအဖို့ ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်နေသည်။ မြင်းသည်တော် ထောင်ချီရှိခြင်းမှာ စစ်မက်ရေးရာ ပြင်ဆင်ခြင်း ဖြစ်၍ ဘုရားသခင်၏  အလိုတော်အား ဆန့်ကျင်ရာရောက်သည် (တရား ၁၇:၁၆)။ (အပိုဒ်ငယ် ၂၆ နှင့် ၆ရာ ၉:၂၅) တို့၏ ကွဲလွဲဆန့်ကျင်မှုကိုလည်း ယှဉ်ဖတ်ပါ)။

:၂၉၃၄  ရှောလမုန်မင်း၏ ဉာဏ်ပညာသည် သူတကာထက်ထူးမြတ်သည်။ အပိုဒ်ငယ် ၃၁ ၌ ပါရှိသည့် ပညာရှိကဝိများမှာ ၅ ရာ ၂:၆ ၌ ပါရှိသည့် ဇာရ၏သားများဖြစ်သည်။ မဟောလ (ကချေသည်) ဆိုသည်မှာ ဘွဲ့မည်သရည် ဖြစ်သည်။ ဧသန်သည် ဆာလံ ၈၉ ကို စီရင်ရေးသားသူ၊ ဟေမန် သည် ဆာလံ ၈၈ ကို ရေးဖွဲ့သူဖြစ်သည်။ အခြား ပညာရှင်များ ၏ထူးကဲစွမ်းဆောင်မှုကို မသိရပါ။ ရှောလမုန်မင်းကြီး ကိုယ်တိုင်သည် သုတ္တံ နိတိစကားသုံးထောင် ကို စီရင်ရေးသားခဲ့သည်။ ထိုနီတိစကားအချိုမျှသာ ယနေ့သုတ္တံကျမ်းတွင် ကျန်ကြွင်းတော့သည်။ လင်္ကာသီချင်းပေါင်း တစ်ထောင့်ငါးပုဒ် ကိုလည်း သီကုံးစပ်ဆိုခဲ့ရာ အကောင်းဆုံးလက်ရာများကို ရှောလမုန်သီချင်းများ (Song of Songs)ဟု အသိအမှတ် ပြုခြင်းခံခဲ့ရသည်။ အပိုဒ်ငယ် (၃၃)မှာ ရှောလမုန်ဉာဏ်ပညာ နက်နဲပုံကို ဖော်ပြရာ၌ သဘာဝပတ်ဝန်းကျင် ကြုံဆုံသမျှ အရာဖြင့် လက်တန်းသီကုံး ဖွဲ့ဆိုနိုင်သဖြင့် ဝေးလံခေါင်ဖျား အရပ်ဒေသများမှ ရှောလမုန်၏ ပညာစကားကို ကြားနာဖို့ရန် တကူးတက လာရောက်ကြသည်ဟု ဆိုသည်။

Previous Article
Next Article