ဓမ္မရာဇဝင်ဒုတိယစောင် ၂၁

၄။ နောက်ဆက်တွဲ (အခန်း ၂၁၂၄)

ဓမ္မရာဇဝင် ဒုတိယစောင်သည် ဒါဝိဒ်မင်းနန်းစံစဉ် ထူးခြားဖြစ်စဉ် အကြောင်းအရာများကောက်နုတ်ခြင်းဖြစ်သည်။ သက္ကရာဇ်ခုနှစ် အစဉ်အလိုက်ဖေါ်ပြခြင်းမဟုတ်။ (သမိုင်းဖြစ်စဉ်များကို ဓမ္မရာဇဝင်တတိယစောင်တွင် ဆက်လက်ကြည့်ရှုပါ)။

(က) အစာရေငတ်မွတ် ခေါင်းပါးခြင်း ဘေးဒဏ် (အခန်း ၂၁)

၂၁:  ပထမအဖြစ်အပျက်မှာ သုံးနှစ်သုံးမိုး မိုးခေါင်၍ အစာရေစာငတ်ပြတ်ကြသည်။ အဘယ်ကြောင့် ထိုသို့ မိုးခေါင်ရခြင်းအကြောင်း စုံစမ်းသောအခါ ရှောလုမင်း ဂိဗေါင်သားများအပေါ် ပြုထားသော ကတိကဝတ်ချိုးဖောက်သည်။ ထိုလူမျိုးသည် ယောရှုနှင့် ကတိကဝတ် ပြုထားကြသည်။ ထိုကတိကို ရှောလုမင်းလက်ထက်တွင် ဖျက်စီးပစ်ကြောင်းသည် ဆိုသော်လည်း  အဆက်အစပ်ခြင်းမရှိပါ။ လူ့အသက်ကို သတ်တတ်သော ဆိုသည်မှာ အပိုဒ်ငယ် ၂-၉ တွင် ပါရှိသည့် ဂိဗောင်လူမျိုးကို သတ်ဖြတ်ခြင်းဖြစ်မည်။ ကတိကဝတ်သည် ရာစုနှစ်ချီ၍ ကြာညောင်းသော်လည်း (ယောရှု ၉:၁၉-၂၀) အကျိုးသက်ရောက်မှု ရှိသည်။ ပျက်ပြယ်ခြင်းမရှိ။ အချိန်နာရီ ကာလရာသီက ဘုရားသခင်၏ မှတ်ဉာဏ်ကို မမေ့လျှော့စေနိုင်။

၂၁:  ဒါဝိဒ်မင်းသည် ဂိဗောင်လူများအား ထိုဝဋ်ကြွေးပြေလည်အောင် မည်သို့ဆပ်စေချင် သနည်းဟု မေးသည်။ ရှောလု၏ ရွှေငွေကိုလည်း အလျော်မတောင်းပါ။ ဣသရေလလူ၏ အသက်တစ်ချောင်းကိုလည်း မတောင်းဆိုရဲပါ။ ရှောလု၏ သွေးသား လောကီသား (၇)ယောက် အသက်ကို တောင်းဆိုကြသည်။ ဒါဝိဒ်ကလည်း သဘောတူလိုက်သည်။ ရိဇပမှ ဖြစ်သော အာမောနိ နှင့် မေဖိဗောရှက် (ယောနသန်၏သား မေဖိဗောရှက်မဟုတ်)၊ ရှောလုသမီး မေရပ်မှဖြစ်သော သားငါးယောက် (ငယ် ၈ NKJV Merg) ကို ပေးလိုက်သည်။ ဤနေရာတွင် အချက်နှစ်ချက်ရှိသည်။ ရှောလုသမီး မေဟောလသိသည် အဒြေလ နှင့် အိမ်ထောင်မကျပါ။ ပါလတိနှင့် ဖြစ်သည် (၁ရာ ၂၅:၄၄ ကိုကြည့် )။ ထို့အပြင် မေဟောလသိတွင် သားသမီးမရပါ (၂ရာ  ၆:၂၃)။ ဤနေရာတွင် ဗာဇိလဲ သည် အဗရှလုံဘေးရန်မှ ထွက်ပြေးစဉ် ဒါဝိဒ်မင်းကို စောင့်ရှောက်သော ဗာဇိလဲမဟုတ် (၁၇:၂၇)။

၂၁:၁၀  ရိဇဖ သည် ရှောလုအပေါ် သစ္စာရှိသော မိန်းမဖြစ်သည်။ သူ့သားနှစ်ယောက်၏ အလောင်းကို လင်းတမစား၊ သားရဲမဆွဲစေရန် နေ့နေ့ညဉ့်ညဉ့် စပါးပေါ်ချိန်ထိ စောင့်ကြည့်သည်။

၂၁:၁၁၁၄  ရိဇဖ ၏ အလွမ်းဝေဒနာ ကို ဒါဝိဒ်မင်းကြားသိသောအခါ အလောင်းခုနှစ်လောင်းကို စုသိမ်းလိုက်သည်။ ယာဗက်ဂိလဒ်အရပ်တွင် မြှုပ်ထားသော ရှောလုနှင့် ယောနသန်တို့၏ အရိုးများကိုလည်း ပြန်ယူ၍ ဗင်္ယာမိန်အနွယ် ကိရှအုတ်ဂူတွင် သင်္ဂြိုဟ်ခိုင်း လိုက်သည်။

၂၁း၁၅၂၂  ဘီလူးသရဲ ဖိလိတ္တိတို့၏ တိုက်ခိုက်ပုံကို မှတ်တမ်းတင်သည်။ ပထမဦးစွာ ဣရှဗိဗေနုပ်က ဒါဝိဒ်အားသတ် ဖြတ်သည်။ သို့သော် အဘိရှဲက ဝင်ရောက်ကယ်ဆယ်လိုက်သည်။ ထိုအချိန်မှစ၍ ဒါဝိဒ်သည် စစ်မြေပြင်သို့ မလိုက်တော့ပါ။ ဒုတိယအကြိမ်မှာ ဂေါဘတိုက်ပွဲတွင် လူ့ဘီလူး သိဗေခဲ ကို နှိမ်နှင်းရပြန်သည်။ တတိယဖြစ်စဉ်တွင် ဧလဟာနန် သည် ဂိတ္တိလူ ဂေါလျက်၏ညီ လာခမိကို သတ်နိုင်သည် (၅ရာ ၂၀:၅ နှင့် ယှဉ်ဖတ်ပါ)။ စတုတ္ထ တိုက်ပွဲတွင် လက်ချောင်းတစ်ဆယ့်နှစ်ချောင်း၊ ခြေချောင်းဆစ်ဆယ့်နှစ်ချောင်းရှိသူအား သတ်ဖြတ်ခဲ့ ကြပြန်သည်။ Pliny က လက်ချောင်း ခြောက်ချောင်းရှိသူ (Sedigiti) သည် ရောမလူမျိုးတွင် မျိုးရိုးသတ်သတ်ရှိသည်ဟု ဆိုသည်။၂၀

Previous Article
Next Article