ဓမ္မရာဇဝင်ပဋ္ဌမစောင် ၂၂

() ဒါဝိဒ်လွတ်မြောက်သွားသဖြင့်ရှောလုက ယဇ်ပုရောဟိတ်များ သတ်ဖြတ်ခြင်း (အခန်း ၂၂)

          ၂၂: ဒါဝိဒ်သည် ဖိလိတ္တိပြည်မှ ပြန်လာ၍ ယုဒနယ်စပ်အဒုလံကျောက်ဆောင်များအကြား၌ ပုန်းခိုသည်။ ဗက်သလင်အနောက်တောင်ဘက်တွင် ရှိသည်။ ဒါဝိဒ်ထံတွင် အကြွေးမဆပ်နိုင်သူ၊ အမှုရင်ဆိုင်နေသူ၊ စိတ်ညစ်သူများလာရောက်စုစည်းလာကြရာ လူပေါင်း ၄၀၀ခန့်ရှိသည်။ ဤနေရာတွင် ဒါဝိဒ်သည် လူရာမဝင်သူများခိုလှုံရာ ယေရှုခရစ်တော်ပုံဆောင်သည်။ လတ်တလောတွင် လူလေးရာရှိရာမှ မကြာသောကာလတွင် ခြောက်ရာထိ တိုးပွားလာကြသည်။ လောကသားများ အမြင်တွင် ထိုသူများသည် ဆန်ကုန်မြေလေးများဖြစ်ကြသော်လည်း ဒါဝိဒ်လက်ထဲသို့ ရောက်သောအခါ ဝိညာဉ်ရေးရာသူရဲကောင်း ဖြစ်သွားကြသည် (၂ရာ ၂၃)။

၂၂: ဒါဝိဒ်၏ မိဘများကလည်း လာရောက်ပူးပေါင်းသည်။ ဒါဝိဒ်ပြေးလွှားပုန်းအောင်းနေစဉ် ကူညီချင်ကြသည်။ မောဘပြည်သို့ ကူးသန်းရောင်းဝယ်ရေး ပြုရာတွင်လည်း အဆင်ပြေသည်။ ဒါဝိဒ်၏ ဘိုးဘေးသည် မောဘအမျိုး ရုသမှဆင်းသက်လာသည် (ရု၄:၁၇)။ ဘုရားသခင်၏ ရန်သူများအား မျက်စိမှောက်မှား ကိုးစားခဲ့သည်။ (ယုဒပုံပြင်တွင်မူ မောဘလူများက ဒါဝိဒ်မိဘများကို ကွပ်မျက်ကြသည်ဟု ဆိုကြသည်)။ ပရောဖက်ဂါသ၏ ပရောဖက်ပြုချက်အရဒါဝိဒ်သည် ထိုအဒုလံအရပ်မှ ဟာရက်သစ်တော၊ ဝါးတောသို့ ရွှေ့ပြောင်းခိုအောင်းသည်။

၂၂: ဗင်္ယာမိန်လူမျိုးပိုင်နက် ဂိဗာအရပ်တွင် ရှောလုသည် ဗင်္ယာမိန်ရပ်သူရွာသားများနှင့် တပည့်ကျေးကျွန်များအား စုရုံး၍ ကြိမ်းမောင်းသည်။ သူပြုသကဲ့သို့ ဒါဝိဒ်က ရပ်သူရွာသားများအား ကောင်းကျိုးပြုသဘော။ ချမ်းသာပေးသဘော။ တစ်ခုမှမပြုပါဘဲလျက် အဘယ်ကြောင့်  ဒါဝိဒ်ဘက်တွင် ရပ်တည်ကြသနည်း။ အဘယ်ကြောင့် ဒါဝိဒ်ကို ဖုံးကွယ်၍ ကာကွယ်ကြသနည်း။ သူမွေးသောသားယောနသန်မှ စ၍ တစ်တိုင်းပြည်လုံးက သူ့ဘက်တွင် အဘယ်ကြောင့် မရပ်တည်ကြသနည်းဟု ကြိမ်းမောင်းသည်။

