ယေဇကျေလအနာဂတ္တိကျမ်း ၁၁

() ဆိုးညစ်သောမင်းများ၏ တိုင်ပင်ခြင်းကို ငြင်းပယ်ခြင်း (အခန်း၁၁)

          ၁၁:၁−၃ နှစ်ဆယ့်ငါးပါးသော (မင်းသားများ)က ယေရုရှလင်မြို့သူမြို့သားများအား စိုးရိမ်ကြောက်ရွံ့ခြင်းမရှိကြဖို့ နှစ်သိမ်ဖျောင်းဖျကြသည်။ အခါတိုင်း ကဲ့သို့ ပုံမှန်နေရန် အားပေးကြသည်။ ဘုရားသခင်၏ ဗျာဒိတ်တော် မူကား ထိုလူများကို အယုံကြည်မရှိကြ ဖို့ဆိုလိုသည်။ ထိုမင်းတို့သည် သူတို့ကိုသူတို့ အိုးကင်းဟု ခံယူ၍ ပြည်သူများကို အမဲသားအဖြစ်လုံခြုံစေမည် ဖြစ်သည်။ ထိုနှစ်ဆယ့်ငါးယောက်တို့၏ စကားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဖီလာဖြစ်သည်။ သူတို့က”ပျက်စီးခြင်း မကျရောက်နိုင်သေး။ အိမ်ယာဆောက်၍ ..ပျော်ပျော်နေကြ”ဟုဆိုသည်။ ဘုရားသခင်ကမူ ပရောဖက်ယေရမိကို (ယေ၊၂၉:၄−၁၁)၌ ယေရုရှလင်မြို့ ပျက်သုဉ်းတော့မည်ဖြစ်သောကြောင့်  ဖမ်းဆီးခံယုဒလူတို့အား ဗာဗုလုန်တွင် အိမ်ယာဆောက်လုပ်ကြဖို့‌‌‌‌ ပြောသည်။ ဖြောင့်မတ်ခြင်းမရှိသော ထိုမင်းသားများသည် ဖမ်းဆီးခံရသူများအား အတုအယောင် မျှော်လင့်ချက်များပေးကြသည်။ ဘုရားသခင်၏ အမျက်တော် မီးလျှံမီးကျည်များ ယေရုရှလင်မြို့အပေါ် ကျရောက်တော့မည့်ဆဲဆဲ ဖြစ်သော်လည်း ထိုနှစ်ဆယ့်ငါးယောက်သောမင်းတို့က လုံခြုံစိတ်ချမှု အပြည့်အဝရှိသည်ဟု ထင်မှတ်နေဆဲ။

ထိုနည်းတူ ယနေ့ခေတ်ကာလတွင်လည်း အမည်ခံ ခရစ်ယာန်များစွာတို့က ဒုစရိုက်နွံထဲ၌ ကျင်လည်နေဆဲမှာပင် ဘုရားသခင်၏ အပြစ်တရားစီရင်ခြင်းမှ သူတို့ကိုယ်ကိုသူတို့  ကင်းလွတ်လိမ့်မည်ဟု လွဲမှားစွာစိတ်ချ ယုံကြည်နေကြသည်။ သို့သော်လည်း အပြစ်တရားစီရင်ရာနေ့ရက်ကာလတွင် ဘုရားသခင်က သူတို့အား “သင့်ကိုငါမသိ”ဟု ငြင်းပယ်လိမ့်မည်။

၁၁:၄−၁၂ ထိုသူတို့၏ ပုံဆောင်ချက်အဓိပ္ပါယ်အနက်ကောက်ယူမှု မှားယွင်းသဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်က ယေဇကျေလကို ကွဲလွဲစွာ အနက်ဖွင့်စေသည်။ ယေရုရှလင်မြို့တော်သည် အိုးကင်းဖြစ်၍ အသတ်ခံမည့်သူများမှာ အမဲသားဖြစ်သည်။ သူတို့ကိုယ်တိုင် မြို့တော်နှင့် အလှမ်းဝေးရာသို့ သွား၍ဣသရေလပြည်၏ နယ်စွန်နယ်ဖျားဒေသတွင် တရားစီရင်ခြင်းခံရမည်(၄ရာ၊၂၅:၁၈−၂၁။ ယေ၊၅:၂၄−၂၇ တို့ကိုကြည့်ပါ။)

၁၁:၁၃ ဗေနာယသား ပေလတိ(နှစ်ဆယ့်ငါးဦး၏ ခေါင်းဆောင်ဖြစ်ဟန်တူသည်) သည်ရုတ်တရက် လဲကျ‌သေဆုံးသည်။ လွဲမှားသောတိုင်ပင်မှုနှင့် အကြံပေးချက်၏ အကျိုးဆက်ဟု ယူဆရဖွယ်ရှိသည်။ ထိုအခါ ယေဇကျေလသည် ဘုရားသခင်ထံချက်ချင်း ဒူးထောက်ပြပ်ဝပ်၍ ကျန်ကြွင်းသော ဣသရေလအမျိုးသားများအတွက် ကြားခံ ဆုတောင်းသည်။

() ကျန်ကြွင်းသူများကိုစောင့်ရှောက်မည့်ကတိတော် (၁၁:၁၄၂၁)

၁၁:၁၄−၁၅ ဘုရားရှင်က ယေဇကျေလအား ယေရုရှလင်မြို့၌ မှီတင်းနေထိုင်သူများ အကြောင်းကို ​ပြောပြသည်။ သူတို့သည် ယုဒပြည်နှင့် ယေရုရှလင်မြို့မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသူတို့ကို ဘုရားသခင်ထံမှ ဝေးရာသို့ ထွက်သွားကြလော.။ ဤယုဒပြည်နှင့် ယေရုရှလင်ကို ကြွင်းကျန်သူတို့သာ ပိုင်ဆိုင်သည်ဟု ပြောကြသည်။

