ဓမ္မရာဇဝင်ပဋ္ဌမစောင် ၅

() ပဋိညာဉ်သေတ္တာတန်ခိုး (အခန်း )

          : ဖိလိတ္တိတို့သည် ဘုရားသခင်၏ သေတ္တာတော်အား ဧဗနေဇာမှ အာဇုတ်မြို့ ၊   ဒါဂုန်ဘုရားကျောင်းသို့ ပင့်ဆောင်ကြသည်။ ဒါဂုန်ကျောင်းသည် ဗာလဘုရားများ၏ အချက်အချာနေရာဖြစ်သည်။ တခြားရုပ်တု၊ဘုရားတုများ ထိန်းသိမ်းရာဖြစ်ကြောင်း အခြားကျမ်းစာများတွင် မကြာခဏတွေ့ရသည်။ ဖိလိတ္တိသားတို့သည် ပဋိညာဉ်သေတ္တာအား ဒါဂုန်ဘုရားနှင့် တန်းတူ သဘောထားကြသောကြောင့် ယှဉ်ထားကြသည်။ နောက်တနေ့မိုးလင်းသောအခါ ဒါဂုန်ရုပ်တုသည် ပဋိညာဉ်သေတ္တာတော် ခြေရင်းတွင် ပိုးလိုးပက်လက်လဲကျနေကြောင်းတွေ့ကြသည်။ ထိုသို့ဖြစ်ရခြင်းကို သဘောမပေါက်၊ နားမလည်ကြသဖြင့် ပြန်လည်ကောက်ယူ၍ ယှဉ်ထားကြပြန်သည်။ နောက်တစ်နေ့တွင် ဒါဂုန်ရုပ်တု ဘုရားသည် ခြေလက်ဦးခေါင်းအပြတ်ပြတ်အပိုင်းပိုင်းဖြင့် လဲကျနေကြောင်းတွေ့ကြပြန်သည်။ အကယ်၍ ဒါဂုန်ရုပ်တုသည် ဘုရားမှန်လျှင် ထိုကဲ့သို့ အုတ်ကျိုးပမာဖြစ်မည်မဟုတ်။ ရုပ်တုဘုရားတု ကိုးကွယ်သူများ ရိပ်မိသွားသည်။ ဒါဂုန်ဘုရားတုက ဣသရေလတို့၏ ဘုရားကို မယှဉ်နိုင်မှန်းသိရှိသွားကြသည်။ ရှံဆုန်သည် ဂါဇာမြို့တွင် ဘုရားပေးခွန်အားဖြင့် ဖိလိတ္တိတို့၏ ဗိမာန်တော်အဆောက်အအုံကြီးအား ဖြိုလှဲပစ်ခဲ့ဖူးသည် (သူကြီး ၁၅)။ ယခုဘုရားသခင်ကိုယ်တိုင် ဒါဂုန်ရုပ်တုကို ဖျက်ဆီးသည်။ ထိုသို့ခြေလက်ဦးခေါင်းဖြတ်ခြင်းမှာ ရုပ်တုဆင်းတုဘုရားတုတွင် ဉာဏ်ပညာ (ဦးခေါင်း)၊ တန်ခိုးအစွမ်း(လက်) မရှိကြောင်းအသိပေးခြင်းဖြစ်သည်။

: အာဇုတ်သားများသည် သူတို့၏ ရုပ်တုဘုရားတုအပိုင်းပိုင်း ပျက်စီးသည်သာမက ရပ်သူရွာသားများလည်း မြင်းသရိုက်နာကျရောက်သဖြင့် သောက်သောက်လဲသေကြေကြသည်။ သို့ကြောင့် ဖိလိတ္တိသားများသည် ပဋိညာဉ်သေတ္တာတော်အား ဂါသမြို့သို့ပို့ဆောင်ကြသည်။ ပဋိညာဉ်သေတ္တာရောက်သည်နှင့် တပြိုင်နက် မြို့သူမြို့သားများသည်လည်း မြင်းသရိုက်နာဖြင့် တဖြုတ်ဖြုတ်သေကြပြန်သည်။

:၁၀၁၂ ဖိလိတ္တိတို့၏ ဒုတိယမြို့တော်ဂါသမြို့ကလည်း မခံနိုင်သဖြင့် ဧဗြုန်မြို့သို့ ပို့ဆောင်ရန် စီစဉ်ကြပြန်သည်။ ဧဗြုန်မြို့သားများသည် အာဇုတ်မြို့နှင့် ဂါသမြို့သတင်းကြားသိကြပြီးဖြစ်သောကြောင့် တစ်မြို့လုံးသေစေချင်သောကြောင့် လာပို့သလားဟု ဆန္ဒပြုကြသည်။ လက်မခံခြင်းဆိုသည်။ မြင်းသရိုက်ကာလနာရောဂါဖြင့် အသေမခံနိုင်ကြ။ ပဋိညာဉ်သေတ္တာအား မူလပိုင်ရှင် ဣသရေလအမျိုးသို့ ပြန်ပို့ခိုင်းကြသည်။

Previous Article
Next Article