၂၂:၁၅ ဧဒုံအမျိုးဒေါဂသည် မျက်နှာလိုမျက်နှာရဖြင့် ရှောလုထံမှ အခွင့်အရေးနှိုက်ယူသည်။ အဟိမလက် ယဇ်ပုရောဟိတ်ကြီးက ဒါဝိဒ်အား အကွယ်အကာပေး၊ ကျွေးမွေးထောက်ပံ့ကြောင်း တိုင်တန်းလိုက်သည်။ ရှောလုမင်းသည် ထိုသတင်းစကားကြားလျှင် အနာပေါ်ဒုတ်ကျခံရသဖြင့် ထိုယဇ်ပုရောဟိတ် မိသားစုအား ချက်ချင်းဖမ်းဆီးခိုင်းလိုက်သည်။ အဟိမလက်ယဇ်ပုရောဟိတ်က ဒါဝိဒ်လာရောက်ခြင်းသည် ရှောလုမင်းအမှုအရာဆောင်ရွက်ခြင်း အောက်မေ့၍ ကျွေးမွေးခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် ဤတစ်ကြိမ်တည်း တစ်ခါတည်းမကပါဟု ထောက်ပြသည်။ ဒါဝိဒ်သည် ဘုရင်အား ဆန့်ကျင် ထောင်လွှားသည့် သူပုန်ဖြစ်သည်ဟု စွပ်စွဲသည်။ အဟိမလက်သည် ဇာတ်လမ်းစုံမသိသဖြင့် အူကြောင်ကြောင် ဖြစ်နေသည်။

၂၂:၁၆၁၉ ရှောလု၏ဇာတိရုပ်သည် ဖုံးမရဖိမရအောင် ပေါ်လွင်နေသည်။ ယဇ်ပုရောဟိတ်များကို ကွပ်မျက်ခိုင်းသော်လည်း မင်းမှုထမ်းများက မနာခံငြင်းဆန်ကြသည်။ ထို့ကြောင့် အလိုတော်ရိဒေါဂအား စေခိုင်း၍ ပုရောဟိတ်(၈၅)ပါးအား အတုံးအရုန်းခုတ်လှဲသတ်ပစ်သည်။ ထိုမျှနှင့် ကျေနပ်တင်းတိမ်ခြင်းမရှိသေး။ အဟိမလက်ယဇ်ပုရောဟိတ်၏ ဇာတိနောဗမြို့ကိုလည်း တိုက်ခိုက်စီးနင်း၍ တွေ့မရှောင် သက်ရှိသတ္တဝါအားလုံး လက်ရမ်းသတ်ဖြတ်ကြသည်။

၂၂:၂၀၁၃ အဟိမလက်၏ သားများအနက် အဗျာသသည် ထွက်ပြေးလွတ်မြောက်၍ ထိုသတင်းဆိုးအား ဒါဝိဒ်ထံသို့ သွားရောက်သတင်းပို့သည်။ အဗျာသသည်လည်း ရှောလမုန်နန်းတက်သည့်တိုင်အောင် ထိုအချိန်မှစ၍ ဒါဝိဒ်တစ်သက် ယဇ်ပုရောဟိတ်ကြီး ထမ်းဆောင်သည် (၃ရာ ၂:၂၇)။ ယဇ်ပုရောဟိတ်များ ထိုသို့အတုံးအရုံး သေကြခြင်းသည် ဒါဝိဒ်က ယဇ်ပုရောဟိတ်အဟိမလက် တွေ့ဆုံခြင်း ပယောဂမကင်းဘူးဟု ဒါဝိဒ်ဝန်ခံခဲ့သည် (ငယ်၂၂)။ တစ်နည်းအားဖြင့် ဘုရားသခင်က ပရောဖက်ဧလိမိသားစုအပေါ် အပြစ်စီရင်ခြင်းမျိုးဖြစ်သည် (၂:၃၁-၃၆၊၃:၁၁-၁၄)။ သို့သော် အဓိကတရားခံမှာ ရှောလု၏ ရက်စက်မှုဖြစ်သည်။

ပရောဖက်ဂါသ၊ ပရောဖက်အဗျာသနှင့် ဒါဝိဒ်တို့သည် ခရစ်တော်ကို ပုံဆောင်ကြသည်။ ရန်သူများအား ခြေဖဝါးအောက်သို့ ရောက်သည့်အချိန်ထိ အချိန်ပေးစောင့်ဆိုင်းနေကြရသည်။

Previous Article
Next Article