၁၁:၁၆−၂၁ ဖမ်းဆီးခေါ်ဆောင်ခံရသူများအပေါ် စိုးစဉ်းမျှသာ ကျေးဇူးကရုဏာကိုပြဦးမည်ဟု ကတိပြုသည်။ အရပ်ရပ်သို့ ပြန်ကြဲသော သူတို့အား ပြန်လည်စုဝေးစေ၍ ဣသရေလပြည်ကို ပြန်လည်၍ ထူထောင်စေဦးမည်။ ရုပ်တုဆင်းတုကိုးကွယ်ခြင်းလုံးဝ ကင်းရှင်းကာ သန့်ရှင်းစင်ကြယ်စေမည်။ နာခံတတ်သောနှလုံးသားအသစ်ကို ထည့်ပေးမည်။ K.M.Yatesက ဤသို့မှတ်ချက်ပြုထားသည်။

ယေဇကျေလသည် တက်ကြွသောဝိညာဉ်ရေးရာ၌ ယေရမိနောက်လိုက်ဖြစ်သည်။ ၎င်းမှာဘုရားရှင်နှစ်သက်သော နှလုံးသားနည်းလမ်း ဖြစ်သည်။ စိတ်နှလုံးကို ပြုပြင်၍မရပါ။ အသစ်ဖြင့်အစားထိုးရသည်။ အသွင်သဏ္ဍာန်ဟောင်းကို အတိတ်တွင်ချွတ်ခွါ ထားရစ်ခဲ့ရမည်။ ဝိညာဉ်ပိုင်းတွင် ယာဝေဘုရားနှင့်ပိုမိုထိတွေ့လာမည်။ ထိုသို့အားဖြင့် စဉ်းစားတွေးခေါ်ခြင်း၊ ဝတ်ပြုခြင်း၊ ကျင့်ကြံပြုမူခြင်းတို့၌ ပုံသဏ္ဍာန်ပြောင်းလဲခြင်း ခံရလာမည်။ စိတ်နှလုံး(ဝိညာဉ်) သစ်ဆိုသည်မှာ ဘုရားသခင်ထံမှ အထူးလက်ဆောင်မွန် ဖြစ်ပါသည်(၁၈:၃၁၊၃၆:၂၆ တို့နှင့် ယှဉ်ဖတ်ပါ)၁၂

မကျင်လည်ခဲ့ဘူးသော သူစိမ်းမြေသို့ ဖမ်းဆီးခေါ်ဆောင်ခံရသူများ၏ မျှော်လင့်ချက်မှာ ဘုရားသခင်၏ ကတိတော်အပေါ်မှာ အခြေပြုသည်။ ညီညွတ်သောစိတ်နှလုံး(အသားနှလုံး)နှင့် အသစ်သော သဘော(ဝိညာဉ်)ကို ထည့်ပေးမည်။ ၎င်းသည်ခြွင်းချက်မရှိပါ။ ပဋိညာဉ်သစ်ကာလတွင် ဤကတိတော်ကို ဖြည့်ဆည်းပေးနေဆဲ ဖြစ်ပါသည်။

အိုယေရှုရှင်၊ သခင့်မျက်နှာတော်သာဖူးပါရစေ ငါ့သခင်၊ငါ့ဘဝ၊ ငါ့မျှော်လင့်ချက်၊ ငါ၏ခပ်သိမ်း ရှောင်တိမ်းပြေးလွှားစရာ ဘယ်မှာရှာမတွေ့၊ မျက်မှောက်တော်သာ ဘေးကင်းပုန်းခိုရာ။

Samuel Medley.

() ဘုန်းတော်တိမ်တိုက်သည် သံလွင်တောင်ပေါ်သို့ ရွှေ့ပြောင်းခြင်း(၁၁:၂၂၂၅)

ဤအခန်း၏ အဆုံးပိုင်တွင် ဘုရားသခင်၏ ဘုန်းတော်တိမ်တိုက်သည် ယေရုရှလင်အရှေ့ဘက်သံလွင်တောင်သို့ ရွေ့လျားသွားကြောင်း မြင်ရသည်။ ထိုအကြောင်းကို George William က ဤသို့ မှတ်ချက်ချသည်။

အလိုတော်မရှိဘဲ အနားယူသည်။ ထိုပလ္လင်တော်သည် အသန့်ရှင်းဆုံးသော ဌာန ဖြစ်သည်(:) အိမ်တော်တံခါးခုံသို့ ရွေ့သွားသည်(:) တံခါးခုံအထက်သို့ တက်သည်(၁၀:) အရှေ့ဘက်တံခါးဝသို့ ရွေ့လျားသည်(၁၀:၁၉) နောက်ဆုံး၌ မြို့တော်အရှေ့ဘက်ရှိတောင် (သံလွင်တောင်) ပေါ်ရွေ့သားသည်(၁၁:၂၃) ဘုရားသခင်သည်သရေလလူနှင့် ဗိမာန်တော်ကိုချစ်သောကြောင့် တဝဲလည်လည် မခွါချင့် ခွါချင်နှင့် ခွဲခွါခဲ့သည်။ (မပြည့်စုံလာသေးသော) အနာဂတ်ကာလ(၄၃:) တိုင်အောင် ပြန်လာဦးမည်မဟုတ်ပေ။၁၃

Previous Article
Next Article