မိက္ခာအနာဂတ္တိကျမ်း ၆

၇။ ဣသရေလတို့စစ်ဆေးမည့်အကြောင်း(အခန်း၆)

: ဣသရေလလူမျိုးအား စစ်ဆေးသောအခါ ဘုရားသခင်ဘက်မှတောင်ကြီ:တောင်ငယ်များက သက်သေခံကြမည်။ ဣသရေလလူမျိုးအား အဲဂုတ္တုပြည်မှ ခေါ်ထုတ်လာပုံ၊ ဗာလတ်နှင့် ဗာလမ် ချိုင့်ဝှမ်းများတွင် ဆင်းရဲဒုက္ခဒဏ်မှ ကွယ်ကာစောင့်မခဲ့ပုံများကို ပြန်လည်ကြားနာစေမည်။

          : အဘယ်ပူဇော်သက္ကာကို ယူဆောင်ချဉ်းကပ်၍ အမြင့်ဆုံးသော ဘုရားသခင်ရှေ့၌ ပူဇော်မည်နည်း။ ယဇ်ကောင်များဆိုလိုသည် မဟုတ်။ လူအားဖြင့်ယဇ်ပူဇော်ခြင်းမဟုတ်သည်မှာ သေချာသည်။ ကိုယ်တော်ဘုရားက တရားမျှတမှု၊ကရုဏာတရားနှင့် နှိမ့်ချခြင်းကိုအလိုရှိကြောင့် အငယ်(၈)၌ ဖော်ပြထားသည်။ ထိုအရာများကို လိုက်နာဖို့မှာ ဘုရားအသက်ရှိရမည်။ အသက်တာမပြောင်းလဲသေးသောသူသည် ဘုရားအသက် မထုတ်နိုင်ပါ။

:၁၂ ထာဝရဘုရားသခင်က မြို့အမည်ကို တိုင်တည်ဟ်ကြော်သည်။ မိမိမြို့၏ အပြစ်ဒုစရိုက်များကို ပြန်လည်ရေတွက်ကြည့်ရှုစေသည်။ မမှန်သောအလေးတင်းတောင်း၊ မုသာစကားနှင့် နိုင်ထက်စီးနင်း ပြုတတ်ကြသည်တကား။

:၁၃၁၆ အပြစ်သည် ပျက်စီးခြင်းကို၎င်း၊ ဒုစရိုက်သည်အပြင်ပန်းအားဖြင့် ရတတ်ခြင်းဖြစ်သော်လည်း အတွင်းကြေရောဂါ၊ အထီးကျန်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ပြသာနာအရှုပ်အထွေးကို၎င်း ဖန်တီးတတ်သည်။ မရိုးမသားရရှိသော အရာဝတ္ထနှင့် အခွင့်အရေးများ၌ ပျော်ရွှင်ခြင်းမတည်။ မတရားရှိသော ပစ္စည်းသည် အဆီအသားမဖြစ်ထွန်းစေပါ။ အဆိပ်အတောက်သာဖြစ်စေသည်။ သြမရိမင်း၏ စီရင်ထုံ:ဖွဲချက် (ငယ်၁၆) ဆိုသည်မှာ သြမရိမင်းတည်သော ရုပ်တုဆင်းတုများကိုးကွယ်ခြင်းကို ရည်ညွှန်းသည်(၃ရာ ၁၆:၂၅-၂၆)။

Previous Article
Next Article