မာလခိအနာဂတ္တိကျမ်း ၁

၁။ ဣသရေလလူမျိုးအား အပြစ်ဆိုခြင်း၊ ဣသရေလတို့၏တုန့်ပြန်ခြင်းနှင့် တရားစီရင်မည့်အကြောင်း (::၁၅)

(က) ကျေးဇူးကန်းကြခြင်း (:)

          : ဤအခန်းကြီးတွင် ဘုရားသခင်က ရွေးကောက်ထားသော လူမျိုးတော်အား အပြစ်တင်ပြီး၊ လူမျိုး တော်က ငြင်းဆိုခြင်းကို တွေ့ရသည်။ ပထမဦးစွာ ဘုရားရှင်က ဣသရေလတို့အား ချစ်မြတ်နိုးသည်ဟု ဆိုသည်။ အကျွန်ုပ်တို့ကို အဘယ်သို့ချစ်သနည်းဟု ပြန်ထောက်ကြသည်။ ထို့ကြောင့် ကိုယ်တော်ဘုရားမေတ္တာကြီးမားပုံကို ဧသောနှင့်ယာကုပ်ဇာတ်လမ်း ပြန်ထောက်ကြသည်။ ယာကုပ်သည် သူတို့ဘိုးဘေးကြီးဖြစ်၍ ဧသောသည် ဧဒုံလူမျိုးနွယ်၏ ဘိုးဘေးကြီးဖြစ်သည်။ ဧဒုံအမျိုးပျက်စီးပုံကို ဣသရေလတို့ မျက်ဝါးထင်ထင်တွေ့မြင်ခြင်းဖြင့် ဘုရားသခင်၏ကြီးမြတ်ပုံကို နားလည်သဘောပေါက်သင့်သည်။

() ယဇ်ပုရောဟိတ်များက ဘုရားတရားပြစ်မှားခြင်း (:၁၄)

          : ဣသရေလလူမျိုး၏ ဖောက်ပြန်မှုကို အပြစ်ဖော်ပြပြီးနောက် ယဇ်ပုရောဟိတ်များက နာမတော်အား ကြည်ညိုတန်ဖိုးထားခြင်းမရှိ၊ ရှုတ်ချပုတ်ကွက်ကြပုံကို ထုတ်ဖော်အပြစ်တင်သည်။ ယဇ်ပုရောဟိတ်များကလည်း ဘယ်နေရာမှာပျက်ကွက်ကြသနည်းဟု နှုတ်လှန်မေးကြသည်။

: မစင်ကြယ်သော ပူဇော်သက္ကာများဖြင့် ယဇ်ပလ္လင်ကို ညစ်ညူးစေပြီဟု အပြစ်ဆိုသည်။ အဘယ် အရာနည်းဟုမေးမြန်းသော် သင်တို့သည် မြို့ဝန်မင်းထံသို့ပင် မပေးဆက်ဝံ့သော ချိုလိမ်ခွါပဲ့ တိရစ္ဆာန်များ၊ အကန်းနှင့်ခြေခွင်သောအကောင်များ၊ အနာရောဂါရှိသော ယဇ်ကောင်များဖြင့် ယဇ်ပူဇော်ခဲ့ကြောင်း ဘုရားသခင် က ထောက်ပြသည်။

: ထို့ကြောင့် ဘုရားသခင်၏အမျက်ဒေါသသင့်ခြင်းမှ ချမ်းသာရရန် မိမိတို့အပြစ်ကို နောင်တရရှိကြဖို့ ပရောဖက်ကြီးက သတိပေးသည်။

:၁၀ ထိုသို့ အရည်အချင်း စံမမီသော ယဇ်ကောင်များဖြင့် ယဇ်ပူဇော်ခြင်းသည် ယဇ်ပလ္လင်ပေါ်၌ အချည်း နှီးမီးရှို့ခြင်းသက်သက်သာဖြစ်သောကြောင့် လက်သင့်မခံနိုင်ပါ။ ထိုအရာရပ်ဆိုင်းစေဖို့ ဗိမာန်တော် တံခါးကိုပိတ် ရန် ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်က အလိုတော်ရှိသည်။ မည်သူပိတ်ဆို့ပါမည်နည်း။

:၁၁ ရွေးကောက်တော်မူသော လူမျိုးတော်က တန်ဖိုးမထားကြသောကြောင့် ဘုရားသခင်၏နာမတော် သည် တပါးအမျိုးသားအလယ်တွင် ကြီးမြတ်ထင်ရှားလိမ့်မည်။

:၁၂၁၄ ယုဒလူမျိုးများသည် ဗိမာန်တော်အမှုပြုခြင်း၌ ပင်ပန်းဆင်းရဲသည်ဟု ငြီးတွားကြသည်။ ညစ်ညူးသောခဲဘွယ်ဘောဇဉ်၊ အပြစ်မကင်းသော ယဇ်ကောင်များဖြင့် ပူဇော်သက္ကာပြုကြပြီ။ အသုံးမလို ရွေးဝယ် ပစ္စည်းများဖြင့် ကြီးမြတ်သောဘုရားကို ပူဇော်ကြသည်။ စင်စစ်မူ ဘုရားသခင်သည် ကြီးမြတ်သော ရှင်ဘုရင် ဖြစ်သည်။ လူမျိုးတိုင်းကြောက်ရွံ့ရိုသေရသောအရှင်ဖြစ်သည်။

Previous Article
Next Article