ဓမ္မရာဇဝင်ဒုတိယစောင် ၁၆

၁၆:  သံလွင်တောင်ထိပ် ကိုဖြတ်ကျော်မိကြစဉ် မေဖိဗောရှက်၏ကျွန် ဇိဘ သည် မြည်းနှစ်ကောင်ဖြင့် စားကောင်း သောက်ဖွယ် သယ်ဆောင်လျှက် ဒါဝိဒ်မင်းအား ဧည့်ခံကြိုဆိုသည်။ ဒါဝိဒ်က အကျိုးအကြောင်းမေးမြန်းသောအခါ ဇိဘသည် သတင်းမှန်မပြော (၁၉:၂၇ ကိုကြည့်)။ ယောနသန်၏ သားမြေးစဉ်ဆက်လက်ထဲသို့ ထီးမွေနန်းမွေ ပြန်လည်ရောက်ရှိ မည့်အကြောင်း မျှော်လင့်ချက်ဖြင့် ယေရုရှလင်တွင် နေသည်။ ဒါဝိဒ်သည် ထိုစကားကို ယုံကြည်၍ မေဖိဗောရှက်၏ စည်းစိမ်ဥစ္စာကို ဇိဘ၏ ပစ္စည်းများ ဖြစ်စေဟု ဆိုလိုက်သည်။

၁၆:၁၄  ယေရိခေါသို့ သွားရာလမ်း ဗာရရိမ်သို့ ရောက်သော် ရှောလု၏အမျိုးရှိိသည် ဒါဝိဒ်အား ကြိမ်းမောင်း ဆဲဆိုသည်။ ဒါဝိဒ်၏တပည့် အဗိရှဲက ထိုမလောက်လေးမလောက်စားအား ရှင်းပစ်ခွင့်တောင်းသောအခါ ဒါဝိဒ်က ခွင့်မပြု။ ဘုရားသခင်က ဆဲဆိုခိုင်းခြင်း ဖြစ်မည်ဟု ဆိုသည်။ ရင်မှမွေးသော သြရဿသား အဗရှလုံကပင်လျှင် ပုန်ကန်တော်လှန်လျှင် ရှောလုအမျိုးက ဆဲဆိုခြင်းမှာ မနာလောက်ဟု ရှင်းပြသည်။ ဧကန္တ ဒါဝိဒ် ဥရိယကို အမှတ်ရ၍ ရှိမဲဆဲဆိုခြင်းသည် ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာခံစားရာဟု ယူဆခြင်းလည်းဖြစ်သည်။ ဒါဝိဒ်တို့ အဖွဲ့နောက်သို့လိုက်၍ ကျောက်ခဲသလဲ များဖြင့် ပစ်ပေါက်သည်။ ယောဒန်မြစ်သို့ ရောက်ကြသောအခါ နန်းကျဘုရင် ဒါဝိဒ်တို့အဖွဲ့သည် အမောဖြေအပန်းပြေ အနားယူကြသည်။

 

() အဗရှလုံ၏ အတိုင်ပင်ခံများ (၁၆:၁၅၁၇:၂၃)

၁၆:၁၅၁၉  အဗရှလုံ သည် ယေရုရှလင် နန်းတော်တွင် ဇာတ်လမ်းစလာပါပြီ။ အဗရှလုံ က ဒါဝိဒ်၏ ဟုရှဲအား ပထမပိုင်းတွင် မယုံသင်္ကာရှိသော်လည်း အလျှောက်ကောင်းသောကြောင့် အထောင်းသက်သာရုံမက၊ ယုံကြည်စိတ်ချ လက်ခံလိုက်သည်။

၁၆:၂၀၂၃  အဟိသောဖေလ၏ အခါတော် ပေးသည့်အတိုင်း နန်းတော်တွင် အာဏာပြနိုင်စေရန် အဗရှလုံသည် ဦးစွာ ခမည်းတော် ချန်ထားခဲ့သော မောင်းမမိဿံ (၁၀)ပါးထံ သို့ဝင်၍ တယောက်ပြီးတစ်ယောက် အတူအိပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ဒါဝိဒ်မင်းအား ကလဲစားချေခြင်း၊ ဒါဝိဒ်မင်း၏ စည်းစိမ်များ သိမ်းပိုက်ခြင်း၊ တန်ခိုးအာဏာ သိမ်းပိုက်ရာပြခြင်းဟု ထင်မှတ်သော်လည်း ပြဿနာအဖြေရှာခြင်းမဟုတ်။ အဗရှလုံရရှိသော အကြံဉာဏ်သည် ကျေးလက်တောသား အကြံဉာဏ် ဖြစ်သည်။ ပရောဖက် နာသန်က ဒါဝိဒ်မင်းသို့ ပရောဖက်ပြုချက် (၁၂:၁၁၊၁၂) ပြည့်စုံခြင်း ဖြစ်သည်။

ထိုနေ့ရက်များတွင် အဗရှလုံသည် အဟိသောဖေလ၏ အကြံပေးချက်များအား ကစားသဖွယ်ထင်မှတ် လက်ခံသည်။ တခွန်းပြန်မထ။ တသွေမတိမ်းလိုက်နာသည်။ သို့သော် အဟိသောဖေလ သည် ဗာသရှေလ၏ အဘိုးဖြစ်သည်ကို မမေ့သင့်။ သားမှာ အချစ်မြေးမှာ အနှစ်ဆိုစကားအတိုင်း ဗာသရှေလကို အလွန်ချစ်ခင်ပေမည်။ ဒါဝိဒ်က မတော်မတရား ဆက်ဆံသောအခါ သူ့စိတ်ထဲတွင် ဒါဝိဒ်အားကလဲ့စား ချေချင်စိတ် ကိန်းအောင်းနေပေမည်။

Previous Article
Next Article