နေဟမိမှတ်စာ ၁

၁။ နေဟမိ ပထမအကြိမ်ခရီး။ ယေရုရှလင် ပြန်လည်စုစည်းခြင်း (အခန်း ၁၂)

(က) ယေရုရှလင်အပေါ် အံ့သြတုန်လှုပ်ခြင်း (အခန်း )

 : တခွန်းစ နှစ်ခွန်းစသာလျှင် မိတ်ဆက်သည်။ နေဟမိက သူသည် ဟာလခိ၏ သားဖြစ်ကြောင်းနှင့် အာတဇေရဇ်မင်းအနားတွင် အပါးတော်မြဲ အဖြစ်သာဆိုထားသည်။

မတင်မကျ ခေတ်ပျက်ကာလတွင် ကျီးကန်းတောင်းမှောက် ကျီးလန့်စာစားနေကြခိုက် ဧဇရ၏နိုင်ငံရေးနှင့် အမျိုးသားရေးဦးဆောင်မှုကြောင့် ဘာသာတရား ယုံကြည်သက်ဝင်စပြုသော်လည်း ယေရုရှလင်မြို့ရိုးခံတပ် ဆောက်လုပ်နိုင်ခြင်းမရှိခဲ့ကြ။ ဘုရားသခင်၏လူများကို အန္တရာယ်အမျိုးမျိုးပေးနေကြသော အရပ်မျက်နှာပေါင်းစုံမှ တံပျက်စီးသမားများက အာတဇေရဇ်မင်းအား မြို့ရိုးဆောက်လုပ်နိုင်အောင် နှောင့်ယှက်ကြသဖြင့် လုပ်ငန်းရပ်ဆိုင်းသွားသည်။ မြို့ရိုးဆက်ဆောက်လျှင် အာတဇေရဇ်မင်း၏ အသက်သည် ရန်သူ့လက်ထဲတွင်ရှိသည်ဟုခြိမ်းခြောက်လာကြသည်။ အနိဠာနရုံကြောင့် ယေရုရှလင်မြို့ရိုး ပုံပေါ်တွင်နေဟမိသည် မျက်ရည်ကြားမှ ခွန်အားယူ၍ ပေါ်ထွက်လာသည်။

:၁၁ နေဟမိသည် ရွေးနှုတ်ထားသော ယုဒလူများအတွက် ရင်လေးဝန်ပိနေသည်။ ထိုသူများ၏ ဆင်းရဲဒုက္ခကို ကိုယ်တွေ့မခံစားခဲ့ရသော်လည်း ထပ်တူထပ်မျှ ခံစားသည်။ တယောက်တည်း ကိုယ်ကျိုးရှာ၍ နန်းတော်တွင် ဇိမ်ခံမနေ။ ကြေကွဲဝမ်းနည်းသည်။ အစာရှောင်ဆုတောင်းသည်။ ယုဒလူထု၏ အပြစ်ဒုစရိုက်ကဲ့သို့ မှတ်ယူ၍ ဘုရားသခင်ထံဝန်ချတောင်းပန်သည်။ ဘုရားသခင်ရှေ့မှောက်၌ ဖြောင့်မတ်စွာနေနိုင်ကြဖို့ သူ့လူများအား ပြန်လည်စုစည်းခွင့် တောင်းပန်သည်။ သူကိုယ်တိုင်လည်း ဘုရင်ရှေ့တွင် မျက်နှာသာရဖို့ ဆုပန်သည်။ မွေးချင်းပေါက်ဖော် ယုဒပြည်သူများအား ရိုင်းပင်းကူညီလိုစိတ်  ထက်သန်သဖြင့် တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲကြည့်သည်။ ဘုရားသခင်ရှေ့တွင် နေ့ရက်များစွာ လျှောက်လဲဆုတောင်းသည်။

နေဟမိ၏ ထက်မြက်ထိရောက်သော ခေါင်းဆောင်မှုကို မကြာခဏ ပုံဥပမာပေး သင်ခန်းစာယူလေ့ရှိသည်။ ပထမဦးစွာ ရည်မှန်းချက် စီမံကိန်းရေးဆွဲ၍ အောင်မြင်သည့် နည်းလမ်းရှာကြံသည်။ ပြဿနာကို အနုလုံပဋိလုံ အပြန်အလှန် စဉ်းစားဆင်ခြင်ပြီးမှ ဖြစ်နိုင်သည့် နည်းလမ်းကို ရွေးချယ်သည်။ ထိုရည်မှန်းချက် အကောင်အထည်ဖော်ရန် အခြားသူများကိုလည်း စည်းရုံးလက်တွဲ ခေါ်ဆောင်သည်။ လုပ်ငန်းကို ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲ၍ စစ်ဆေးသည်။ လုပ်ငန်းအောင်မြင်ပြီးဆုံးသည်အထိ ကိုယ်တိုင်ကိုယ်ကျပါဝင်သည်။

Previous Article
Next Article