ဓမ္မရာဇဝင်ပဋ္ဌမစောင် ၇

: ကိရယတ်ယာရိမ်မြို့သားများသည် ပဋိညာဉ်သေတ္တာအား လာရောက်ယူဆောင်ပြီး အမိနဒပ်အိမ်တွင် နှစ်ပေါင်းနှစ်ဆယ်ကြာ သိမ်းဆည်းထားကြသည်။ ရှမွေလသည် ဣသရေလလူတို့အား ထာဝရဘုရားသခင်ကို ကိုးကွယ်ယုံကြည်ကြရန်နှင့် ထိုသို့ယုံကြည်ကိုးစားလျှင် ဖိလိတ္တိတို့ဘေးရန်မှ ကင်းလွတ်မည့်ကြောင်း ဟောပြောသွန်သင်သည်။ ဣသရေလတို့သည်လည်း      ရှမွေလဟောပြောသည့်အတိုင်း ရုပ်တုဆင်းတုဘုရားတုများကို ဖျက်ဆီးလွှင့်ပစ်ကြပြီ၊ မိဇပါတွင် ဝတ်ပြုစည်းဝေးပြုကြသည်။ နောင်တရ၍ အစာရှောင် ဥပုသ်စောင့်ကြသည်။ နောင်တရသော အထိမ်းအမှတ်အဖြစ်ဖြင့် တရားဇရပ်ရှေ့တွင် ရေခပ်လောင်းကြသည်။

:၁၄ မိဇပါတွင် ဣသရေလူတို့ စုရုံးစည်းဝေးကြကြောင့် ဖိလိတ္တိတို့ သတင်းစကားကြားသိကြသောအခါ သူတို့ကို လာတိုက်ဖို့ ထင်ကြသဖြင့် ဦးအောင်သွားတိုက်ကြသည်။ ဖိလိတ္တိတို့ စစ်ချီလာကြောင်း ကြားသိကြပြန်သောအခါ ဣသရေလတို့သည် စစ်ရေးကြိုတင်ပြင်ဆင်ခြင်းမရှိကြသဖြင့် ကြောင်ဒူးတုန်ကြသည်။ ရှမွေလအား မည်သို့လုပ်ရပါ့ဟု ဆော်ဩကြသည်။ ရှမွေလက နို့စို့သူငယ်နွား တစ်ကောင်အား မီးရှို့ပူဇော်သည် (လေဝိသားယဇ်ပုရောဟိတ်များ တတ်စွမ်းသည့်အတိုင်း ပြုလုပ်ခြင်းဖြစ်သည် (၅ရာ ၂၃:၂၆-၃၁)။ ဒူးထောက် ဆုတောင်းသည်။ ရှမွေလဆုတောင်သံကို ဘုရားရှင် နားညောင်းတော်မူသဖြင့် ရောက်လာခါနီးတွင် ဧဗနေဇာ (မစခြင်းကျောက်တိုင်) မော်ကွန်းကျောက်တိုင် စိုက်ထူထားသည်။ အပိုဒ်ငယ် ၁၃တွင် ပါရှိသည့် စစ်ရေးအောင်မြင်ခြင်းသည် တပွဲတိုးအောင်နိုင်ခြင်းဖြစ်သည်။ ၉:၁၆ နှင့်ဆက်စပ်ဖတ်ရှုပါ။ အချို့နေရာများ ပြန်လည်သိမ်းဆည်းမိသဖြင့် အိမ်နီးနားခြင်း မြို့ပြနိုင်ငံများ နှင့် အခိုက်အတန့် ငြိမ်းချမ်းပြေလည်ကြသည်။

:၁၅၁၇ ရှမွေလသည် ဣသရေလလူတို့၏ တရားသူကြီး ဖြစ်လာသည်အတိုင်း ဣသရေလပြည်အနှံ့တွင် ခြေဆန့်လျက်ဘုရားသခင်၏ အလိုတော်နှင့်အညီ လှည့်လည်စစ်ဆေးစီရင်သည်။ ဖခင်၏တောင်ယာလုပ် ဓါးမဦးချမြေရာတွင် နေထိုင်၍ ဘုရားသခင်အဖို့ ယဇ်ပလ္လင်ကိုလည်း တည်သည်။ နောဘရှိ ဘုရားသခင်၏ ယဇ်ပလ္လင်ကို အဘယ်ကြောင့် မသယ်မရွှေ့သနည်း။ အမိနဒပ်အိမ်တွင် ပဋိညာဉ်သေတ္တာကို အဘယ်ကြောင့် ဆက်လက်ထားရှိသနည်း။ မသိရပါ။ သို့သော်လည်း ထိုခေတ်ကာလတွင် ဘုရားသခင်၏ မူလစံထားရှိသည့်အတိုင်း မှိုလိုပါက်သည့်အချိန်ဖြစ်သည်တို့သတိပြုရမည်။

အခန်း၇သည် ပြန်လည်နိုးထလာသည့်ကာလဖြစ်သည်။ ဘုရားသခင်က ရှမွေလကို အသုံးပြုလျက် ဣသရေလလူများကို နောင်တရစေသည်။ အပြစ်ဝန်ခံစေကြသည်။ စင်ကြယ်စေသည်။ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးသူ လိုအပ်စမြဲ။ ကရာနီသိုးသူငယ်ကဲ့သို့သော သိုးသူငယ်လိုသည်။ ထိုသို့ပင် တစ်ဦးတစ်ယောက်မှ တမျိုးသားလုံးသို့ နှိုးထရသည်။

Previous Article
Next Article